တကျော့ပြန်စစ်ဆင်ရေး တအောင်းဒေသမှာ သေဆုံးသူ ၁၀၉ ဦးအထိရှိလာ
ရှမ်းပြည်မြောက်ပိုင်း တအောင်းဒေသ တကျော့ပြန် စစ်ဆင်ရေးတိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် အရပ်သားသေဆုံးသူ ၁၀၉ ဦးအထိရှိလာပြီး ၁၃၆ ဦးအထိ ဒဏ်ရာရရှိထားကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့သည့် ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ တိုက်ပွဲ ၂၈ ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၄ ရက်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ နေအိမ် ၉ လုံး
ဒေါ်လာ ၅၂၃ သန်း တန်ဖိုးရှိ ရခိုင်က ရွှေဓာတ်ငွေ့စီမံကိန်း တရုတ်က ထပ်မံရရှိ
ရခိုင်ကမ်းလွန်တွင် တောင်ကိုရီးယား Posco ကုမ္ပဏီက ဆောင်ရွက်နေသော ရွှေသဘာ၀ဓာတ်ငွေ့စီမံကိန်း၏ စတုတ္တအဆင့် တည်ဆောက်ရေး တင်ဒါကို တရုတ် COOEC က ရရှိပြီး အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိကြောင်း တရုတ်သတင်းများက ဖော်ပြသည်။ တောင်ကိုးရီးယား သံမဏိထုတ်လုပ်သူ Posco International က ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ ပရောဂျက်၏ စတုတ္ထအဆင့် တည်ဆောက်ရန် တရုတ်ကုမ္ပဏီဖြစ်သော Chinese contractor Offshore Oil Engineering Company (COOEC) ထံသို့ တင်ဒါ ပေးလိုက်သည်။ လိုအပ်သော ပစ္စည်းများဝယ်ယူရေးနှင့် တည်ဆောက်ရေးများ၊ စီမံကိန်းကို ဒီဇိုင်းဆွဲခြင်း၊ ဓာတ်ငွေ့တူးဖော်ရေးဆိုင်ရာများကို ပြန်လည်မွမ်းမံခြင်း၊ ရေအောက် အဆောက်အဦများ တပ်ဆင်ခြင်းနှင့် လုပ်ငန်းမစတင်မီ
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ပါ လေးဦးအား စစ်တပ်က ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ် အသားပြုလုပ်
အာဏာသိမ်း စစ်ကောင်စီတပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ်အသားပြုလုပ်ကြောင်း သတင်းထုတ်ပြန်သည်။ အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရ အထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ပြီး တဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောက ရောက်ရကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီက ကိုဂျင်မီ ကို ၂၀၂၁ အောက်တိုဘာတွင် မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ရာတွင် ဖမ်းဆီးခဲ့ပြီး ကိုဖြိုးဇေယျာသော် ၂၀၂၁
ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်
ရခိုင်ပြည် ဂွမြို့နယ်မှာ တပ်အင်အားနည်း၍ စစ်ကောင်စီက ပြည်သူ့စစ်ထမ်း ရာနှင့်ချီခေါ်ယူပြီး အင်အားဖြည့်တင်းထားကြောင်း ဒေသခံစစ်ရေးစောင့်ကြည့်သူများက ပြောသည်။ ဂွမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းနှစ်ခု ခမရ ၅၆၂ နှင့် ၅၆၃ တို့ရှိပြီး အဆိုပါတပ်ရင်းများကို စစ်ကောင်စီက ပြည်သူ့စစ်ထမ်းများ ပေးပို့နေခြင်းဖြစ်သည်။ ဂွမြို့ခံတစ်ဦးက ” ဒီအပို့ခံရတဲ့ စစ်မှုထမ်းတွေကို ဒေသခံရဲတွေနဲ့ ပေါင်းပြီး ဂိတ်တွေမှာ၊ ရပ်ကွက်တွေမှာ လုံခြုံရေး လုပ်ခိုင်းထားတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးထားပါတယ်။ အင်အားက ရာကျော်တာပေါ့။ ဒါပေမယ့် ပြည်သူ့စစ်တွေက ထွက်ပြေးကြသူတွေလည်းရှိတယ်။ ” ဟု ပြောသည်။ ခမရ ၅၆၂ နှင့် ၅၆၃ တပ်ရင်းနှစ်ခု ပေါင်းမှ တပ်သား ၁၅၀ ခန့်သာရှိ၍
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ယူ
ယာယီသမ္မတ ဦးမြင့်ဆွေနေရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတနေရာ ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် လွှဲပြောင်းရယူလိုက်ကြောင်း စစ်တပ်ပိုင် မြဝတီက ကြေညာသည်။ အမျိုးသားကာကွယ်ရေးနှင့် ကာကွယ်ရေးလုံခြုံရေးကောင်စီထံသို့ ယာယီသမ္မတရုံးက ယာယီသမ္မတ တာဝန်များကို မင်းအောင်လှိုင်ထံသို့ ပေးအပ်လိုက်ကြောင်း ပြောဆိုထားသည်။ ဦးမြင့်ဆွေက ၎င်းနေမကောင်းခြင်းနှင့် ယာယီသမ္မတ နေရာအား တာဝန်လစ်ဟင်းနေ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တာဝန်ပေးခြင်းဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီသတင်းက ကြေညာထားသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတနေရာအား လိုချင်ကြောင်းနှင့် သမ္မတလုပ်ရန် မကြာခဏ ပြောကြားနေပြီး တပ်ချုပ်မင်းအောင်လှိုင် သမ္မတရာထူးရယူခြင်းမှာ ၎င်းတို့ကိုင်စွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံဖြင့် လွဲချော်နေကြောင်း သိရသည်။
ရခိုင်မှာ ဆေးဝါးပြတ်လပ်မှု အဆိုးဆုံးအခြေအနေသို့ ရောက်ရှိ
(နာတာရှည်ဝေဒါနာရှင်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ) ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုမှာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဟု လူနာများနှင့် ဆေးဆိုင်များထံမှ သိရသည်။ ဆေးဝါးပြတ်လပ်မှုကြောင့် အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါဝေဒနာရှင်များဖြစ်သော အာရုံကြော၊ နှလုံး၊ သွေးကင်ဆာ၊ လည်ပင်းကင်ဆာ၊ အသဲ၊ ကျောက်ကပ်နှင့် HIV ပိုး ရောဂါသည်များ အဓိက ခံစားနေရသည်ဟု စုံစမ်းသိရသည်။ အာရုံကြော အားနည်းရာကနေ ဆေးဝါးပြတ်လပ်မှုနှင့် ဆရာဝန်များဖြင့် မကုသရ၍ ကျန်းမာရေးအလွန်ဆိုးရွာနေသည်ဟု အဖေဖြစ်သူ၏ ဝေဒနာကို သမီးဖြစ်သူက ပြောပြသည်။ ” အာရုံကြောက အားနည်းရာကနေ အခု အားပျော့တဲ့ အဆင့်ရောက်သွားပြီ။ ဆေးက ရှာလို့ မရဘူး။ ပုံမှန်သောက်တဲ့ ဆေးအမျိုးအစားက ရှာမရတော့ အာနိသင်တူ ကုမ္ပဏီမတူတဲ့ ဆေးကို
ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ
(ဆန်တစ်အိတ် ကျပ် ၂ သိန်းဈေးရှိနေ) ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်နေ၍ ဒေသတွင်းဆန်ဈေးမှာ ကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။ ဇူလိုင်လ ပထမအပတ်ကစ၍ ဆန်သယ်ယူခွင့် တင်းကျပ်ထားသလို လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်း ကျိန္တလီဒေသခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ” အရင်ရက်ပိုင်းတွေက ဂိတ်တွေနဲ့ ညှိပြီး ငွေလည်း နည်းနည်းပေးပြီးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ မရတော့ဘူး။ တချို့ဂိတ်တွေက အရမ်းတင်းကျပ်ထားတယ်။ ဆန် တစ်အိတ်စ နှစ်အိတ်စကို ဂိတ်တွေကို ငွေပေးပြီး သယ်လို့ ရပေမယ့် ဆန်အိတ် ဆယ်ဂဏန်း၊ ရာဂဏန်းဆိုရင်တော့ ဖြတ်သန်းခွင့် လုံးဝ