စစ်တွေ ရွှေပြည်သာနှင့် ကျေးတောက ရွာသားများကို စစ်ကောင်စီ နှင်ထုတ်နေ
နိုင်ငံရေး သတင်း
0 min read
71

စစ်တွေ ရွှေပြည်သာနှင့် ကျေးတောက ရွာသားများကို စစ်ကောင်စီ နှင်ထုတ်နေ

September 16, 2024
0

ရခိုင်ပြည် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက် (ရွာမနှင့် ပိုက်ဆိပ်) က ဒေသခံပြည်သူများအားလုံးကို နှစ်ရက်အတွင်း ရွှေ့ပြောင်းကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှင်ထုတ်နေသည်။ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများအားလုံး စက်တင်ဘာလ ၁၄ ရက်နေ့ကစ၍ စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းနေထိုင်ကြရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်ဝင်တစ်အိမ်ထွက် နှင်ထုတ်နေကြောင်း နှင်ထုတ်ခံရသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ “၁၄ ရက်နေ့က ခေါ်ပြီး ပြောတယ်။ အိမ်တွေကိုလည်း လိုက်လံပြောတယ်။ ဒီမှာနေလို့မရဘူးတဲ့။ ၂ ရက်အချိန်ပေးမယ်လို့ ပြောတယ်။ ၂ ရက်အတွင်း အပြီးထွက်ကြရမယ်။ အိမ်တွေရော ဖြိုချပြီးယူချင်ရင် ယူသွားကြလို့လည်း ပြောတယ်။ အဲ့ဒါကြောင့်ပဲ ထွက်လာကြရတာ” ဟုပြောသည်။ ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူများမှာ

Continue Reading
စစ်တွေမှာ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ
စစ်ရေး သတင်း
1 min read
33

စစ်တွေမှာ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ

September 6, 2024
0

ရခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်က စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း မြို့ခံများက ပြောသည်။ လက်နက်ကြီးပစ်ခတ်မှုမှာ မွန်းလွဲပိုင်း ၁၀ နာရီ ၄၀ ခန့်ကစ၍ ပစ်ခတ်နေပြီး နေ့လယ် ၁ နာရီခန့်အချိန်တွင် ရပ်တန့်သွားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “စစ်တွေမြို့ပတ်လည်မှာရှိနေတဲ့ ရေတပ်၊ တပ်ရင်းတွေ၊ ရဲစခန်းတွေ၊ ပွိုင့် စတဲ့ နေရာပတ်ပတ်လည်ကနေ ပစ်တာပါ။ အမြောက်၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ကြတယ်။ ပစ်တာက တော်တော်ကို ကြောက်စရာကောင်းတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများမှာ စုစုပေါင်း အလုံးရေ ၂၀ ကျော်ဖြစ်ပြီး ပေါက်တောမြို့နယ်ဘက်သို့ ကျရောက်မှုရှိခဲ့ကြောင်း ပေါက်တော

Continue Reading
စစ်တွေမြို့ထဲ ညအချိန် စစ်ကောင်စီတပ်သားများ စစ်ကားယာဉ်တန်းနှင့်အတူ ခြေလျှင်တပ်သား ရာနှင့်ချီ လမ်းလျှောက်ကမ်းလှည့်လာ
စစ်ရေး သတင်း
1 min read
67

စစ်တွေမြို့ထဲ ညအချိန် စစ်ကောင်စီတပ်သားများ စစ်ကားယာဉ်တန်းနှင့်အတူ ခြေလျှင်တပ်သား ရာနှင့်ချီ လမ်းလျှောက်ကမ်းလှည့်လာ

August 31, 2024
0

ဩဂုတ်လ ၂၈ ရက်နေ့ညက စစ်တွေမြို့အနီး စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့ ညအချိန်တွင် စစ်ကား ၁၀ စီးနှင့်အတူ ခြေလျှင်တပ်သား ၁၀၀ ကျော် လမ်းလျှောက်ကမ်းလှည့်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယခင်က ရဲကား နှစ်စီး၊ စစ်ကောင်စီ ၄ စီးခန့်ဖြင့် စစ်တွေမြို့ထဲတွင် ညအချိန် ပုံမှန်လိုလို ကမ်းလှည့်ခဲ့သော်လည်း မြို့အနီးတိုက်ပွဲများကြောင့် အင်အားတိုးချဲ့ကာ ယမန်နေ့ကစ၍ ကမ်းလှည့်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” အရင်က ပုံမှန်ပေါ့နော်။ ရဲကား နှစ်စီးလောက်၊ စစ်ကား ၄ စီးလောက်နဲ့ ကမ်းလှည့်ခဲ့တာ။ အခုက စစ်ကား

Continue Reading
စစ်တွေမြို့အနီး လက်နက်ကြီးသံများကြားနေရ
စစ်ရေး သတင်း
1 min read
127

စစ်တွေမြို့အနီး လက်နက်ကြီးသံများကြားနေရ

August 29, 2024
0

(သတင်းတို) ရခိုင်ပြည် စစ်တွေမြို့အနီး ဝါဘိုကျေးရွာနှင့် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကစပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေပြီး စစ်ကောင်စီ နေဗီများက လက်နက်ကြီး အများအပြား ပစ်ခတ်နေသည်ဟု အသက် ၄၀ အရွယ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ” မနေ့ည ၈ နာရီကတည်းက ဖြစ်နေကြတာပါ။ နံနက် ၃ နာရီလောက်မှာ ရပ်သွားကြတယ်။ အခု ဒီနေ့ ညနေ ၄ နာရီစပြီး ပြန်ပစ်ခတ်နေကြတယ်။ ထိုးစစ်တွေကြောင့် ဖြစ်တာမဟုတ်ဘဲ နေဗီတွေက အရမ်းကပ်လာလို့

Continue Reading
ဗျိုင်းဖြူရွာသားတွေကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
89

ဗျိုင်းဖြူရွာသားတွေကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်

August 27, 2024
0

Continue Reading
ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်
နိုင်ငံရေး သတင်း
0 min read
63

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်

August 26, 2024
0

စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုမှုကို ခံထားရသည့် ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသားများမှာ စစ်တွေမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရာကနေ စစ်တွေအကျဉ်းထောင်ရုံးသို့ ပြောင်းထုတ်လိုက်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး၏ မိသားစုဝင်က “ဒီအပါတ်ရုံးချိန်းမှာ ရုံးထုတ်တာ တရားရုံးမှာ မဟုတ်တော့ဘူး။ ထောင်မှာပဲ ရုံးထုတ်တယ်။ ရုံးချိန်းလာတဲ့သူတွေက ထောင်ဝမှာပဲ နေကြရတယ်။ နောက်ထပ်ရုံးချိန်နေ့ကိုတော့ အထဲတစ်ယောက်က ထွက်လာပြီးပြောခဲ့တယ်” ဟုပြောသည်။ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုကာ ခံပြသက်သေများအား စစ်ဆေးနေကြောင်း သိရသည်။ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တိကျသေချာစွာ မသိရကြောင်း နောက်ထပ် မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျမတို့ ဘာမှမသိပါဘူး။ သက်သေ

Continue Reading
BREAKING NEWS – စစ်တွေ ဆတ်ရိုးကျက အရပ်သား ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
နိုင်ငံရေး သတင်း
0 min read
122

BREAKING NEWS – စစ်တွေ ဆတ်ရိုးကျက အရပ်သား ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

August 7, 2024
0

(စစ်တွေမြို့ခံ ” စတန (နိုင်) ” မဟုတ်သူများကို ရွေးဖမ်းနေ) ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ညက စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေး အကွက် (၂) မှ အမျိုးသမီးများ အပါအဝင် အရပ်သား ၆၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း စစ်တွေသတင်းရင်းမြစ်က ဆိုသည်။ ဖမ်းဆီးခံ အရပ်သားများကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် ငွေပေးသူများကို ပြန်လည်လွှတ်ပေးနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” မနေ့ည ၁၀ နာရီမှာ ဆတ်ရိုးကျ အကွက် ၂ ကို ဝင်စစ်တာ။ ၁ နာရီကျော်လောက်မှ ပြီးတယ်။

Continue Reading
စစ်တွေမြို့မှာ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်းနေ
ဗီဒီယိုသတင်း သတင်း
1 min read
197

စစ်တွေမြို့မှာ အရပ်သားတွေကို စစ်ကောင်စီက ဖမ်းချင်တိုင်းဖမ်းနေ

August 6, 2024
0

(တကျော့ပြန်တိုက်ပွဲကာလ ဖမ်းဆီးခံရသူ စစ်တွေမှာ အရပ်သား ၁,၀၀၀ ကျော်ရှိလာ)

Continue Reading
စစ်တွေမြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး
နိုင်ငံရေး သတင်း
1 min read
135

စစ်တွေမြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး

July 19, 2024
0

ရခိုင်ပြည် စစ်တွေမြို့တွင် လူငယ်များကို အဓိက ပစ်မှတ်ထားကာ နေ့ညမရွေး မတရားဖမ်းဆီးမှုများကို စစ်ကောင်စီက ဆက်လက် လုပ်နေသေးကြောင်း ပိတ်မိနေသည့် စစ်တွေဒေသခံများက ပြောသည်။ ၆၀ ရာခိုင်နှုန်းခန့်ရှိသော စစ်တွေမြို့က ဒေသခံပြည်သူများမှာ တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးထား၍ မြို့ကိုစွန့်ခွာ စစ်ရှောင်သွားကြပြီး ကျန်ရှိဒေသခံများထဲမှ လူငယ်အများအပြားကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်သည်။ စစ်တွေမြို့အတွင်း ဖမ်းဆီးခံ သက်ကြီးရွယ်အချို့နှင့် အမျိုးသမီး အချို့ အပါအဝင် လူငယ်အရေအတွက်မှာ ထောင်ဂဏန်းကို ကပ်သွားပြီဟု Western News ၏ မှတ်တမ်းမှတ်ရာ စာရင်းအရ သိရသည်။

Continue Reading
စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ
ရိုးရာဓလေ့
1 min read
422

စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ

April 6, 2024
1

ရခိုင်ပြည် ကျောက်ဖြူနှင့် စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဟု ဒေသခံများကပြောသည်။ ကျောက်ဖြူတွင် သင်္ကြန်မဏ္ဍပ်ကို ပင်လယ်ကမ်းနားလမ်းဘက်တွင် ဆောက်လုပ်နေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေတာ ၃ ရက်လောက်ရှိပြီ။ ကမ်းနားလမ်းဘက်မှာ ဆောက်နေတာပါ။ လူလည်းမရှိဘဲ ဘယ်သူနဲ့များ သင်္ကြန်ကျမလဲမသိပါဘူး။ ကျောက်ဖြူကလူတွေက စစ်ဖြစ်မှာတွေကြောက်တာကြောင့် မြို့ကနေထွက်သွားကြတာ မြို့မှာလူတွေတောင် သိပ်မကျန်တော့ဘူး” ဟု ပြောသည်။ စစ်တွေမြို့တွင်လည်း မဏ္ဍပ်ကို ပြည်နယ်အစိုးရရုံးရှေ့တွင် ဆောက်လုပ်နေပြီး ပြီးစီးမှုမရှိသေးဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ” မဏ္ဍပ်ဆောက်နေကြတယ်။ ပြီးတော့မပြီးသေးဘူး။ ဒီနေ့လည်း ဆက်ဆောက်နေကြတာတွေ့တယ်။ ဘယ်ဖျော်ဖြေမှုတွေပါလဲတော့ သေချာလည်းမသိပါဘူး။ မဏ္ဍပ်ဆောက်နေကြတာပဲတွေ့တာ” ဟု ပြောသည်။ စစ်ကောင်စီက ရခိုင်တွင် ရိုးရာသင်္ကြန်ကျင်းပနိုင်ရန် ပြီးခဲ့သည့်

Continue Reading