ရခိုင်က ဒေါက်တာ ၁ ဦးနှင့် လူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး
(ဖမ်းဆီခံ ရခိုင်လူငယ် ၃ ဦးကို လှိုင်မြို့ ဘာတာရဲစခန်းမှာ ထိန်းသိမ်းထား) ရခိုင်ပြည်က ဒေါက်တာ ဦးကိုနှင့် ကျောက်ဖြူဒေသခံ လူငယ် ၃ ဦး စုစုပေါင်း ၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ အသက် ၆၀ အရွယ် ဒေါက်တာ ဦးကိုသည် ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လာရောက်စဉ် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ ထောက်လှမ်းရေးများမှ ဇူလိုင်လ ၁၆ နေ့က အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ဒေါက်တာဦးကိုသည် Posco International (OGT) မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရကြောင်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း
စစ်ရှုံးနေတဲ့ စစ်ကောင်းစီ ရန်ကုန်မြို့ရောက် ရခိုင်လူမျိုးတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီး
(ရန်ကုန်မြို့မှာ ရခိုင်ဒေသခံ အရပ်သား ၄ ဦးကို စစ်ကောင်စီဖမ်းဆီးထား)
စစ်ကောင်စီကို ဖယ်ပြီး အာဆီယံအစည်းအဝေး NUG တက်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့တောင်းဆို
အာဏာသိမ်း စစ်ကောင်စီကို ဖယ်ထုတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်နိုင်ရေး အရပ်ဘက်အဖွဲ့ ၂၀၃ ဖွဲ့က တောင်းဆိုလိုက်ကြသည်။ မြန်မာ့အရေးတွင် စစ်ကောင်စီကို ဖယ်ချန်ထားရန် အာဆီယံအဖွဲ့ကို မြန်မာအရပ်ဘက်အဖွဲ့ ၂၀၃ ခုက ယမန်နေ့ ဇူလိုင်လ ၁၈ ရက်တွင် စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနား ပြုလုပ်ကြမည်ဖြစ်သည်။ ထိုအစည်းအဝေးသို့ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုရန်နှင့် မြန်မာပြည်သူများအား ကိုယ်စားပြုသော NUG အစိုးရအဖွဲ့ကို တက်ရောက်ခွင့်ပြုရန် တောင်းဆိုနေကြသည်။ စစ်ကောင်စီသည် မြန်မာနိုင်ငံအား တရားဥပဒေနှင့် မလျော်ညီစွာ
သံတွဲနှင့် ငပလီမှာ အမျိုးသမီး၊ သက်ကြီးရွယ်အို အပါအဝင် လူ ၃၃ ဦး ပျောက်ဆုံးနေ
စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် သံတွဲမြို့နယ်မှာ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၃၃ ဦး မိသားစုဝင်များနှင့် အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ပျောက်ဆုံးနေသူများမှာ ရက် ၂၀ ခန့်ကြာ ပျောက်နေသူများ ရှိသလို ၇ ရက်၊ တစ်လကျော်ကြာ စသဖြင့်ရှိပြီး အများစုမှာ ၁၅ ရက်ထက်ကျော်လွန်ပြီး ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များထံမှ သိရသည်။ သံတွဲမြို့ ပညာရေးရုံးခြံဝန်းမှာ နေထိုင်သည့် ပညာရေးဝန်ထမ်း သားမိနှစ်ဦး ဇူလိုင်လ ၁၂ ရက်နေ့က နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီးနောက် ယနေ့အချိန်အထိ အဆက်အသွယ် မရသေးကြောင်း သမီးဖြစ်သူက ပြောသည်။ ” အမေက ဒေါ်ခင်ထွေး အသက် ၇၀၊ အငယ်ကောင်က
နေပြည်တော် အေလာလေဆိပ်ကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက် လေယာဉ် ၃ စီး ပျက်စီး
(အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၆ ဦး သေဆုံး) နေပြည်တော် စစ်ကောင်စီ အေလာလေဆိပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၇ လုံးနှင့် တိုက်ခိုက်ခဲ့ပြီး လေယာဉ် ၃ စီးပျက်စီးခဲ့သလို အရာရှိအပါအဝင် တပ်သား ၁၆ ဦးလည်း သေဆုံးသွားသည်။ ယမန်နေ့ ဇူလိုင်လ ၁၆ ရက် နံနက် ၉ နာရီက အေလာလေဆိပ်ကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် MKCDF, MRF နှင့် BWM တို့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အေလာလေဆိပ်တိုက်ခိုက်မှုမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့သလို အဆောက်အဦး ၄ လုံး၊ လက်နက်ခဲယမ်းတိုက် ၁ လုံး၊ လေယာဉ်ပြုပြင်ရေး
စစ်ကောင်စီနှင့် အိန္ဒိယတပ် စစ်ရေး ပူးပေါင်းဆောင်ရွက်မည်
အာဏာသိမ်း စစ်ကောင်စီနှင့် အိန္ဒိယတပ်မတော် စစ်ရေးပိုမိုဆောင်ရွက်ရေး ယမန်နေ့ ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲကို ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဟေး တာကူးရ် (Abhay Thakur) တို့ တက်ရောက်ခဲ့ကြသည်။ နှစ်နိုင်ငံက စစ်တပ်များအနေဖြင့် သင်တန်းသားများ စေလွှတ်ရေး၊ စစ်ဘက်ဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် စစ်ရေးလေ့ကျင့်ရေးကိစ္စရပ်များကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စပ်ရပ်များကိုလည်း ဆွေးနွေးခဲ့သည်။ ယင်းအပြင် နှစ်နိုင်ငံ တပ်မတော် အချင်းချင်း ချစ်ကြည်ရင်းနှီးရေးနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးကိုလည်း ပြောဆိုခဲ့ကြသည်။ အိန္ဒိယသံအမတ်သည် စစ်ကောင်စီ
လားရှိုးမြို့က စစ်ကောင်စီ၏ ကလေးစစ်သားများကို ကိုးကန့်တပ်က ဖမ်းဆီးရမိ
ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ် နန်းကျိုင်းစစ်စခန်းကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီအသုံးပြုထားသော ကလေးစစ်သားများကို ဖမ်းဆီးရမိထားကြောင်း MNDAA က တရားဝင်ထုတ်ပြန်ထားသည်။ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်း စစ်ရှုံးနေချိန် တပ်အင်အားမလုံလောက်တော့၍ အသက် ၁၈ နှစ်မပြည့်သေးသော ကလေးများကိုပါ စစ်ရေးအတွက် အသုံးပြုနေသည်ကို တွေ့ရသည်။ စစ်ကောင်စီ၏ နန်းကျိုင်းစစ်စခန်းကို ဇူလိုင်လ ၁၄ ရက်နေ့က ကိုးကန့်တပ်က သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းများထဲတွင် ကလေးစစ်သား ၃ ဦးပါဝင်ကြောင်း MNDAA က ဆိုသည်။ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ရန် MNDAA သည် စစ်ကောင်စီတပ်များ၊ စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇူလိုင်လ ၁၃ ရက်နေ့ကလည်း တိုက်ပွဲအတွင်းမှ
■ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ကရင်လေးတံတား မိုင်းခွဲခံရ
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း သထုံမြို့နယ် ကရင်လေဆိပ်တံတား မိုင်းခွဲခံရ၍ ပြိုကျပျက်စီးသွားကြောင်း သိရသည်။ ကရင်လေးတံတား ပျက်စီးသွား၍ ခရီးသွားကားများနှင့် ကုန်တင်ကားများ သွားလာ၍မရဘဲ ရာနှင့်ချီ လမ်းပိတ်ဆို့နေကြောင်း ဒေသခံပြည်သူများက ပြောသည်။ ယမန်နေ့ ဇူလိုင်လ ၁၆ ည ၁၀ နာရီခွဲတွင် မိုင်းခွဲခံရ၍ တံတား ပျက်စီးသွားပြီး မည်သူက မိုင်းခွဲဖျက်ဆီးခဲ့သည်ကို အတိအကျ မသိရသေးပေ။ ခရီးသွားပြည်သူတစ်ဦးက ” အခုကားတွေ ပိတ်မိနေတာတော့ အစီး ၁၀၀ လောက်ရှိတယ်။ အဲဒီဘက်က ရှောင်ကွင်းသွားလို့ရတဲ့ လမ်းကြောတော့ မတွေ့သေးဘူး။ နောက်ပြန် လှည့်ရမလား၊ ယာယီတံတား လာထိုးပေးတာ စောင့်ရမလားတော့ မသိသေးဘူး” ဟု ပြောသည်။ ကရင်လေးတံတားသည် မကြာခဏ
အိန္ဒိယလူငယ်များက ရခိုင်ကုန်သည် ပစ္စည်း ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဖမ်းဆီးဖျက်ဆီး
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က လိုင်လူငယ် CYLA အဖွဲ့အစည်းသည် ရခိုင်ကုန်သည်များထံမှ ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဖျက်ဆီးရန် ဖမ်းဆီးသွားကြောင်း ချင်းသတင်းများက ဖော်ပြကြသည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကိုဖြတ်ပြီး ရခိုင်ပြည်ဘက်သို့ ပို့မည့် ဒီဇယ်ဆီများကို ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ CYLA လက်အောက်ခံ Diltlang- YLA (ဒီလ်တလန် လိုင်လူငယ်) အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရခိုင်ကုန်သည်များမှာ ဒီဇယ်ဆီများကို လုံလေမြို့က မှာယူပြီး လုံလေမြို့ ဂျောင်းသဲကို ဖြတ်ကာ ဒီလ်တလန် ရွာကတစ်ဆင့် ပလက်ဝမြို့ကနေ ရခိုင်ပြည် ကျောက်တော်မြို့သို့ ပို့ရန် စီစဉ်ထားကြောင်း သိရသည်။ ဒီဇယ်ဆီများကို ကားနှစ်စီးဖြင့် ယာဉ်မောင်း ၂