Western News

ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသခံအဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) သတင်းထုတ်ပြန်သည်။ ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်နေ့က ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNFနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူခဲ့ကြပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြခဲ့သည်။ ထို့အပြင် တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့် […]

September 22, 2024

ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

ရခိုင်ပြည် စစ်တွေမြို့ တရားသီးစု ရပ်ကွက်တွင် ရှိသည့် ရခိုင်အမျိုးသားပါတီ ANP ဗဟို ပါတီရုံးချုပ် ဖြိုချဖျက်ဆီး ခံရခြင်းသတင်းမှာ မဟုတ်မမှန်ကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင်များက ပြောဆိုသည်။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ANP ရုံးကို စစ်ကောင်စီတပ်မှ စစ်သား၊ ရဲအင်အားများဖြင့် လာရောက်ပြီး ဖြိုချ ဖျက်ဆီးသွားကြောင်း လူမှုကွန်ရက်စာက်မျက်နှာ အချို့မှာ ရေးသား ဖော်ပြကြသည်။ ရခိုင်အမျိုးသားပါတီ ANP ဗဟို အလုပ်မှုဆောင် တစ်ဦးက ” အဲ့ဒီသတင်းက မဟုတ်ဘူးဗျ။ သတင်းအမှားသာ ဖြစ်တယ်။ အဲ့ဒီပတ်ဝန်းကျင်မှာနေတဲ့ လူငယ်တွေက ရုံးမှာ နေကြတယ်။ ကျနော်တို့ အဲ့ဒီလူငယ်တွေက ရုံးမှာနေကြတာကို သိထားတာကြာပြီ၊ ပတ်ဝန်းကျင်ကလူငယ်တွေဆိုပြီး နားလည်ပေးထားကြတယ်။ အဲ့ဒီမှာ လူငယ်တွေက အပြင်ထွက်ကြတယ်။ […]

September 22, 2024

ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်

(အမိန့်စာအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုခြင်း မရှိသေးပေ) ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသော ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင် ယစ်မျိုးကုန်မှန်သမျှကို ရခိုင်ပြည်အတွင်း ရောင်းချခွင့်၊ တင်သွင်းခွင့် ပိတ်ပင်ကြောင်း ULA/AA ၏ နိုဗာ – ၁ စစ်ဒေသ နိုင်ငံရေးဌာနက ထုတ်ပြန်သည့်စာတစ်စောင် ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ပြည်မမြို့များက ထုတ်လုပ်သော အရက်၊ ဘီယာများနှင့် နိုင်ငံခြားမှ တင်သွင်းလာသော အရက်၊ ဘီယာများကို ရခိုင်ပြည်အတွင်း ရောင်းချခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက် အမိန့်က ဆိုသည်။ တင်သွင်းပြီးသော လက်ကျန်ရှိနေသည့် နိုင်ငံခြားထုတ်၊ ပြည်မထုတ် […]

September 21, 2024

မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံပွဲ ဂျပန်မှာ ပြုလုပ်

(ဓါတ်ပုံသတင်း) ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများ ထောက်ခံဆန္ဒဖော်ပွဲကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ လာမည့်နှစ်များတွင်လည်း ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂထဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် အဓိက တောင်းဆိုခဲ့ကြသည်။ ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ Shibuya Hachiko Exit အနီးမှာ ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ခဲ့သူတစ်ဦးက ” ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပနေပြီ။ အဲညီလာခံကနေတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ပြီးတော့ အတည်ပြုခန့်အပ်ပေးဖို့ မြန်မာပြည်သူတွေအနေနဲ့ ဝိုင်းဝန်းပြီး ထောက်ခံဆန္ဒဖော်ထုတ်တဲ့ပွဲပါ။ စစ်ကောင်စီက ဦးကျော်မိုးထွန်းနေရာမှာ အစားထိုးခန့်အပ်ဖို့ ကြိုးစားနေတယ်ပေါ့နော်။ ကုလသမဂ္ဂဆိုတာ သံတမန်တွေအတွက် […]

September 21, 2024

နောင်ချိုမြို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

(ယနေ့လည်း ဗုံးလာကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ) (သတင်းတို) ရှမ်းမြောက်ဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများမှာ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း အများအပြားရှိနေကြသည်။ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင်လည်း စစ်ကောင်စီက Y-12 တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲတိုက်ခိုက်၍ အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း တအောင်းတပ် TNLA က ထုတ်ပြန်ထားသည်။ နောက်ချိုမြို့အတွင်းအထိ စစ်ကောင်စီက ဗုံးလာကြဲခြင်းဖြစ်ပြီး ညဈေးတန်း၊ မြို့မဈေးတန်းနှင့် ရပ်ကွက် ၄ ခုထက်မနည်းမှာ ဗုံးအများအပြား ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီ ဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိသူအပြင် ဈေးဆိုင်ခန်းများ၊ နေအိမ်များ ပျက်စီးသွားကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူကို ဆေးကုသပေးနေကြောင်း TNLA က ဆိုသည်။ […]

September 21, 2024

ဘင်္ဂလားဒေ့ရှ် ဆူပူမှု ၄ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသမှာ မြေပြန့်မှ အခြေချလားသော ဘင်္ဂလီများနှင့် တောင်တန်းဒေသက ဌာနေတိုင်းရင်းသားများကြား ဆူပူအုံကြွမှုတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၂ ဦးအထိ ရှိလာကြောင်း The Daily Star က ဖော်ပြသည်။ ခါကာဆိုရီခရိုင်ထဲက ဓီဂီနလ (Dighinala) မြို့တွင် စက်တင်ဘာလ ၁၉ ရက် ကြာသပတေး မွန်းလွဲက ဘင်္ဂလီများနှင့် ဌာနေတိုင်းရင်းသားတို့ကြား ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြသည်။ ဓီဂီနလမြို့ရှိ ဌာနေတိုင်းရင်းသား သက္ကမလူမျိုးများ ပိုင်ဆိုင်သော ဆိုင်ခန်း ၁၀၀ ကျော်ကို ရာနှင့်ချီ အုပ်စုလိုက်ဝင်လာသော ဘင်္ဂလီအုပ်စုများက မီးရှို့ဖျက်ဆီးခြင်းကနေ ဆူပူအုံကြွမှု စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြမ်းဖက်မှုအား မကျေနပ်၍ ဌာနေတိုင်းရင်းသား သက္ကမ လူမျိုးများက ခါကာဆိုရီခရိုင်၊ ရန်ဂါမတီခရိုင်နှင့် မြို့တော် […]

September 21, 2024

ပေါက်တောက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြကြောင်း ဒုက္ခသည်များက ပြောသည်။  ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အနောက်ရဲဒုက္ခသည်စခန်းမှာ ကလေးငယ်များ သေဆုံးမှုရှိနေပြီး အရေးပေါ်ကုသရန် လိုအပ်နေသည်ဟု အမည်မဖော်လိုသည့် စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။  ” စားနပ်ရိက္ခာပြတ်လပ်နေတာ ၅ လလောက်ရှိပါပြီ။ ကြုံရာရှာစားနေရပါတယ်။ ကလေးတွေက အစာအဟာရ ပြတ်တော့ ဗိုက်ဆာတဲ့အချိန် သန့်ရှင်းလား မသန့်ရှင်းလား မသိ တွေ့တဲ့ဟာ ကောက်စားတာပဲ။ စခန်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူ ကလေး ၂၀ ကျော်နဲ့ လူကြီး ၁၀ ကျော်ရှိပါတယ်။ ပြီးခဲ့ရက်ပိုင်းအတွင်းက ကလေး ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ရပါတယ်။ ဆေးကုဖို့ ဆေးဝါးကမရှိ၊ ဆေးဝယ်ဖို့ ပိုက်ဆံလည်းမရှိဘူး။ နောက်ထပ် […]

September 21, 2024

တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ

(သတင်းတို) ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူများ စျေးဆိုင်များပိတ်ထားကာ စတင်ပြောင်းရွှေ့နေကြပြီဟု သိရသည်။ စက်တင်ဘာ လဆန်းပိုင်းမှစပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ရာမှ ယခုအခါ မြို့ပေါ်တွင်ပါ စစ်ရေးတင်းမာလာနေသည်။ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် ပြည်သူများထိခိုက်သေဆုံးမှုများ ရှိလာ၍ ဖားကန့်မြို့ပြည်သူများမှာ စတင်တိမ်းရှောင်မှုများ လုပ်လာကြပြီး စျေးဆိုင်များမှာလည်း ပိတ်ထားကြသည်။ ဒေသပြည်သူတစ်ဦးက “ဒီကနေ့မှာပဲ KIA/KPDF တွေ မြို့ကို ဝိုင်းပတ်ထားတယ်။ ဖားကန့်မြို့ကတော့ တပ်လှန့်လိုက်တဲ့ အနေအထား ရောက်သွားပါပြီ။ မြို့နေလူထုလည်း အမြန်ဆုံး မြို့ကိုခွာနေကြပါတယ်။ အတော်များများ ကျန်နေပါသေးတယ်။ ကျန်နေသူတွေလည်း စိုးရိမ်စိတ်တွေနဲ့ ကျန်နေကြ ထွက်ခွာသူတွေလည်း စိုးရိမ်စိတ်တွေနဲ့ဆိုတာ မျက်နှာမှာ အထင်းသားပေါ်နေကြရှာတယ်။ […]

September 20, 2024

စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ

(ဓါတ်ပုံသတင်း) မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယင်းစစ်သင်္ဘောများကို ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ “ဗန်းမော် မြလယ်ဘက်မှာ စစ်သင်္ဘော ၄ စီးရတယ်။ ရွှေကူအထက် မြစ်ကျဉ်းမှာ ၂ စီးရတယ်။ ထီးချိုင့် မြတောင်မှာ ၂ စီးရတယ်။ စုစုပေါင်း ၈ စီးရတယ်။ ဖောက်ခွဲဖျက်ဆီးဖို့ပဲရှိပါတယ်” ဟု ဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော […]

September 20, 2024

သံတွဲကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂၆ လုံးလာကြဲ

(သေဆုံးသူများရှိပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း တွေ့ရှိ) ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းက တိုက်လေယာဉ်ဖြင့် သံတွဲမြို့နယ်ကို ဗုံး ၂၆ လုံးကို နှစ်ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီ ကြဲချခဲ့သော ဗုံး ၂၆ လုံးမှာ ကျောက်ကြီးချောင်းဖျားပိုင်းရှိ အရပ်သားများနေထိုင်ရာ ကျောက်ကြီး၊ ဆိုးပုံ၊ ပေါက်တူး၊ မြို့ကွင်း စသည်ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ရာ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သတင်းရင်းမြစ်က ဆိုသည်။ သတင်းရင်းမြစ်တစ်ဦးက ” ပေါက်တူးရွာက အသက် ၃၂ နှစ်အရွယ် ကိုအောင်ဆန်းဦးနဲ့ အသက် ၉၃ နှစ်အရွယ် ဒေါ်သိန်းကြွယ်တို့ သေဆုံးသွားပါတယ်။ နောက်ထပ် […]

September 20, 2024

နွမ်းပါး ထိုင်းလူမျိုးများသာ လမ်းဘေးဈေးရောင်းရမည်ဟု ဘန်ကောက်မြို့တော်ဝန်ပြော

ဘန်ကောက်မြို့တော် လမ်းဘေးများတွင် ဆင်းရဲနွမ်းပါးသော ထိုင်းလူမျိုးများသာ ဈေးရောင်းချခွင့်ပြုမည်ဟု ဘန်ကောက်မြို့တော်ဝန် ထုတ်ပြန်သည့်အကြောင်း ဘန်ကောက်ပို့စ်က ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် ဖော်ပြသည်။ စည်းမျဉ်းအသစ်များအရ ရွှေ့ပြောင်းအလုပ်သမားများ လမ်းဘေးဈေးရောင်းချ လုပ်ကိုင်ခွင့်ကို တားမြစ်ထားပြီး လူသွားလမ်းများပေါ်တွင် ကျူးကျော်ဝင်ရောက်ခြင်းကို ကန့်သတ်ထားသည်။ မြို့တော်စည်ပင်၏ စည်းမျဉ်းအသစ်အရ “ဆင်းရဲသော ထိုင်းလူမျိုးများ” ကို ဘန်ကောက်တွင် လမ်းဘေးဈေးသည်များအဖြစ် ခွင့်ပြုမည်ဖြစ်ပြီး အခြားလိုအပ်ချက်များစွာရှိသည့်အနက် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ခြင်းမှ တားမြစ်ခံရမည်ဖြစ်သည်။ ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt သည် စည်းမျဉ်းသစ်များကို ဖော်ပြသည့် သတိပေးချက်ကို လက်မှတ်ရေးထိုးပြီး တော်ဝင်ဂေဇက်မှ ထုတ်ပြန်သည့်အခါ အသက်ဝင်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး၏ ပြောရေးဆိုခွင့်ရှိသူ Aekvarunyoo Amrapala က ပြောသည်။ “စည်းမျဥ်းသစ်အရ လမ်းဘေးဈေးသည်များသည် ထိုင်းနိုင်ငံသား ဖြစ်ရမည်၊ ထိုင်းအစိုးရက […]

September 20, 2024

ရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ၊ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ

ရခိုင်မြောက်ပိုင်း အထူးသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အရေပြားရောဂါ ပိုပျံ့နှံ့လာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိ ရှိနေကြောင်း စာရင်းပြုစုထားသူများထံမှ သိရသည်။ ကူးစက်ခံရသူအများစုမှာ စစ်ရှောင်များဖြစ်ပြီး မိုးဦးကာလ ဇွန်လကတည်းက စတင်ဖြစ်ပွားရာကနေ ယခုအချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ပိုမိုပျံ့နှံ့လာခြင်း ဖြစ်ကြောင်း ပုဏ္ဏားကျွန်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” စဖြစ်တာက မိုးဦးကာလကတည်းက၊ ပြန်ကောင်းလာတာမရှိဘဲ ပိုကူးစက်လာတယ်။ ကျနော်တို့ လူ ၂၅၀၀ ကို စာရင်းကောက်ထားတဲ့အထဲ ၄၈၀ ကျော်လောက်က အရေပြားရောဂါကို ခံစားနေရတယ်။ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်း၊ တင်ပါး၊ ခြေသလုံး၊ လည်ပင်း စသဖြင့် တချို့ဆို ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊ အဖုတွေပေါက်တာ၊ ယားလို့ ကုတ်ရင်းနဲ့ အနာဖြစ်နေကြတာ အများကြီးပါပဲ။ […]

September 20, 2024

အပူပိုင်းမုန်တိုင်းကြောင့် ရခိုင် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးများအုံးမည်

တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ် Soulik ကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မြေနိမ့်ပိုင်း ရေလွှမ်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ညနေ တိုင်းတာချက်များအရ အပူပိုင်းမုန်တိုင်းငယ် Soulik သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေသည်။ ယင်းမှတစ်ဆင့် အနောက်ဘက်သို့ ဦးတည်ရွေ့လျားနေပြီး ယနေ့အစောပိုင်း လာအိုနိုင်ငံအလယ်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား၍ ယနေ့ညပိုင်း ထိုင်းနိုင်ငံအရှေ့ဘက်တွင် အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားကြသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်သည်ဟု ဆိုသည်။ သို့ဖြစ်ရာ မုန်တိုင်းနှင့်အတူ မုတ်သုံလေများ တိုက်ခတ်ခြင်းကြောင့် လာမည့် […]

September 20, 2024

ပြည်နယ်မှ ပြည်ထောင်စု ဖက်ဒရယ်စနစ်ကို တော်လှန်ရေး ၉ ဖွဲ့ အတိအလင်းကြေညာ

မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းများကြားတွင် ဖက်ဒရယ်နှင့် ပတ်သတ်၍ အမျိုးမျိုးသော ခံယူချက်များ ကွဲပြားနေကြသည့်အတွက် တော်လှန်ရေး ၉ ဖွဲ့က ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းမှုဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဟု စက်တင်ဘာလ ၁၉ ရက်တွင် ကြေညာသည်။ တော်လှန်ရေး ၉ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါ တီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) တို့ဖြစ်သည်။ အဆိုပါ တော်လှန်ရေးအဖွဲ့ ၉ ခုက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု […]

September 20, 2024

ရှမ်းတောင် လွိုင်လင်မှာ တောင်ကျရေကြောင့် နေအိမ် ၅၀ ကျော် ရေထဲမျောပါ၊ လူ ၂၀ ဦးသေဆုံး

(ရေဘေးသင့်ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ) ရှမ်းပြည်နယ် တောင်ပိုင်းဒေသ လွိုင်လင်မြို့နယ်မှာ မိုးသည်းထန်၍ တောင်ကျရေများကြောင့် ခေါင်းနွဲ့ကျေးရွာအုပ်စုက နေအိမ် ၅၀ ကျော် ရေထဲမျောပါသွားကာ ဒေသခံပြည်သူ ၂၀ ရေနစ်မြုပ်သေဆုံးသွားကြောင်း သိရသည်။ စက်တင်ဘာလ ၁၂ ရက်နေ့စပြီး မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ကျရေများကြောင့် ချောင်းရေမြင့်တက်ကာ ခေါင်းနွဲ့၊ အိမ်ခတ်၊ နောင်နိမ့်၊ နော်ပိန်၊ လပ်လှိုင်ကုံလွမ် စသည့်ကျေးရွာများက နေအိမ် ၅၀ ကျော် မျောပါသွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောဆိုကြသည်။ အိမ်ခတ်ကျေးရွာက နေအိမ် ၂၅ လုံး၊ စာသင်ကျောင်း ၃ ဆောင် ရေထဲမျောပါသွားကာ အမျိုးသမီး ၇ ဦးနှင့် အမျိုးသား ၆ ဦး စုစုပေါင်း ၁၃ ဦး ရေနစ်မြုပ်သေဆုံးကာ ၃၅ ဦးက […]

September 19, 2024

ရေဘေးသင့်ဒေသများအတွက် စစ်ခေါင်းဆောင်၏ ကတိကဝတ်

(မှတ်စုသတင်းတို) ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းနှင့် ဧရာဝတီက မြို့နယ် ၅၆ မြို့နယ်မှာ ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်နေရပြီး လယ်ယာလုပ်ငန်းပျက်စီးမှုနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ပြီး ၈၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ လက်ရှိ နေပြည်တော်က ရေဘေးသင့်ဒေသများကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်နေပြီး ရေဘေးသင့်ပြည်သူများကို ကတိကဝတ်များ ပေးနေသည်။ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာတွင် ဦးစားပေးအနေဖြင့် ရေကြီးမှုကြောင့် ပျက်စီးမှုနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည့် လမ်းကြောင်းများကို ရှင်းလင်းကာ ဒုတိယအနေဖြင့် ရေ၊ မီး များရရှိရေးကို […]

September 19, 2024

မတော မင်္ဂလာဆောင် ဗုံးကြဲခံရမှု ၁၉ ဦးသေဆုံးဟု Myanmar Witness ထုတ်ပြန်

(သတင်းတို) ဇွန်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာက မင်္ဂလာဆောင် ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၉ ဦးရှိခဲ့ကြောင်း Myanmar Witness က အစီရင်ခံစာသစ်တစ်စောင် ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။ မတောကျေးရွာက မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခဲ့သည်ဟု ဒေသခံများနှင့် ဒီမိုကရေစီအင်အားစုများက ပြောဆိုခဲ့ပြီး စစ်ကောင်စီက ငြင်းဆိုထားသော်လည်း Myanmar Witness က စစ်ကောင်စီက ကျူးလွန်ခြင်းဖြစ်သည်ဟု အတည်ပြုထားသည်။ ဗုံးကြဲခံရဖြစ်စဉ် ဖြစ်ဖြစ်ချင်းနှင့် ရက်ပိုင်းအတွင်းက သတင်းမီဒီယာများတွင် သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရရှိသူ ၆၀ ဦးအထိ ရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ကြသော်လည်း Myanmar Witness က ၁၉ ဦး […]

September 19, 2024

မန္တလေး PDF ၏ စစ်ဘေးအလှူ

(သတင်းတို) ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ခဲ့ရသော မိုးကုတ်မြို့နယ်ရှိ ကျေးရွာများအား ဆန်အိတ် ၅၀၀ နှင့် ငွေသား ကျပ်သိန်း ၁၅၀ မတည် လှူဒါန်းခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။ မိုးကုတ်မြို့နယ်ရှိ အထက်ညောင်ကုန်းကျေးရွာ၊ အောက်ညောင်ကုန်းကျေးရွာ၊ ဖြူရောင်ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် လွယ်မွန်းကျေးရွာတို့မှ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှင့် ငွေသား ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆိုသည်။ ဆန်အိတ်များကို အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများထံ လှူဒါန်းပေးခဲ့ကြောင်း မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) က ထုတ်ပြန်ထားသည်။

September 19, 2024

AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေက စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ ကူညီကယ်ရေးပြုလုပ်ခဲ့သူတစ်ဦးက ” ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ဗုံးလာကြဲတာ။ ပုဏ္ဏားကျွန်းမြို့အဝင် ရသေ့တောင်သွားလမ်း လမ်းဆုံမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ အဲနားမှာက ကယ်ရီဂိတ်လုပ်ထားတာလေ။ ခရီးသွားတွေနဲ့ လူတွေအများကြီးပဲရှိတယ်။ ” ဟု ပြောသည်။ အရပ်သား ၁ ဦးက နေရာ၌ သေဆုံးသွားပြီး ဒဏ်ရာ ၃ ဦးကို အရေးပေါ်ဆေးကုသရန် ပို့ဆောင်ထားပြီး […]

September 19, 2024

မြန်မာ့ရေဘေး နော်ဝေးနိုင်ငံက ဒေါ်လာ ၅ သိန်း ကူညီ

(သတင်းတို) မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများကြောင့် ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်နေကြောင်း ကုလအဖွဲ့ UNOCHA က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။ မြန်မာပြည်သူများ ရေဘေးကြောင့် နေအိမ်များ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် အသက်သေဆုံးမှုများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟု နော်ဝေးနိုင်ငံက ဆိုသည်။ မြန်မာ့ရေးဘေးမှာ ဒုက္ခရောက်သူ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၅ သိန်း ထောက်ပံ့ကူညီသွားမည်ဟု နော်ဝေးနိုင်ငံက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန် အသိပေးထားသည်။ ရေဘေးသင့်ပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပြီး ထိခိုက်ခံစားရသူများအားလုံးအတွက် စာနာဆုတောင်းပေးလျက်ရှိကြောင်း နော်ဝေးနိုင်ငံက ဆိုသည်။ နော်ဝေးနိုင်ငံသည် UNOPS ၏ ဘက်စုံရန်ပုံငွေ ယန္တရားအလှူရှင်များနှင့် ပူးပေါင်းကာ ရေဘေးသင့်ရပ်ရွာများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ကနဦးအနေဖြင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။ အဆိုပါ […]

September 19, 2024

MNDAA က NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းဟု ကြေညာ

(သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်ကိုင်စွဲမည်ဟုဆို) ကိုးကန့်တပ် MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်သော ကြေညာချက် ယမန်နေ့က ထွက်ပေါ်လာသည်။ မန္တလေးနှင့် တောင်ကြီးမြို့ကို NUG နှင့် ပူးပေါင်းကာ စစ်မြေပြင်များတိုးချဲ့ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်း MNDAA ၏ ကြေညာချက်က ဆိုသည်။ သို့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ဆက်လက်ကိုင်စွဲထားပြီး တရုတ်၏ ကြားဝင်စေ့စပ်ဖြေရှင်းခြင်းများကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု MNDAA က ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ် ဖြေရှင်းပေးရန် MNDAA က အထူးမေတ္တာရပ်ခံထားသည်။ […]

September 19, 2024

မိုးသည်းမှုကြောင့် မြေပြို၍ ရမ်းဗြဲ ပိန္နဲတောင် ကားလမ်းပျက်စီးနေ

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြို၍ ပိန္နဲတောင်ဘက်ရှိ ကားလမ်းမှာပျက်စီးသွားပြီး ဒေသခံပြည်သူများ သွားလာ၍ မရဖြစ်နေကြောင်း ရွာသားများထံမှ သိရသည်။ ပိန္နဲတောင်ကားလမ်းမှာ တောင်မြေပြိုကျကာ ကွန်ကစရစ်လမ်း ကျိုးကျသွားပြီး ကားကြီးသာမက ကားငယ်များပါ သွားလာ၍မရဖြစ်နေသည်ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။ “မြေပြိုကျပြီး ကွန်ကရစ်လမ်းက ကျိုးကျသွားတယ်။ ကားတွေရော ဆိုင်ကယ်တွေရော ဘယ်လိုမှသွားလို့ မရတော့ဘူး။ ကားလမ်းအဆင်မပြေတော့ ခရီးသွားလာရေး၊ ကုန်စည်သယ်ယူရေးတွေမှာ တော်တော်အခက်တွေ့နေကြရတယ်” ဟု ပြောသည်။ ပိန္နဲတောင်ကားလမ်းမှာ ရမ်းဗြဲမြို့နှင့် တောင်ကုတ် မအီမြို့ဘက်သို့ ဆက်သွယ်ထားသည့် ကားလမ်းတစ်ခုဖြစ်ပြီး လမ်းကျိုးကျနေသည့်နေရာမှာ ရမ်းဗြဲနှင့် ၁၀ မိုင်ကျော် အကွာအဝေးရှိကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါကားလမ်းပျက်စီးနေမှုကြောင့် အကွာအဝေးများသည့်လမ်းကြောင်းတစ်ခုမှ ပတ်၍သွားလာနေကြရကြောင်း ရမ်းဗြဲမှ ကားသမားတစ်ဦးကဆိုသည်။ “လမ်းကပျက်နေတာ ရက်နည်းနည်းတော့ရှိပြီ။ ပြင်တာလည်းမရှိတော့ တခြားလမ်းတစ်ခုကပဲအဆင်ပြေသလို […]

September 18, 2024

Editor’s Choice

VPN ထူးထောင်ခွင့်ပေးရန် စစ်ကောင်စီကို စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို

VPN ထူးထောင်ခွင့်ပေးရန် စစ်ကောင်စီကို စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆို

August 21, 2024
0

ပြည်သူများ လူမှုကွန်ရက် အသုံးမပြုနိုင်စေရန် ပိတ်ပင်ထားသော VPN ဆော့ဝဲလ်ကို စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် အာဏာသိမ်း စစ်ကောင်စီထံ စီးပွားရေးလုပ်ငန်းရှင်များက တောင်းဆိုနေကြသည်။ မြန်မာနိုင်ငံတွင် Online Live Sale

UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ

UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ

April 24, 2024
1

ကုလသမဂ္ဂ UN ၏ လူ့အခွင့်အရေးကော်မရှင်နာအကြီးအကဲ Volker Türk က ရခိုင်ပြည်အတွင်း လတ်တလော ဖြစ်ပွားနေသော အခြေအနေများကို ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ Turk ၏ ပြောဆိုချက်မှာ မွတ်ဆလင်လူမျိုးသည် ရခိုင်ပြည်၏

Featured Article

သံတွဲစစ်ပွဲ ဒိုင်ယာရီ (သို့မဟုတ်) မြန်မာရေတပ်ကို ရိုက်ချိုးခဲ့သည့် AA

သံတွဲစစ်ပွဲ ဒိုင်ယာရီ (သို့မဟုတ်) မြန်မာရေတပ်ကို ရိုက်ချိုးခဲ့သည့် AA

September 9, 2024

(ဆောင်းပါး_Western News ရေးသည်) နေ့မနား ညမအား အရှိန်ဟုန်ပြင်းပြင်းနှင့် ခရီးနှင်နေသည့် အာရက္ခတပ်တော် AA ၏ ရခိုင်ပြည် သိမ်းတိုက်ပွဲကြီး မှာ အောင်မြင်မှုများ ယနေ့

ဘူးသီးတောင်၊ မောင်တောဟာ ရခိုင်ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ် အင်္ဂါဂြိုဟ်က လာပြောရင်လည်း သိမ်းမှာပဲ

ဘူးသီးတောင်၊ မောင်တောဟာ ရခိုင်ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ် အင်္ဂါဂြိုဟ်က လာပြောရင်လည်း သိမ်းမှာပဲ

September 3, 2024

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောဆိုချက်ထဲက ကောက်နုတ်ချက်အချို့ အာရက္ခတပ်တော် AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဧရာဝတီသတင်းဌာန တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်းအစီအစဉ်မှာ ဘူးသီးတောင်၊ မောင်တောသည် ရခိုင်၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး

Latest Posts

ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ

ချင်းတော်လှန်ရေး တပ်ဖွဲ့အချင်းချင်း လက်နက်ဖြင့် မဖြေရှင်းဖို့ သဘောတူ

September 22, 2024
0

ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသခံအဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) သတင်းထုတ်ပြန်သည်။ ဇိုပြန်လည်ပေါင်းစည်းရေး

ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

September 22, 2024
0

ရခိုင်ပြည် စစ်တွေမြို့ တရားသီးစု ရပ်ကွက်တွင် ရှိသည့် ရခိုင်အမျိုးသားပါတီ ANP ဗဟို ပါတီရုံးချုပ် ဖြိုချဖျက်ဆီး ခံရခြင်းသတင်းမှာ မဟုတ်မမှန်ကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင်များက ပြောဆိုသည်။ စက်တင်ဘာလ

ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်

ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်

September 21, 2024
0

(အမိန့်စာအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုခြင်း မရှိသေးပေ) ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသော ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင် ယစ်မျိုးကုန်မှန်သမျှကို

မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံပွဲ ဂျပန်မှာ ပြုလုပ်

မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံပွဲ ဂျပန်မှာ ပြုလုပ်

September 21, 2024
0

(ဓါတ်ပုံသတင်း) ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများ ထောက်ခံဆန္ဒဖော်ပွဲကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ လာမည့်နှစ်များတွင်လည်း ဦးကျော်မိုးထွန်းကို

နောင်ချိုမြို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

နောင်ချိုမြို့ကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

September 21, 2024
0

(ယနေ့လည်း ဗုံးလာကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ) (သတင်းတို) ရှမ်းမြောက်ဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများမှာ သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း အများအပြားရှိနေကြသည်။ ယနေ့ စက်တင်ဘာလ

ဘင်္ဂလားဒေ့ရှ် ဆူပူမှု ၄ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ် ဆူပူမှု ၄ ဦးသေ၊ ၇၀ ကျော် ဒဏ်ရာရ

September 21, 2024
0

ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသမှာ မြေပြန့်မှ အခြေချလားသော ဘင်္ဂလီများနှင့် တောင်တန်းဒေသက ဌာနေတိုင်းရင်းသားများကြား ဆူပူအုံကြွမှုတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၇၂ ဦးအထိ ရှိလာကြောင်း The

ပေါက်တောက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

ပေါက်တောက မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

September 21, 2024
0

ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေကြကြောင်း ဒုက္ခသည်များက ပြောသည်။  ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အနောက်ရဲဒုက္ခသည်စခန်းမှာ

တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ

တိုက်ပွဲပြင်းလာ၍ ဖားကန့်ပြည်သူများ မြို့ကိုစွန့်ခွာ

September 20, 2024
0

(သတင်းတို) ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူများ စျေးဆိုင်များပိတ်ထားကာ စတင်ပြောင်းရွှေ့နေကြပြီဟု သိရသည်။ စက်တင်ဘာ လဆန်းပိုင်းမှစပြီး ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KIA

စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ

စစ်ကောင်စီ စစ်သင်္ဘော ၈ စီးကို KIA သိမ်းပိုက်ရရှိ

September 20, 2024
0

(ဓါတ်ပုံသတင်း) မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ တိုက်ခိုက်ရေး စစ်သင်္ဘော ၈ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ယင်းစစ်သင်္ဘောများကို ဖောက်ခွဲ ဖျက်ဆီးရန်သာရှိကြောင်း

သံတွဲကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂၆ လုံးလာကြဲ

သံတွဲကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂၆ လုံးလာကြဲ

September 20, 2024
0

(သေဆုံးသူများရှိပြီး မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း တွေ့ရှိ) ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် လေကြောင်းက တိုက်လေယာဉ်ဖြင့် သံတွဲမြို့နယ်ကို

Read More