သံတွဲလေဆိပ် သတင်းဓါတ်ပုံအတု ပျံ့နှံ့နေ
Fact Check စစ်ရေး သတင်း
1 min read
66

သံတွဲလေဆိပ် သတင်းဓါတ်ပုံအတု ပျံ့နှံ့နေ

June 26, 2024
0

(Fact Check News) ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက်ပိုင်းကစ၍ ငပလီမြို့ သံတွဲလေဆိပ်ရှေ့မှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များစုပြီး ဓါတ်ပုံရိုက်ထားသလိုမျိုးဖြင့် ပုံစံဖြင့် သတင်းဓါတ်ပုံအမှား နည်းပညာဖြင့် ပြုလုပ်ထားသည့်ပုံ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။ သံတွဲမြို့အနီးနှင့် ငပလီမြို့ပတ်ဝန်းကျင်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး ဇွန်လ ၂၄ ရက် နေ့လယ်က သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို အာရက္ခတပ်တော် AA က သိမ်းလိုက်ပြီဆိုသည့် သတင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာအားလုံးလိုလိုက သတင်းဖော်ပြခဲ့ကြသည်။ သတင်းတိုင်းတွင် သံတွဲနှင့် ငပလီမြို့ခံများဖြစ်သည်ဆိုသော ဒေသခံပြည်သူများ၏ ပြောပြချက်နှင့် AA နှင့်နီးစပ်သူများ ပြောပြချက်အရဟုဆိုကာ သံတွဲလေဆိပ်ကို

Continue Reading
စစ်ကောင်စီကို တိုက်မည်ဖြစ်၍ မောင်တောပြည်သူများ မြို့ကထွက်ခွာရန် AA သတိပေး
သတင်း
1 min read
201

စစ်ကောင်စီကို တိုက်မည်ဖြစ်၍ မောင်တောပြည်သူများ မြို့ကထွက်ခွာရန် AA သတိပေး

June 17, 2024
0

(မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူ တခြားတိုင်းရင်းသား မည်သူမျှ မြို့ထဲ၌ ရှိမနေသင့်ဟုဆို) ရခိုင်ပြည် မောင်တောမြို့ပေါ်နှင့် မြို့အနီးအနားက ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အတူပူးတွဲနေထိုင်ခြင်းကို ရှောင်ရှားရန် အာရက္ခတပ်တော် AA က သတိပေးလိုက်သည်။ မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ထားပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်ရန် လက်ကျန်စခန်းများအား ဝိုင်းရံပိတ်ဆို့ထားကြောင်း AA က ဆိုသည်။ ပိတ်ဆိုပြီး မကြာမီရက်ပိုင်းအတွင်း AA တပ် မြို့ထဲဝင်တော့မည်ဖြစ်၍ မောင်တောမြို့ထဲက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုပဲဖြစ်ဖြစ်၊ မွတ်ဆလင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ် တခြား တိုင်းရင်းသားပဲဖြစ်ဖြစ် မည်သူတစ်ဦးတစ်ယောက်မျှ စစ်ကောင်စီနှင့် အတူနေထိုင်းခြင်းမျိုးကို မပြုလုပ်ရန် AA က သတိပေးနေခြင်းဖြစ်သည်။ အကြောင်းမှာ စစ်ကောင်စီတပ်ရင်းများ၊ တပ်ဖွဲ့ဝင်များသည် မောင်တောမြို့ကို

Continue Reading
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး
နိုင်ငံရေး သတင်း
1 min read
162

သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး

June 16, 2024
0

(သံတွဲတိုက်ပွဲ စစ်ရှောင်အရေအတွက် တိုးလာနေ၊ ခန့်မှန်းခြေ ၂၅,၀၀၀ ခန့်ရှိ) ရခိုင်ပြည် သံတွဲမြို့နယ် ဂေါ့ကျေးရွာအနီး ဂေါ့တောင်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ရှိနေသေးကြောင်း စစ်ရေးအခြေအနေသိသူများထံမှ သိရသည်။ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။” ဂေါ့တောင်တိုက်ပွဲကတော့ ဆက်ရှိနေပါသေးတယ်။ မနေ့ကတောင် သံတွဲလေဆိပ်အနီးမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ ဟိုး အရင်ရက်တွေတုန်းကလောက် တိုက်ပွဲက သိပ်မပြင်းဘူး။ ဒီ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက တိုက်ပွဲကတော့ ဖြစ်ကြတာ မကြားမိဘူး။ ” ဟု ပြောသည်။ ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတစ်ဝိုက်နှင့်

Continue Reading
မောင်တောက မောရဝတီဗျူဟာ အပါအဝင် တပ်စခန်း ၁၀ ခုကို AA သိမ်းပိုက်
နိုင်ငံရေး သတင်း
1 min read
65

မောင်တောက မောရဝတီဗျူဟာ အပါအဝင် တပ်စခန်း ၁၀ ခုကို AA သိမ်းပိုက်

June 14, 2024
0

ပြီးခဲ့သည့် နှစ်လခန့်ကစ၍ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မောင်တောမြို့သိမ်းတိုက်ပွဲ ဇွန်လ နှစ်ပတ်အတွင်း မောရဝတီဗျူဟာကုန်းအပါအဝင် စစ်ကောင်စီအရေးပါသော တပ်စခန်း ၁၀ ခုကို AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ဇွန်လ ဒုတိယအပတ်တွင်း မောရဝတီဗျူဟာ၊ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား၍ AA က သိမ်းပိုက်နိုင်ခဲ့သည်။ ဇွန်လ ပထမအတွင်းမှာ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့ကို AA

Continue Reading