AA လက်ထဲက သံတွဲနှင့် ငပလီကို ပြန်သိမ်းဖို့ စစ်ကောင်စီ အင်အားထပ်ဖြည့်နေ
ရခိုင်ပြည် သံတွဲမြို့နှင့် ငပလီမြို့ကို အာရက္ခတပ်တော် AA ထိန်းချုပ်ပြီးနောက် ပြန်လည်သိမ်းနိုင်ရန် စစ်ကောင်စီက မောင်ရွှေလေးရေတပ်မှ တစ်ဆင့် အင်အား ရာနှင့်ချီ ထပ်ဖြည့်နေကြောင်း စုံစမ်းသိရသည်။ သံတွဲမြစ်ရှိ မောင်ရွှေလေးရေတပ်ကနေ ဇလွန်ရွာနှင့် ဂျိတ္တောရပ်ကွက်ကို အင်အား ၄၀၀ ထက်မနည်း စစ်ကောင်စီက ထပ်ဖြည့်တင်းနေကြောင်း စစ်ရေးသိသူများက ပြောသည်။ ” မောင်ရွှေလေး ရေတပ်နဲ့ ဇလွန်ရွာ၊ ဂျိတ္တောရပ်ကွက်ဆိုတာ သိပ်မဝေးဘူး။ အဲမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းငယ်လေးတွေရှိတယ်။ သံတွဲနဲ့ ငပလီမြို့ထဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း အဲဒီတပ်စခန်းငယ်တွေနဲ့ လာပူးပေါင်းနေတာ။ AA လက်ထဲက သံတွဲနဲ့ ငပလီမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ဇလွန်နဲ့ ဂျိတ္တောက တပ်တွေကို
ဂျိတ္တောမှာ စစ်ကောင်စီ တပ်စွဲပြီးနောက် မြပြင်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့
ရခိုင်ပြည် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်မှာ စစ်ကောင်စီက တပ်စွဲပြီးနောက် ဂျိတ္တောနှင့်နီးသည့် မြပြင်ရပ်ကွက်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့ရှိရကြောင်း စုံစမ်းသိရသည်။ ငပလီမြို့ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသော်လည်း ကမ်းခြေအကွေ့ရှိ ဂျိတ္တောရပ်ကွက်မှာ ပြီးခဲ့သည့် နှစ်ပတ်ကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူခဲ့ကြသည်။ သတင်းရင်းမြစ်တစ်ဦးက ” ဂျိတ္တော၊ မြပြင်ဆိုတာ ကပ်နေတာ။ အဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သားတွေရှိသေးတယ်။ ပြီးတော့ ဂျိတ္တောက မောင်ရွှေလေး ရေတပ်နဲ့ နီးတယ်။ ရေတပ်က အင်အားထပ်ဖြည့်တယ် ထင်ပါတယ်။ ပိတ်မိနေတဲ့ အရပ်သားတွေလည်းရှိသေးတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ” ဟု ပြောသည်။ အရပ်သား
သံတွဲနှင့် ငပလီမှာ အမျိုးသမီး၊ သက်ကြီးရွယ်အို အပါအဝင် လူ ၃၃ ဦး ပျောက်ဆုံးနေ
စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် သံတွဲမြို့နယ်မှာ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၃၃ ဦး မိသားစုဝင်များနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ပျောက်ဆုံးနေသူများမှာ ရက် ၂၀ ခန့်ကြာ ပျောက်နေသူများ ရှိသလို ၇ ရက်၊ တစ်လကျော်ကြာ စသဖြင့်ရှိပြီး အများစုမှာ ၁၅ ရက်ထက်ကျော်လွန်ပြီး ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များထံမှ သိရသည်။ သံတွဲမြို့ ပညာရေးရုံးခြံဝန်းမှာ နေထိုင်သည့် ပညာရေးဝန်ထမ်း သားမိနှစ်ဦး ဇူလိုင်လ ၁၂ ရက်နေ့က နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီးနောက် ယနေ့အချိန်အထိ အဆက်အသွယ် မရသေးကြောင်း သမီးဖြစ်သူက ပြောသည်။ ” အမေက ဒေါ်ခင်ထွေး အသက် ၇၀၊ အငယ်ကောင်က
AA က သံတွဲမြို့ကို သိမ်းလိုက်ပြီဟု ဒေသခံများပြော၊ ပိတ်မိနေသည့် ဒေသခံများကို ကယ်ထုတ်နေ
ရခိုင်ပြည်၊ သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သံတွဲဒေသခံများက ပြောဆိုလိုက်ပြီး သံတွဲမြို့ပေါ်တွင် ရှိနေသည့် ပိတ်မိနေသည့် ဒေသခံများကို ကယ်ထုတ်နေကြောင်း Western News က သိရသည်။ ငပလီမြို့က စစ်ကောင်စီတပ်ရင်း နှစ်ခုနှင့် သံတွဲမြို့အနီး တပ်စခန်းငယ်များကို သိမ်းပိုက်ပြီးနောက် သံတွဲမြို့ထဲကို AA က ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝင်ရောက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ သံတွဲ ဒေသခံတစ်ဦးက “AA က အခု ပိတ်မိနေတဲ့ သက်ကြီးပိုင်းတွေ၊ ပြီးတော့ ကလေးတွေ၊ အမျိုးသမီးတွေကို မြို့ပေါ်ကနေ ကယ်ထုတ်နေပါတယ်။ စစ်ကောင်စီတပ်သားတွေက သံတွဲမြို့ပေါ်မှာ လုံးဝ မရှိတော့ပါဘူး။ အကုန်ထွက်ပြေးနေကြတယ်။
မောင်ရွှေလေး ရေတပ်အနီး ဇလွန်ရွာမှာ စစ်ကောင်စီက တပ်စွဲနေရာယူ
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည် သံတွဲမြို့နယ်က မောင်ရွှေလေး ရေတပ်အနီး ဇလွန်ရွာမှာ စစ်ကောင်စီက တပ်စခန်းငယ် အသစ်တစ်ခု တိုးချဲ့တပ်စွဲနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ ကျော်ဖြင့် ပြီးခဲ့သည့် ၄ ရက်ခန့်က ရွာထဲ တပ်စွဲနေရာယူထားခြင်းဖြစ်ကြောင်း မျက်မြင်ဒေသတစ်ဦးက ပြောသည်။ ” ဇလွန်ရွာမှာ စစ်ကောင်စီတပ်သားတွေ ပြီးခဲ့တဲ့ ၄ ရက်လောက် တပ်စွဲနေယူထားတယ်။ အရင်က မရှိဘူး။ ဒီရက်ပိုင်းမှ စခန်းအသစ် ထိုင်လိုက်တာ။ အင်အား ၁၃၀ ကျော်လောက်ရှိမယ်။ မောင်ရွှေလေး ရေတပ်နဲ့ နီးတော့ အဲက အင်အားတွေ ထင်ပါတယ်။ ဇလွန်က အဝေးပြေး လမ်းမှာ အလယ်မှာ လမ်းဆုံမှာဆိုတော့ တပ်စခန်းထိုင်ဖို့ ကောင်းထင်ပါတယ်။
သံတွဲနှင့် ဂွမြို့နယ်တွင် စစ်ရှောင်များအား ဆန်ဈေး မြှင့်တင်ရောင်းနေ
ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးရန် အရပ်ဘက်အဖွဲ့များ ဆန်ဝယ်ယူရာတွင် ပုံမှန်ထက် ကျပ် နှစ်သောင်းကျော် ဈေးမြှင့်ဝယ်ယူရကြောင်း စုံစမ်းသိရသည်။ စစ်ရှောင်မဟုတ်သော ပြည်သူများ ဆန်ဝယ်ယူလျှင် ဆန်တစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ ပေးရသော်လည်း စစ်ရှောင်များအတွက်ဟု ပြောဆို၍ ဝယ်ယူလျှင် ကျပ် ၁၈၀,၀၀၀ ကျော် ပေးရကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။ ” သံတွဲမြို့နယ်မှာရော၊ ဂွမြို့နယ်တွေဘက်မှာရော စစ်ရှောင်တွေကို ထောက်ပံ့ဖို့ ဆန်သွားတာ။ ပုံမှန်က ဆန်တစ်အိတ်ကို ကျပ် ၁၆၀၀၀၀၀ ပဲ ပေးရတယ်။ စစ်ရှောင်တွေအတွက်လို့ ပြောပြီးဝယ်တာ။ ဈေးလျော့ပေးမလားပေါ့နော်။ မဟုတ်ဘူး။ ကျပ် ၁၈,၅၀၀၀ ပေးရတယ်။ ဘာဖြစ်လို့လဲ အကြောင်းပြချက်ကိုမရှိဘူး။ စစ်ရှောင်တွေအတွက်
သံတွဲနှင့် ငပလီက စစ်ရှောင် ၂၀၀၀ ကျော် ဂွမြို့နယ်တွင် အကူအညီလိုအပ်နေ
(သံတွဲမြို့က စစ်ပွဲဇုန်ဖြစ်နေ၍ ဒေသခံများ ယာယီထွက်ခွာပေးကြရန် တက်ကြွလှုပ်ရှားသူတစ်ဦးတိုက်တွန်း) ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ငပလီမြို့က ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ရှောင် ၂,၀၀၀ ကျော် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။ စစ်ရှောင်အခြေအနေသိသူတစ်ဦးက ” သံတွဲမြို့နယ်နဲ့ ငပလီမြို့ဘက်က နေရပ်စွန့်ခွာလာကြတဲ့ စစ်ရှောင်တွေ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့တွေမှာ ဖြစ်သလို နေနေရပါတယ်။ တချို့အိမ်တွေမှာ တောင်းစားနေရတာတောင် မြင်ခဲ့ရတယ်။ တော်တော်လေး အခက်အခဲဖြစ်နေကြတာပါ။ နေစရာမရှိ စားစရာမရှိ။ တတ်နိုင်တဲ့သူတွေ ကူညီထောက်ပံ့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ” ဟု ပြောသည်။ သံတွဲမြို့နယ် ကျေးလက်ဒေသရွာများတွင် စစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး သံတွဲမြို့ထဲတွင် ၅၀၀ နှင့်အထက်ရှိကာ