နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးဆက်တိုက်ကြဲ၊ နှစ်ရက်အတွင်း ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးဆက်တိုက်ကြဲ၊ နှစ်ရက်အတွင်း ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၉ - ၂၀၂၄
0

တအောင်းတပ် TNLA ထိန်းချုပ်ထားသော ရှမ်းမြောက် နောင်ချိုမြို့ကို ယခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၅ နာရီကျော်အချိန်တွင် နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တောင်ရပ် ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ တောင်ရပ် ရပ်ကွက်နေ ဦးကျော်၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်အပါအဝင် သမီးငယ်နှစ်ဦးနှင့်အတူ ၃ ဦးစလုံး သေဆုံးသွားခဲ့ရသည်။ ဆက်လက်ပြီး နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရ၍ ဦးပြားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပြားနှင့်

Continue Reading
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
သတင်း
1 min read
0

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်

အောက်တိုဘာ ၁၈ - ၂၀၂၄
0

ပြည်ပထွက်ပြေးနေသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ကို ဘင်္ဂလားဒေ့ရှ်တရားရုံးက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။ ရှိတ်ဟာစီနာကို ဖမ်းဆီးပြီး လာမည့် နိုဝင်ဘာလတွင် ရုံးထုတ်စစ်ဆေးမည်ဟု ဘင်္ဂလားဒေ့ရှ် တရားရုံးက အမိန့်ထုတ်ပြန်ထားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ “ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ကို ဖမ်းဆီးပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ရုံးထုတ်ဖို့ တရားရုံးက အမိန့်ပေးထားပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး၏ အစိုးရရှေ့နေ မိုဟာမက် တာဂျူအစ္စလာမ်က ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာမှာ နိုင်ငံအတွင်း ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းပြီးနောက်

Continue Reading
နမ့်ဖက်ကာ ပန်ခါးရွာသား ၂ ဦး စစ်ကျန်လက်နက်ကြောင့် သေဆုံး
စစ်ရေး သတင်း
1 min read
0

နမ့်ဖက်ကာ ပန်ခါးရွာသား ၂ ဦး စစ်ကျန်လက်နက်ကြောင့် သေဆုံး

အောက်တိုဘာ ၁၈ - ၂၀၂၄
0

တအောင်းဒေသ TNLA ထိန်းချုပ်နယ်မြေ နမ့်ဖက်ကာမြို့နယ် ပန်ခါးကျေးရွာက ဒေသခံနှစ်ဦးမှာ စစ်ကျန်လက်နက်ကို ယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားကြော်ငး TNLA က ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ အရပ်သား အမျိုးသားနှစ်ဦးမှာ အောက်တိုဘာလ ၁၅ ရက်နေ့က မပေါက်ကွဲသေးသည့် ၆၀ မမ လက်နက်အမျိုးအစား ဗုံးသီးတစ်လုံးကို ယူဆောင်လာပြီး ဖြုတ်ရာမှာ ပေါက်ကွဲမှုဖြစ်ကာ နေရာ၌ သေဆုံးသွားကြောင်း သိရသည်။ ” ဗုံးသီးထဲက ယမ်းမှုန့်များကို ထုတ်ယူဖို့ ကြိုးပမ်းချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားပါတယ်။ ” ဟု TNLA က ဆိုသည်။ သေဆုံးသွားသူ နှစ်ဦးမှာ ပန်ခါးကျေးရွာနေ အသက် ၂၇

Continue Reading
စစ်တွေမှာ အိမ်ဖောက်ထွင်းခိုးယူသူများကို လိုက်လံဖမ်းဆီးနေ
မှုခင်း သတင်း
1 min read
0

စစ်တွေမှာ အိမ်ဖောက်ထွင်းခိုးယူသူများကို လိုက်လံဖမ်းဆီးနေ

အောက်တိုဘာ ၁၈ - ၂၀၂၄
0

(စားဝတ်နေရေးကျပ်တည်းမှုကြောင့် သူခိုးများလာဟုဆို) ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင် အိမ်ဖောက်ထွင်းခိုးယူသူများကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက အသည်းအသန် လိုက်လံဖမ်းဆီးနေကြောင်း မြို့ခံများထံမှ သိရသည်။ စစ်တွေမြို့အနီး ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တွင် တိုက်ပွဲပြင်းထန်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကစ၍ စစ်တွေမြို့ခံအများစုမှာ မြို့ကိုစွန့်ခွာ စစ်ရှောင်ခဲ့ကြသည်။ မြို့လူဦးရေ၏ သုံးပုံနှစ်ပုံမှာ စစ်ရှောင်သွားကြပြီး နေအိမ်များအား သော့ခတ်ပိတ်ပင်ထားခဲ့ကြသည်။ လူမနေအိမ်များကို ဖောက်ထွင်းခိုးယူမှု မတ်လကတည်းက များပြားလာပြီး ယခု ပိုမိုဖောက်ထွင်းခိုးယူမှုများပြားလာ၍ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များမှာ အသည်းအသန် လိုက်ဖမ်းဆီးနေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။ မြို့ခံတစ်ဦးက ” ပြီးခဲ့တဲ့ လနဲ့ ဒီလအတွင်းမှာ အိမ်ဖောက်ထွင်း ခိုးယူသူ အရမ်းများပြားလာတယ်။ မင်းဂံ အကွက်တချို့၊ ဘောက်သီးစု၊ ပြည်တော်သာ၊

Continue Reading
နိုင်ကျဉ်းကာကွယ်သူ ရှေ့နေ ဒေါ်ရွက်နုအောင် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ
နိုင်ငံရေး သတင်း
1 min read
0

နိုင်ကျဉ်းကာကွယ်သူ ရှေ့နေ ဒေါ်ရွက်နုအောင် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

အောက်တိုဘာ ၁၈ - ၂၀၂၄
0

လွတ်လပ်သော တရားစီရင်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးအား ကာကွယ်သူ ရှေ့နေ ဒေါ်ရွက်နုအောင် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရကြောင်း သိရသည်။ အီတလီနိုင်ငံ အခြေစိုက် IDHAE အဖွဲ့အစည်းက ပေးသော ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆုကို ဒေါ်ရွက်နုအောင် ရရှိခဲ့ခြင်းဖြစ်သည်။ ရှေ့နေ ဒေါ်ရွက်နုအောင်ကို အာဏာသိမ်း စစ်ကောင်စီ မတရားဖမ်းဆီး ထောင်ချထားသည့်အတွက် သူမကိုယ်စား NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆုအား တက်ရောက်ယူမည်ဖြစ်သည်။ လွတ်လပ်သော တရားရေးဆိုင်ရာ ဖြစ်ပေါ်လာရေး လုပ်ငန်းများနှင့် နိုင်ငံရေးအကျဉ်းသားများ၊ တက်ကြွလှုပ်ရှားသူများ၏ အခွင့်အရေးများအား ကြိုးပမ်းဆောင်ရွက်မှုများအပေါ် IDHAE အဖွဲ့က ပေးခြင်းဖြစ်သည်။ ဒေါ်ရွက်နုအောင်မှာ မန္တလေးအိုးဘိုထောင်တွင် တိုက်ပိတ်ချုပ်နှောင် ခံထားရပြီး စစ်ကောင်စီက ပုဒ်မ-၅၀ (ည)

Continue Reading
ARSA နှင့် RSO တို့ အချင်းချင်း ပစ်မှုကြောင့် မွတ်ဆလင်ဒုက္ခသည် ၅ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ARSA နှင့် RSO တို့ အချင်းချင်း ပစ်မှုကြောင့် မွတ်ဆလင်ဒုက္ခသည် ၅ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁၈ - ၂၀၂၄
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းအမှတ် ၁၅ တွင် မွတ်ဆလင်လက်နက်ကိုင်များဖြစ်သည့် ARSA နှင့် RSO တို့ အချင်းချင်း ပစ်ခတ်မှုအတွင်း မွတ်ဆလင်ဒုက္ခသည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ARSA နှင့် RSO တို့ကြား အကြိမ်များစွာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသည့် ဒုက္ခသည်များမှာ အသက် ၁၈ နှစ်အရွယ် အဗ္ဗဒူလာ၊ အသက် ၂၅ နှစ်အရွယ် မိုဟာမက် ယူနာ့စ်၊ အသက် ၃၀ အရွယ် အိုမာဖရက်၊ အသက် ၃၅ နှစ်အရွယ်

Continue Reading
ယောဒေသတွင် လူမျိုးသုဉ်းစေရန် စစ်ကောင်စီတိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ယောဒေသတွင် လူမျိုးသုဉ်းစေရန် စစ်ကောင်စီတိုက်ခိုက်နေ

အောက်တိုဘာ ၁၈ - ၂၀၂၄
0

(လေကြောင့်တိုက်ခိုက်မှုကြောင့် ယောတပ် ရဲဘော်နှစ်ဦးပါအဝင် အရပ်သား ၁၀ ဦးသေဆုံး) ယောဒေသကို စစ်ရာဇဝတ်မှု တင်မက လူမျိုးသုဉ်း သတ်ဖြတ်မှုအဖြစ် အာဏာသိမ်း စစ်ကောင်စီက တိုက်ခိုက်နေကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ပြောသည်။ စစ်ကောင်စီ (မြန်မာစစ်တပ်) က ယခုလအတွင်း ယောဒေသကို လေကြောင်းစစ်ဆင်ရေး ရက်ဆက်နီးပါး လုပ်ဆောင်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများနှင့် အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နေသည်ဟု ယောကာကွယ်ရေးတပ်က အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။ စုဆောင်းထားသော အချက်အလက်အရ ယခု အောက်တိုဘာလအတွင်း ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ပြုလုပ်ခဲ့ကာ ရဲဘော်နှစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးသေဆုံးသွားကြောင်းနှင့် ၃၀ ကျော်

Continue Reading
အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဆင့်မှာ တရုတ်ထက် မြန်မာကသာ
နိုင်ငံရေး သတင်း
1 min read
0

အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဆင့်မှာ တရုတ်ထက် မြန်မာကသာ

အောက်တိုဘာ ၁၈ - ၂၀၂၄
0

အင်တာနက်လွတ်လပ်ခွင့်မရှိသော ကမ္ဘာ့အဆိုးဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ပိုသာကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးစာရင်းတွင် ရှေ့တန်းရောက်ရှိလာပြီး Freedom House က သတ်မှတ်ထားသော အမှတ် ၁၀၀ ပေးသည့် စစ်တမ်းစည်းမျဉ်းများအရ တရုတ်က အဆင့် ၉ နှင့် မြန်မာက အဆင့် ၈ ဖြစ်သည်။ မြန်မာနိုင်ငံမှာ အင်တာနက် လွတ်လပ်ခွင့်သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုးဆုံးသို့ ယိုယွင်းလာခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ အနိမ့်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ စစ်ကောင်စီသည်

Continue Reading
မလေးရှားမှာ မြန်မာ လူငယ်တစ်ဦး ကျားဆွဲခံရ၍ သေဆုံး
သတင်း အလုပ်သမားအခွင့်အရေး
0 min read
0

မလေးရှားမှာ မြန်မာ လူငယ်တစ်ဦး ကျားဆွဲခံရ၍ သေဆုံး

အောက်တိုဘာ ၁၇ - ၂၀၂၄
0

မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ် ဂျာလီခရိုင်မြို့ဧရိယာထဲ စိုက်ပျိုးရေးခြံတစ်ခုတွင် အလုပ်လုပ်နေသော မြန်မာလူငယ်တစ်ဦး အောက်တိုဘာလ ၁၆ ရက်ညက ကျားဆွဲခံရ၍ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက အသက် ၂၈ နှစ်အရွယ် ဆလိုင်းဟုန်းရှိန်ဖေ ဖြစ်သည်။ ဆလိုင်းဟုန်းရှိန်ဖေ မိတ်ဆွေတစ်ဦးက ” မနေ့ညက ၈ နာရီကျော်လောက်မှာ တဲနဲ့ သိပ်မဝေးတဲ့ စမ်းချောင်းစပ်မှာ ထမင်းချက်ဖို့ ကြက်သား သွားခုတ်နေစဉ် ကျားဆွဲခံလိုက်ရတာပါ။ ဆလိုင်းဟုန်းရှိန်ဖေနဲ့ အတူနေတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ သူက တဲထဲမှာ ကျန်ခဲ့တယ်။ ဆလိုင်းဟုန်းရှိန်ဖေက ကြက်သားသွားခုတ်နေတာ။ အသံမကြားလို့၊ ကြာလို့ဆိုပြီး တဲထဲမှာကျန်ခဲ့တဲ့ တစ်ယောက်က စမ်းချောင်းနား သွားရှာကြည့်မှ ကျားဆွဲခံရတယ်ဆိုတာ သိတာ”

Continue Reading
ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ကူညီနေသည့် ကုလအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်း ပြစ်တင်
စစ်ရေး သတင်း
1 min read
0

ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ကူညီနေသည့် ကုလအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်း ပြစ်တင်

အောက်တိုဘာ ၁၇ - ၂၀၂၄
0

မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများအပေါ် နေ့စဉ် ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ် သတ်ဖြတ်နေသော မြန်မာစစ်တပ် (စစ်ကောင်စီ) အား ကူညီထောက်ပံ့နေကြသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ကို သံအမတ် ဦးကျော်မိုးထွန်းက ပြစ်တင်ပြောဆိုလိုက်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက အမေရိကန်နိုင်ငံ ကုလဌာနချုပ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ၇၉ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအချို့မှာ မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် စစ်ကောင်စီကို ကူညီမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာ များကို ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် အရပ်သားများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် ယခုနှစ်ကုန်ပိုင်းတွင်

Continue Reading