လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် ၂ ကျော်သူဝင်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ကျော်သူဝင်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက်ကျည်ထိမှန်ဒဏ်ရာရရှိ ခဲ့ပြီး ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးဖြင့် ဆေးရုံသို့
စစ်ကောင်စီတပ်က ကလေးငယ် ၃ ဦး အပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်တွင် အောက်တိုဘာလ ၁၁ ရက် ည ၁၁ နာရီအချိန်ခန့်စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး က ကလေးငယ် ၃ ဦးအပါ အဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောသည်။ ဘုတလင်မြို့၊ ဗန္ဓုလရပ်ကွက် သဖန်းလမ်းဆုံရှိ ဦးဖိုးကြာနှင့် ဒေါ်သင်းကုန်စုံဆိုင်ကို စစ်ကောင်စီတပ်သားအင်အား ၂၅ ဦးဝန်းကျင်က ကား ၁ စီးအပါအဝင် စစ်ကောင်စီတပ်သားများ အများအပြားဖြင့် တံခါးဖျက်ဝင်ရောက်ကာ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းမတိုင်မီ ဘုတလင်မြို့တစ်မြို့လုံးကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်လှည့်လည်ရမ်းကားမှုများ လုပ် ဆောင်သဖြင့် ပြည်သူများအားလုံးထွက်ပြေးကြသော်လည်း အဆိုပါ မိသားစုများ ထွက်ပြေးဘဲ အိမ်တွင် ပုန်းအောင်းနေခဲ့ကြကြောင်း
မြန်မာကို တောင်ကိုရီးယားက အမေရိကန် ဒေါ်လာ ၂၃ သန်း ထောက်ပံ့မည်
မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၂၃ သန်းပေးမည်ဟု တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က ထုတ်ဖော်ပြောကြားသည်။ လာအိုနိုင်ငံတွင် ကျင်းပသည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ တံခါးပိတ်အစည်းအဝေးတွင် တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန The Korea Herald က အောက်တိုဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံအရေးသည် အင်ဒို-ပစိဖိတ်ဒေသတစ်ဝှမ်းရှိ အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်များအတွက် လက်တွေ့စမ်းသပ်မှုတစ်ခုဖြစ်နေသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းကြိုးပမ်းမှုများနှင့် တွေ့ဆုံဆွေးနွေးမှုများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေနိုင်ကြောင်း တောင်ကိုရီးယားသမ္မတက ပြောကြားခဲ့သည်။ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် တောင်ကိုရီးယားသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ယခင်နှစ်ထက် ၄
ပလက်ဝက ၃ လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်ပေါက်သေး
(ကုန်သည်မိသားစုဝင် ၃ ဦးမှာ ကုန်ပစ္စည်းပို့ရင်း ဓါးမြတိုက် ခန္ဓာကိုယ် ပိုင်းဖြတ်သတ်ဖြတ်ခံရ) ပလက်ဝမြို့နယ် မောင်နှမကျေးရွာက ကုန်သည်မိသားစုဝင် ၃ ဦး သတ်ဖြတ်ခံရမှု ယနေ့အချိန်အထိ အမှုမှန် တစ်စုံတစ်ရာ မပေါ်ပေါက်သေးကြောင်း မိသားစုဝင်များက ပြောသည်။ သတ်ဖြတ်ခံရသူများမှာ အသက် (၆၁) နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးအိုက်မြင့်နှင့် အသက် (၁၃) နှစ်အရွယ် မောင်ပီစီထွန်းတို့ဖြစ်ပြီး ခူမီးလူမျိုးများဖြစ်ကြသည်။ မိသားစုဝင်တစ်ဦးက ” အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ULA/AA နှမဒါ အုပ်ချုပ်ရေးမှူးဆီမှာရော၊ ကျေးရွာမှာရှိတဲ့ ULA/AA အုပ်ချုပ်ရေးအဖွဲ့ရော တိုင်ကြားထားပါတယ်။ Data အချက်အလက်တွေ အကုန်လုံး ပို့ထားပါတယ်။ အမှုမှန်ပေါ်ပေါက်အောင်
ပင်လည်ဘူးမြို့ကို NUG သိမ်းပိုက်
(လက်နက်စုံ ၄၀၀ ကျော်နှင့် စစ်သုံ့ပန်း ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့) စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် PDF များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာ ၈ ရက်တွင် သိမ်းပိုက်ကာ တိုက်ပွဲမှာ ၅၄ ရက်ကြာမြင့်ခဲ့သည်။ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီ၏ ယခင် အခြေချနေသော အင်အားအပြင် Mi-17 ဖြင့် (၂၁) ကြိမ် တပ်ကူပို့ဆောင်ခဲ့ရာ ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊
လေကြောင်းတိုက်ခိုက်ခံရ၍ မတ္တရာမြို့နယ်မှာ စစ်ရှောင် ၁၂ ဦးသေဆုံး
မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါစုကျေးရွာက စစ်ရှောင်စခန်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ၍ စစ်ရှောင် ၁၂ ဦးသေဆုံးခဲ့ရကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁ နာရီခွဲအချိန်တွင် ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သံဃာတော်များ ပါဝင်ပြီး စစ်ကောင်စီ၏ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုများအား နိုင်ငံတကာက အရေးယူသင့်ပြီဟု မန္တလေးပြည်သူတစ်ဦးက တောင်းဆိုသည်။ ဝေါစုစစ်ရှောင်စခန်းသည် စစ်ရေးမသက်ဆိုင်သော နေရာဖြစ်သည့်အပြင် တိုက်ပွဲလည်းမရှိကြောင်းနှင့် စစ်ရေးနှင့်မသက်ဆိုင်သော နေရာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းသည် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း
အစ္စရေးကို ပစ်လွှတ်ခဲ့သည့် အီရန်ဒုံးကျည် ၃၇ ပေရှည်လျား
အောက်တိုဘာလ ၁ ရက်နေ့က အီရန်နိုင်ငံမှ အစ္စရေးနိုင်ငံကို ၁၉ တန်ခန့်လေးပြီး ၃၇ ပေရှည်လျားသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အီရန်နိုင်ငံက အစ္စရေးကို ဒုံးကျည် ၁၈၁ လုံးပစ်လွှတ်ခဲ့ပြီး အစ္စရေးဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ကာ အသေအပျောက်အများဆုံးဖြစ်ရပ်ကို ရပ်တန့်နိုင်ခဲ့ကြောင်း အစ္စရေးတပ်ဗိုလ်မှူး G ဆိုသူက ပြောသည်။ “ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတွေက သူတို့ထဲက အများစုကို ရပ်တန့်နိုင်ခဲ့ပြီး အစုလိုက်အပြုံလိုက် အသေအပျောက်အများဆုံးဖြစ်ရပ်ကို ရပ်တန့်နိုင်ခဲ့ပါတယ်” ဟု ဆိုသည်။ ပဲ့ထိန်းဒုံးကျည် ၁၈၁ လုံးထဲက ကြားဖြတ်တိုက်ခိုက်၍ ပျက်စီးသွားသော အီရန်ပဲ့ထိန်းဒုံးကျည်တစ်လုံး၏ အခွံကို အစ္စရေးစစ်တပ်က အောက်တိုဘာလ ၉ ရက်တွင် ကမ္ဘာကို ပြသခဲ့သည်။ အဆိုပါ အီရန်ပဲ့ထိန်းဒုံးကျည်မှာ ထိပ်ဖူး
စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလစုံစမ်းရေးမှူးပြော
မြန်မာနိုင်ငံအနှံ့ အရပ်သားများနှင့် တော်လှန်ရေးအဖွဲ့များအား နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသော အာဏာသိမ်း စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ပြောသည်။ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို့၌ တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr.
မြန်မာပြည် ကြီးမားသောအပြောင်းအလဲ ကြုံတွေ့နိုင်၍ တပ်နှင့်အုပ်ချုပ်ရေးကို MNDAA အမိန့်ထုတ်
မြန်မာပြည်ကို ပြည်ပနိုင်ငံများက ဝင်စွက်ဖက်မှုများကြောင့် မကြာမီကာလအတွင်း ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်သဖြင့် MNDAA က ၎င်းအဖွဲ့အစည်းအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်လာသည်။ ကြီးမားသော ပြောင်းလဲမှုများ၊ ရှုတ်ထွေးသော အခြေအနေများ ရှိလာနိုင်ပြီး MNDAA အနေဖြင့် အသုံးချခံမဖြစ်စေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှုများ မဖြစ်ပွားစေရေးအတွက် MNDAA ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်ထဲတွင် MNDAA ၏ ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များနှင့် ဆက်နေသော ပုဂ္ဂိုလ်များအနေဖြင့် အာဆီယံနိုင်ငံများ၊ အမေရိကန်နှင့် အနောက်နိုင်ငံများသို့ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားရဟု ဆိုသည်။ မြန်မာ့အရေးနှင့်ပတ်သက်သော နိုင်ငံတကာညီလာခံများတွင် မတက်ရောက်ရန်နှင့် ပြည်ပမီဒီယာများအပါအဝင် အမေရိကန်၊ အနောက်နိုင်ငံများမှ သတင်းထောက်များ၏ အင်တာဗျူးများကို လက်ခံဖြေခြင်းမပြုရဟု ထုတ်ပြန်ချက်တွင် ပါသည်။
ဂွမြို့မှာ စားကုန်နှင့် ဆေးဝါးပြတ်လပ်
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည် ဂွမြို့နယ်တွင် စားသောက်ကုန်စည်နှင့် ဆေးဝါးများ ပြတ်လပ်လျှက်ရှိနေကြောင်း ဂွဒေသခံများက ပြောသည်။ ဂွမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ်လပိုင်းလောက်စ၍ ကုန်စည်သယ်ယူခွင့်များကန့်သတ်ခဲ့ပြီးနောက် လက်ရှိတွင် စားကုန်နှင့် ဆေးဝါးများဝယ်ယူ၍မရတော့သည်အထိ ပြတ်လပ်နေပြီဟု အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် ဂွမြို့ခံတစ်ဦးက ပြောသည်။ “ပြတ်နေတာက လွန်ခဲ့တဲ့ ၂ လလောက် ကတည်းကပါ။ အခုကတော့ လုံးဝနီးနီးပြတ်သွားတာပေါ့။ ဘယ်လောက်စျေးရှိတယ်လို့တောင် မဟုတ်ဘူး။ တချို့ကုန်တွေက ဝယ်လို့ကို မရတော့တာပါ” ဟုပြောသည်။ ကုန်စည်ပြတ်လပ်မှုထဲတွင် အဓိကအနေဖြင့် ဆန်နှင့် ဆေးဝါးပြတ်လပ်ခြင်းဖြစ်ပြီး ဒေသခံများမှာ များစွာအခက်ကြုံလျှက်ရှိနေကြရကြောင်း ဂွဒေသခံများကဆိုသည်။ “ဆန်နဲ့ ဆေး က ဝယ်ဝယ်လို့ကို မရတော့တာ။ ဧရာဝတီဘက် အသွားအလာ