တရားခံပြေး အပါအဝင် ငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၀ ကျော်ကို စစ်ကောင်စီက တရုတ်အား လွှဲပြောင်းပေး
မြန်မာနိုင်ငံအတွင်းရှိသော တရားခံပြေး အပါအဝင် အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးထဲတွင် တရားခံပြေး ၄၅ ဦးပါဝင်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေလီမြို့နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၃၀ တွင် ထုတ်ပြန်ထားသည်။ ၎င်းတို့ကို စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းငွေသူများမှာ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသူများဖြစ်ပြီး ငွေလိမ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ Scam စက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းမှာ ရှမ်းမြောက်ဒေသတွင် လှုပ်ရှားရာကနေ လက်ရှိ ကရင်ပြည် မြဝတီဘက်သို့
စားသောက်ကုန် ခိုးရောင်းသည်ဟု စွပ်စွဲချက်ဖြင့် အမ်းဒေသတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး
ရခိုင်ပြည် အမ်းမြို့ပေါ်က အမျိုးသားတစ်ဦးကို မြို့ထဲသို့ ကုန်ပစ္စည်းများ ခိုးထုတ်ရောင်းသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။ ဖမ်းဆီးခံရသူမှာ အမှတ် ၃ ရပ်ကွက်က အသက် ၂၇ နှစ်အရွယ် ကိုရဲမောင် ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ညက ရဲနှင့် စစ်သားများ ဖမ်းဆီးသွားသည်ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ ” ည ၁၀ နာရီလောက်က ရဲတွေနဲ့ စစ်သားတွေလာပြီး ဖမ်းသွားတယ်။ ဘာဖြစ်လို့ ဖမ်းသွားတယ်ဆိုတာက ပထမ မပြောဘူး။ စခန်းရောက်မှ စားကုန်တွေ၊ ဓာတ်ဆီတွေ၊ ဆေးဝါးတွေ ခိုးထုတ်တယ်ဆိုပြီး ဖမ်းတယ်လို့ ပြောတယ်။ တကယ်က
ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်
(အမိန့်စာအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုခြင်း မရှိသေးပေ) ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသော ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင် ယစ်မျိုးကုန်မှန်သမျှကို ရခိုင်ပြည်အတွင်း ရောင်းချခွင့်၊ တင်သွင်းခွင့် ပိတ်ပင်ကြောင်း ULA/AA ၏ နိုဗာ – ၁ စစ်ဒေသ နိုင်ငံရေးဌာနက ထုတ်ပြန်သည့်စာတစ်စောင် ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာသည်။ စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ပြည်မမြို့များက ထုတ်လုပ်သော အရက်၊ ဘီယာများနှင့် နိုင်ငံခြားမှ တင်သွင်းလာသော အရက်၊ ဘီယာများကို ရခိုင်ပြည်အတွင်း ရောင်းချခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက် အမိန့်က
နွမ်းပါး ထိုင်းလူမျိုးများသာ လမ်းဘေးဈေးရောင်းရမည်ဟု ဘန်ကောက်မြို့တော်ဝန်ပြော
ဘန်ကောက်မြို့တော် လမ်းဘေးများတွင် ဆင်းရဲနွမ်းပါးသော ထိုင်းလူမျိုးများသာ ဈေးရောင်းချခွင့်ပြုမည်ဟု ဘန်ကောက်မြို့တော်ဝန် ထုတ်ပြန်သည့်အကြောင်း ဘန်ကောက်ပို့စ်က ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်တွင် ဖော်ပြသည်။ စည်းမျဉ်းအသစ်များအရ ရွှေ့ပြောင်းအလုပ်သမားများ လမ်းဘေးဈေးရောင်းချ လုပ်ကိုင်ခွင့်ကို တားမြစ်ထားပြီး လူသွားလမ်းများပေါ်တွင် ကျူးကျော်ဝင်ရောက်ခြင်းကို ကန့်သတ်ထားသည်။ မြို့တော်စည်ပင်၏ စည်းမျဉ်းအသစ်အရ “ဆင်းရဲသော ထိုင်းလူမျိုးများ” ကို ဘန်ကောက်တွင် လမ်းဘေးဈေးသည်များအဖြစ် ခွင့်ပြုမည်ဖြစ်ပြီး အခြားလိုအပ်ချက်များစွာရှိသည့်အနက် ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ခြင်းမှ တားမြစ်ခံရမည်ဖြစ်သည်။ ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt သည် စည်းမျဉ်းသစ်များကို ဖော်ပြသည့် သတိပေးချက်ကို လက်မှတ်ရေးထိုးပြီး တော်ဝင်ဂေဇက်မှ ထုတ်ပြန်သည့်အခါ အသက်ဝင်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး၏ ပြောရေးဆိုခွင့်ရှိသူ Aekvarunyoo Amrapala က ပြောသည်။
တရုတ်ကုမ္ပဏီ AVIC က စစ်ကောင်စီကို စစ်လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းရန် JFM နှင့် Info Birmanie က တောင်းဆို
မြန်မာစစ်အုပ်စုက ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် Airbus ၏ မိတ်ဖက် တရုတ်ကုမ္ပဏီ AVIC ကကြံရာပါပတ်သက်နေပြီး စစ်လက်နက်ထောက်ပံ့နေမှု ရပ်ဆိုင်းရန် Justice for Myanmar (JFM) နှင့် Info Birmanie တို့က တောင်းဆိုလိုက်သည်။ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Airbus ကုမ္ပဏီက အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ AVIC တို့ရဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေကို မမြင်ချင်ယောင်ဆောင်နေခဲ့တာ ကြာပါပြီ။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတွေကို ကုလသမဂ္ဂက သေချာစောင့်ကြည့် မှတ်တမ်းတင် တာတွေ၊ အစီရင်ခံစာထုတ်ပြန်တာတွေ ရှိနေတာဖြစ်တဲ့အတွက် Airbus အနေနဲ့ သူတို့ရဲ့အဓိက စီးပွားရေးမိတ်ဖက် AVIC က မြန်မာစစ်အုပ်စုကို