လားရှိုးမှာ မြို့ပြယာဉ်ထိန်းသိမ်းရေး အရေးကြီးလာဟု MNDAA ပြော
သတင်း
1 min read
18

လားရှိုးမှာ မြို့ပြယာဉ်ထိန်းသိမ်းရေး အရေးကြီးလာဟု MNDAA ပြော

September 12, 2024
0

ရှမ်းမြောက်ဒေသ လားရှိုးမြို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု တိုးလာနေ၍ မြို့ပြယာဉ်ထိန်းသိမ်းရေးမှာ အရေးကြီးသော အလုပ်ဖြစ်လာဟု ကိုးကန့်တပ် MNDAA ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ပြောသည်။ “လားရှိုးမြို့ဒေသခံပြည်သူများ နေရပ်ပြန်ကြသဖြင့် လူနှင့်ယာဉ်စီးရေများ တိုးပွားလာကာ မြို့ပြယာဉ်ထိန်း သိမ်းရေးသည် အရေးကြီးသော အလုပ်ဖြစ်လာသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ယာဉ်ထိန်းရဲအဖွဲ့ လားရှိုးမြို့သို့ ဝင်ရောက်လာချိန်မှစ၍ ယာဉ်မတော်တဆမှု ၁၀ မှုကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းသိရသည်။ ၎င်းတို့တွင် အများစုမှာ အရှိန်လွန်ခြင်း၊ ယာဉ်များ တခြားယာဉ်ကြော လမ်းနေရာယူမောင်းခြင်းနှင့် ယာဉ်မောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ယာဉ်ထိန်းရဲအဖွဲ့သည်

Continue Reading
လားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့
စစ်ရေး သတင်း
1 min read
112

လားရှိုး ရမခ အား သိမ်းနိုင်ခြင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့

August 5, 2024
0

ပျက်ပြယ်သွားခြင်းမရှိသည့် ၁၀၂၇ စစ်ရေးဆင်ရေး၏ အောင်မြင်မှုများနှင့် လားရှိုးမြို့ထဲက စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ခဲ့သည့် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA နှင့် မဟာမိတ်တပ်များအား KNU အပါအဝင် တော်လှန်ရေး ၈ ဖွဲ့က ဂုဏ်ပြုလွှာပေးပို့ထားကြသည်။ MNDAA ဦးဆောင်သော မဟာမိတ်တပ်များသည် လားရှိုးမြို့ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ ၃ ရက်တွင် စစ်ကောင်စီ၏ လားရှိုး ရမခ တစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိသည့်အနက် တစ်ခုဖြစ်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA, TNLA, AA, နှင့်

Continue Reading
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ
စစ်ရေး သတင်း
1 min read
137

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ

August 5, 2024
0

လက်နက်ချ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ရှိလာနေ ရှမ်းပြည်၊ မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုလိုက်သည်။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရရှိဘဲ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း

Continue Reading
လားရှိုး ရမခ ကို MNDAA အပြီးသတ် သိမ်းပိုက်လိုက်ပြီ
စစ်ရေး သတင်း
1 min read
75

လားရှိုး ရမခ ကို MNDAA အပြီးသတ် သိမ်းပိုက်လိုက်ပြီ

August 5, 2024
0

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။ MNDAA ရှေ့တန်းသတင်းရင်းမြစ်က “မနေ့က ကျနော်တို့ သိရတာက တချို့ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာတွေရှိတယ်။ တချို့လည်း ရမခထဲကနေ ပွင့်နေတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေးတာတွေလည်း ရှိနိုင်တယ်။ ရမခက အကျယ်ကြီးပဲ။ တကယ်က ရမခ ပတ်ပတ်လည်ကို မဟာမိတ်တပ်တွေအားလုံးက ၀ိုင်းရံပိတ်ဆို့ထားတာ။ ရမခ တကယ်ရပြီဆိုတာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းတင်ပါလိမ့်မယ်” ဟု ပြောသည်။ ထို့ပြင် လားရှိုး ရမခ

Continue Reading
အရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲမှု နိုင်ငံတကာက အရေးယူပေးရန် MNDAA တောင်းဆို
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
87

အရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲမှု နိုင်ငံတကာက အရေးယူပေးရန် MNDAA တောင်းဆို

August 5, 2024
0

ရှမ်းပြည် မြောက်ပိုင်းတွင် အရပ်သား ပြည်သူများကို လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် အရေးယူပေးရန် MNDAA က တောင်းဆိုလိုက်သည်။ ယင်းထုတ်ပြန်ချက်ကို ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း MNDAA က ပြောဆိုထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှ စ၍ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ နောင်ချို တိုက်ပွဲများတွင် အထိနာပြီး တိုက်ပွဲများတောက်လျှောက် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စစ်ကောင်စီသည် လောက်ကိုင်မြို့တော်နှင့် သိန္နီခရိုင် အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ

Continue Reading
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
264

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီ

August 5, 2024
0

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုသည်။ ရမခ ကျဆုံးသွားပြီကို စစ်ကောင်စီက ဝန်မခံရဲသေးပေ။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏

Continue Reading