အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်
သတင်း
1 min read
729

အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ကြောင်း AA အရေးပေါ်ထုတ်ပြန်

April 2, 2024
1

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသော ကားလမ်းများတွင် စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေ၍ အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားကြောင်း AA က အရေးပေါ်ထုတ်ပြန် အသိပေးသည်။  အမ်းနှင့် မကွေးတိုင်း ဆက်သွယ်ထားသော ကားလမ်းများတွင် အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ တပ်ပြောင်းရွှေ့ခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ်မိုင်းများ ထောင်နေ၍ ကားလမ်းမတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်သည်ဟု ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA ၏ နိုဗာ (၁) စစ်ဒေသက ထုတ်ပြန် သတိပေးလိုက်ခြင်းဖြစ်သည်။  တိုက်ပွဲများဖြစ်ပွားပါက ပြည်သူများထိခိုက်သွားမည်ကို စိုးရိမ်၍ AA

Continue Reading