စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်က လက်မခံ၍ မောင်တော နတ်မြစ်တွင်းတွင် မျောနေ
အာရက္ခတပ်တော် AA ထိုးစစ်ကြောင့် စက်လှေနှစ်စီးဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဖက်က လက်မခံ၍ မောင်တော နတ်မြစ်တွင်း၌ မျောနေကြောင်း သိရသည်။ မောင်တောမြို့အား အလုံးစုံသိမ်းပိုက်နိုင်ရန် AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်သား ၁၀၀ ကျော်မှာ စက်လှေနှစ်စီးဖြင့် ဘင်္ဂလားဒေ့ရှ်ဖက် ဝင်ရောက်ရန် ဇူလိုင်လ ၁၄ ရက်နေ့က ကြိမ်းပမ်းခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGP က တားဆီးပိတ်ပင်မှုကြောင့် မောင်တောမြို့သို့လည်း မလာရဲဘဲ နတ်မြစ်အတွင်း သောင်တင်မျောနေခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြကြသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၁၀၀ ကျော်မှာ မည်ကဲ့သို့ ဖြစ်ပျက်နေကြသည်ကို နောက်ဆုံးသတင်းအချက်အလက် ဘင်္ဂလားဒေ့ရှ်ဖက်ကလည်း ထုတ်ဖော်မပြောသလို စစ်ကောင်စီဖက်ကလည်း
ဂွမြို့နယ်မှာ စစ်ရှောင်နေသူတစ်ဦး အစာနင်ပြီး သေဆုံး
ရခိုင်ပြည် ဂွမြို့နယ်တွင် စစ်ရှောင်နေသူ ငပလီမြို့ဒေသခံ အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦး အစာနင်ပြီး ယနေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း ကူညီရေးဆောင်ရွက်သူများက ပြောသည်။ အစာနင်ပြီး သေဆုံးသွားသူမှာ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တော အမှတ် ၈ ရပ်ကွက်ဒေသခံ ဦးကျော်သန်းဖြစ်ကြောင်း သိရသည်။ ဂွဒေသခံတစ်ဦးက ” ဂွမြို့အဝင်ဂိတ်မှာ ရန်ကုန်ဘက်သွားဖို့ စောင့်ဆိုင်းနေရင်း ကောက်ညှင်းပေါင်း စားမိရာက အစာနင်ပြီး သေဆုံးသွားတာဖြစ်ပါတယ်။ ” ဟု ပြောသည်။ ဂွမြို့ပြည်သူ့ဆေးရုံက ဆေးစစ်ချက်များ ရယူပြီး မိသားစုဆန္ဒအရ ဂွမြို့သုဿာန်၌ မြေမြှုပ် သင်္ဂြိုလ်ပေးခဲ့ကြောင်း ဂွမြို့အခြေစိုက် ထာဝရမေတ္တာနာရေးကူညီမှုအသင်းက ယနေ့ ထုတ်ပြန်ထားသည်။ ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် သံတွဲမြို့နယ်နှင့်
သံတွဲနှင့် ဂွမြို့နယ်တွင် စစ်ရှောင်များအား ဆန်ဈေး မြှင့်တင်ရောင်းနေ
ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးရန် အရပ်ဘက်အဖွဲ့များ ဆန်ဝယ်ယူရာတွင် ပုံမှန်ထက် ကျပ် နှစ်သောင်းကျော် ဈေးမြှင့်ဝယ်ယူရကြောင်း စုံစမ်းသိရသည်။ စစ်ရှောင်မဟုတ်သော ပြည်သူများ ဆန်ဝယ်ယူလျှင် ဆန်တစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ ပေးရသော်လည်း စစ်ရှောင်များအတွက်ဟု ပြောဆို၍ ဝယ်ယူလျှင် ကျပ် ၁၈၀,၀၀၀ ကျော် ပေးရကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။ ” သံတွဲမြို့နယ်မှာရော၊ ဂွမြို့နယ်တွေဘက်မှာရော စစ်ရှောင်တွေကို ထောက်ပံ့ဖို့ ဆန်သွားတာ။ ပုံမှန်က ဆန်တစ်အိတ်ကို ကျပ် ၁၆၀၀၀၀၀ ပဲ ပေးရတယ်။ စစ်ရှောင်တွေအတွက်လို့ ပြောပြီးဝယ်တာ။ ဈေးလျော့ပေးမလားပေါ့နော်။ မဟုတ်ဘူး။ ကျပ် ၁၈,၅၀၀၀ ပေးရတယ်။ ဘာဖြစ်လို့လဲ အကြောင်းပြချက်ကိုမရှိဘူး။ စစ်ရှောင်တွေအတွက်
ရန်ကုန်ရှိ ပုဂ္ဂလိက ဘဏ်များတွင် ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူနိုင်ပြီဟုဆို
ရန်ကုန်တိုင်းဒေသအတွင်း ပုဂ္ဂလိကဘဏ်များနှင့် ATM စက်များတွင် ကျပ် ၁၀ သိန်း မှ ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်ထုတ်ယူနိုင်ပြီဟု ငွေထုတ်ယူသူများထံမှ သိရသည်။ ကျပ်တစ်သောင်းတန်ငွေစက္ကူများဖြင့် ထုတ်ယူနိုင်ပြီး ဧရာဝတီ၊ CB ဘဏ်၊ ကမ္ဘောဇ၊ ရိုးမ၊ အပါအဝင် ပုဂ္ဂလိကဘဏ်များတွင် ပြန်လည်ထုတ်ယူနိုင်ပြီဟု ပြောသည်။ မြောက်ဒဂုံမြို့နယ်တွင် ငွေထုတ်ခဲ့သူတစ်ဦးက “ဧရာ၀တီဘဏ်မှာက Special Account က သိန်း ၁၀၀ အထိ ထုတ်ပေးတယ်။ ATM က တစ်ခါထုတ်ရင် ၁၀ သိန်းရတယ်။ KBZ က Special Account က ၁၀ သိန်းထုတ်ပေးတယ်။ ရိုးမလည်းအတူတူပဲ။ ငွေစက္ကူတွေကတော့ ၁
AA က တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အာဏာကို လုပ်မည်မဟုတ်ဟု ICG မြန်မာအကြံပေးပြော
အာဏာသိမ်း စစ်ကောင်စီ ကျဆုံးရှုံးသွားမည်ကို မြင်ချင်သော်လည်း စစ်ကောင်စီနေရာတွင် အစားထိုးနေရာယူမည်ဆိုသည်မှာ အာရက္ခတပ်တော် AA ၏ မူလရည်မှန်းချက် မဟုတ်ကြောင်း International Crisis Group (ICG) မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီက ပြောသည်။ အာရက္ခတပ်တော် AA အနေဖြင့် ၎င်းတို့၏ မူလရည်မှန်းချက်ဖြစ်သော အာရက္ခအိပ်မက်ကို အကောင်အထည်ဖော်မှာ ရင်ဆိုင်ကိုင်တွယ်ရမည့်အရာ များပြားလှကြောင်း ရစ်ချက်ဟော်ဆီက သုံးသပ်ထားသည်။ နိုင်ငံတကာ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး နည်းလမ်းများ အကြံပြုရန် ဖွဲ့စည်းထားသည့် ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် ICG အဖွဲ့မှ မြန်မာ့အရေး အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက ဘီဘီစီနှင့် တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အာရက္ခတပ်တော် အနေဖြင့် နေပြည်တော်အထိ
တရုတ်အစည်းအဝေး ကျင်းပနေချိန် MNDAA ထိုးစစ်ရပ်မည်
တရုတ်ကွန်မြနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကျင်းပနေချိန် ကိုးကန့်တပ် MNDAA က စစ်ကောင်စီတပ်အား ထိုးစစ်ရပ်နားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ တရုတ်အစည်းအဝေး ကျင်းပမည့် ဇူလိုင်လ ၁၄ ရက် ည ၁၂ နာရီကနေ ၁၈ ရက်အတွင်း ၄ ရက်တာကာလ စစ်ကောင်စီတပ်အား ပစ်ခတ်မှုရပ်နားမည်ဟု MNDAA က ပြောဆိုထားခြင်းဖြစ်သည်။ သို့သော်လည်း ၄ ရက်တာကာလ အပစ်ရပ်နားထားချိန် စစ်ကောင်စီတပ်မှ တိုက်ခိုက်လာပါက တန်ပြန်ခုခံတိုက်ခိုက်နိုင်ကြောင်း MNDAA ၎င်းတို့တပ်ရင်းများကို ညွှန်ကြားထားသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေးကျင်းပနေချိန် ရက်အတွင်း ထိုးစစ်ပစ်မှုနားရခြင်းကို မည်သည့်အတွက်ကြောင့်ဟုဆိုကာ အသေးစိတ်ရှင်းလင်းမှုအား MNDAA က ပြောဆိုထားခြင်းမရှိပေ။ အပစ်ရပ်ခြင်းနှင့် တရုတ်အစည်းအဝေး မည်ကဲ့သို့
ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်နေသည့် မိုင်းရယ်မြို့ကို SSPP တပ်စွဲ နေရာဝင်ယူ
ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေချိန် ရှမ်းတပ်တစ်ခုဖြစ်သည့် SSPP/SSA က မိုင်းရယ်ဒေသမှာ အင်အား ၁၀၀၀ ကျော်ဖြင့် တပ်စွဲနေရာယူလိုက်ကြောင်း သိရသည်။ မဟာမိတ် ကိုးကန့်တပ် MNDAA ကို အကြောင်းကြားပြီး မိုင်းရယ်ဒေသကို ဇူလိုင်လ ၁၂ ရက်နေ့ ညက ဝင်ရောက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။ မိုင်းရယ်မြို့က စစ်ကောင်စီတပ်ရင်းများကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းအချိန်တွင် SSPP က ဝင်ရောက်တပ်စွဲရသည့် အကြောင်းအရင်းကို ယခုလိုပြောသည်။ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုက “ ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ