ရခိုင်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူများ ဝင်ရောက်နိုင်ရေး AA က ကူညီပေးရမည်ဟု SAC-M တောင်းဆို
စစ်ရေး သတင်း
1 min read
81

ရခိုင်မြောက်ပိုင်းကို စုံစမ်းစစ်ဆေးသူများ ဝင်ရောက်နိုင်ရေး AA က ကူညီပေးရမည်ဟု SAC-M တောင်းဆို

August 23, 2024
0

ရခိုင်ပြည် မြောက်ပိုင်းအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဩဂုတ်လ ၁၉ ရက်တွင် အဓိက အချက် ၄ ချက်ပါသော ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ကာ အာရက္ခတပ်တော် AA အား တောင်းဆိုထားသည်။

Continue Reading
ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို
စီးပွားရေး သတင်း
1 min read
165

ဂွမြို့အနီးက မြန်မာ့အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်းဟုဆို

August 22, 2024
0

ရခိုင်ပြည် ဂွမြို့အနီးက မြန်မာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော မြေဧက ၃၁၀ ကျော် ကျယ်ဝန်းသည့် ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားပြီဟု ဒေသခံများက ပြောသည်။ တိုက်ပွဲမှာ ဂွမြို့အနီးသို့ ကပ်လာနေ၍ လုပ်ငန်းဆောင်ရွက်မှု အားလုံးရပ်တန့်သွားပြီး အလုပ်သမားများလည်း တစ်ယောက်မှ မရှိတော့ကြောင်း လုပ်ငန်းခွင့်အတွင်းမှ စစ်ရှောင်လာသူတစ်ဦးက ဆိုသည်။ ” စက်ပစ္စည်းတွေကတော့ ရှိနေသေးတယ်။ အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေက မရှိတော့ဘူး။ မိုးရာသီကာလဆိုတော့ အပြင်ပိုင်းသိပ်မလုပ်ဖြစ်ဘူး။ အတွင်းပိုင်းတွေ အဓိက ဦးစားပေးလုပ်နေကြတာ။ ကျနော်က ရွှေရတီဟိုတယ် တည်ဆောက်မှုလုပ်ငန်းခွင်ထဲပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ကနေ မရှိတော့တာ။ ဂွမှာလည်း တစ်ယောက်မှမရှိတော့ဘူးလေ။ တိုက်ပွဲကလည်း အရမ်းကပ်လာတော့ အားလုံး စစ်ရှောင်ကြတာပေါ့။ ” ဟု

Continue Reading
ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ
စစ်ရေး သတင်း
1 min read
92

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ

August 21, 2024
0

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်ဝင်ရောက်စီးနင်းမှုကို ခံခဲ့ရသည့် ဗျိုင်းဖြူကျေးရွာတွင် အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဖြစ်စဉ်သိသူ ဗျိုင်းဖြူရွာသားများက ပြောသည်။ အဓမ္မပြုကျင့်မှုဖြစ်စဉ်များမှာ စစ်ကောင်စီတပ် ကျေးရွာအတွင်း စတင်ဝင်ရောက်ခဲ့သည့် မေလ ၂၉ ရက်နေ့ကပင်ဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်များမှာ အသက် ၁၀ ကျော်အရွယ် နှစ်ဦးနှင့် အသက် ၂၀ ကျော်တစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။ အဓမ္မပြုကျင့်ခံရသူထဲ စိတ်ရောဂါဝေဒနာ ခံစားနေရသူ အမျိုးသမီးငယ်တစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဥ်အား မိသားစုနှင့်နီးစပ်သူ ဗျိုင်းဖြူရွာဒေသခံ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။ “ရွာကို စစ်သားတွေ ဝင်လာတဲ့နေ့က ထွက်ပြေးကြတယ်လေ အဲ့မှာ အဲ့ဒီကောင်မလေးက သူ့အဖိုးနဲ့အတူ ကျန်ခဲ့တယ်။ အဖိုးက နေမကောင်းလို့

Continue Reading
ဗျိုင်းဖြူရွာဖြစ်စဉ်မှာ အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ
စစ်ရေး နိုင်ငံရေး ဗီဒီယိုသတင်း သတင်း
1 min read
161

ဗျိုင်းဖြူရွာဖြစ်စဉ်မှာ အမျိုးသမီးငယ် ၃ ဦးထက်မနည်း အဓမ္မပြုကျင့်ခံခဲ့ရ

August 20, 2024
0

Continue Reading
စစ်တွေ ဗျိုင်းဖြူရွာသားများကို တရားရုံးက စတင်စစ်ဆေး၊ စွပ်စွဲခံရသူတစ်ဦးလျှင် ခံပြသက်သေ ၂ ဦး တင်ပြရန် တရားရုံးက တောင်းဆို
စစ်ရေး သတင်း
1 min read
66

စစ်တွေ ဗျိုင်းဖြူရွာသားများကို တရားရုံးက စတင်စစ်ဆေး၊ စွပ်စွဲခံရသူတစ်ဦးလျှင် ခံပြသက်သေ ၂ ဦး တင်ပြရန် တရားရုံးက တောင်းဆို

August 17, 2024
0

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားများကို တရားရုံးက စတင်စစ်ဆေးနေပြီး စွပ်စွဲခံရသူတစ်ဦးလျှင် ခံပြသက်သေ ၂ ဦး တင်ပြရမည်ဟု စစ်တွေမြို့နယ်တရားရုံးက တောင်းဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဗျိုင်းဖြူကျေးရွာက အမျိုးသား၊ အမျိုးသမီးအပါအဝင် အရပ်သား ၂၀၀ ကျော်ကို AA နှင့်ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ပြီး ယင်းအထဲက လူ ၁၀၀ ခန့်ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ကျန် အရပ်သား ၁၀၀ ကျော်ထဲက ၆၀ ဦးနှင့်အထက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်တွေမြို့နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့ဖြင့် ဇွန်လ ပထမအပတ်တွင် တရားစွဲဆိုခဲ့သည်။ ရုံးချိန်း ၄ ကြိမ်အထိ

Continue Reading
စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား
စစ်ရေး သတင်း
1 min read
27

စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

August 14, 2024
1

ရခိုင်ပြည် စစ်တွေမြို့နယ်မှာ မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားပြီး မိသားစုဝင်များဖြင့် အဆက်အသွယ်လုပ်ခွင့် ခွင့်မပြုပေးဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ မွတ်ဆလင် ၂၄ ဦးမှာ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက်အတွင်း ဖမ်းဆီးခံရပြီး ကုန်တန်း၊ အောင်မင်္ဂလာ ရပ်ကွက် အသက် ၂၇ နှစ်အောက် လူငယ်များဖြစ်ကြောင်း စုံစမ်းသိရသည်။ ကုန်တန်းရပ်ကွက် အကွက် (၅) မှ မွတ်ဆလင် ၄ ဦး၊ အောင်မင်္ဂလာရပ်ကွက် အကွက် (၁၀) မှ မွတ်ဆလင် ၇ ဦး၊ စစ်တွေမြို့ထဲရှိ ဘူးသီးတောင် စစ်ဘေးရှောင် မွတ်ဆလင် ၁၃ ဦး

Continue Reading
ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
49

ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ

August 12, 2024
0

(အင်တာဗျူး) ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့သည့် ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲမှာ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြင်းထန်နေကြသည်။ ကျိန္တလီမြို့ နယ်မြေရဲစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ စစ်ကောင်စီသည် လေကြောင်းက ဗုံးကြဲခုခံတိုက်ခိုက်နေပြီး ယနေ့တွင် အကြိမ်ရေ ပြင်းပြင်းထန်ထန် ခုခံခဲ့ကြောင်း သိရသည်။ မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့ခံ အများစုမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အနည်းစု ကျန်ရှိနေသေးသည်။ ကျိန္တလီမြို့၏ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့

Continue Reading
အိန္ဒိယ လောင်တလိုင်ရောက် ချင်းစစ်ဘေးရှောင်များ AA ကို ဆန္ဒပြနေ
နိုင်ငံရေး သတင်း
1 min read
197

အိန္ဒိယ လောင်တလိုင်ရောက် ချင်းစစ်ဘေးရှောင်များ AA ကို ဆန္ဒပြနေ

August 12, 2024
0

(ဓါတ်ပုံသတင်း) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာ ရောက်ရှိနေသော ချင်းစစ်ဘေးရှောင်များ ဦးဆောင်၍ အာရက္ခတပ်တော် AA ချင်းပြည်က ထွက်ခွာပေးရန် ယနေ့ လမ်းလျှောက်ဆန္ဒပြနေကြကြောင်း သိရသည်။ လောင်တလိုင်ရှိ ချင်းစစ်ဘေးရှောင်များမှာ ချင်းလန်းကောင်စီ (ချင်းပြည်အစိုး) အဖွဲ့ကိုသာ ထောက်ခံပြီး ချင်းပြည်အတွင်း စစ်ရေးအကူအညီပေးနေသော အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် ချင်းပြည်ထဲက ထွက်ခွာပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။ သို့သော်လည်း လောင်တလိုင်မြို့ရှိ စစ်ဘေးရှောင်များထဲမှ မတူပီ၊ ထန်တလန်၊ ဟားခါး ဒေသက စစ်ရှောင်များသာပါဝင်ပြီး အခြားသော မြို့နယ်များက စစ်ရှောင်များပါဝင်ခြင်းမရှိကြောင်း သိရသည်။

Continue Reading
မြောက်ဦးဟိုတယ်ရှေ့ ဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
စစ်ရေး သတင်း
0 min read
152

မြောက်ဦးဟိုတယ်ရှေ့ ဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး

August 12, 2024
0

ရခိုင်ပြည် မြောက်ဦးမြို့ထဲ မြောက်ဦးဟိုတယ်ရှေ့ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲကျော်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့ကြောင်း မြို့ခံများက ပြောသည်။ စစ်ကောင်စီ ဗုံးကြောင့် ခရီးသွားလာနေသော တုတ်တုတ်ပေါ်ကျရောက်၍ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၄ ဦးထက်မနည်း သေဆုံးသွားကြောင်း မြို့ခံများထံမှ ကနဦး သတင်းရရှိသည်။ ” နေ့လယ် ၁၂ နာရီခွဲကျော်လောက်ကပါ။ ဗုံးလာကြဲတာ။ မြောက်ဦးဟိုတယ်ရှေ့နဲ့ နဝရတ်ဟိုတယ်ရှေ့ကို ကျပါတယ်။ လမ်းမှာ ခရီးသည်နဲ့ သွားနေတဲ့ တုတ်တုတ်ပေါ်ကို ထိတယ်လို့ ပြောတယ်။ ၄ ဦးလား၊ ၅ ဦးလား မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ တော်တော်လေး

Continue Reading
စစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ
စစ်ရေး နိုင်ငံရေး သတင်း
0 min read
75

စစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ

August 12, 2024
0

ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့သူ မိသားစုဝင်များ ဂိတ်စောင့်များအား ငွေပေးနေရကြောင်း ထောင်ဝင်စာတွေ့သူများက ပြောဆိုကြသည်။ အကျဉ်းကျနေသော မိသားစုဝင်ကို အစေားအသောက်များ ပေးလိုပါက ဂိတ်စောင့်အား ပိုက်ဆံပေးပြီးမှ လက်ခံကြကြောင်း ထောင်ဝင်စာသွားတွေ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။ “ကိုယ့်မိသားစုဝင်ကို ဆေးနဲ့ လိုတာလေးတွေ ပေးချင်ရင် အရင်လို ဒီအတိုင်း ပေးထားခဲ့လို့ မရတော့ဘူး။ ပေးမယ့် ပစ္စည်းတွေကို ဂိတ်မှာ ပိုက်ဆံပေးပြီးထားခဲ့ရတယ်။ သူတို့က ပိုက်ဆံမပေးရင်လက်မခံဘူး။ မပို့ပေးဘူး” ဟု ပြောသည်။ ထောင်ဂိတ်စောင့်အား ပေးရသည့် ငွေကြေးမှာ ကျပ် ၅ ထောင်ကနေ ၁ သောင်းအထိဖြစ်ပြီး ထောင်ဝင်စာတွေ့သူတိုင်း၊ အကြိမ်တိုင်း ပေးနေကြရသည်ဟု သိရသည်။ ထောင်ဝင်စာ လာတွေ့သူများကို

Continue Reading