ရှမ်းမြောက် တကျော့ပြန်စစ်ဆင်ရေး တစ်လအတွင်း စစ်ကောင်စီ ပစ်ခတ်၍ အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရ
(ဟိုင်ဂင်သဘောတူညီချက်ကို အားလုံး လေးစားရန် TNLA မျှော်လင့်) ရှမ်းပြည် မြောက်ပိုင်းနှင့် မန္တလေးတိုင်းမှာ ၁၀၂၇ တကျော့ပြန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီပစ်ခတ်တိုက်ခိုက်၍ အရပ်သားပြည်သူ ၂၅ ဦးသေဆုံးပြီး ၃၇ ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း တအောင်တပ် TNLA က ပြောဆိုထားသည်။ ရှမ်းမြောက် တအောင်းလူမျိုးတပ် TNLA ၏ ၂၀၂၄ ခုနှစ်၊ ဇွန်လထုတ် စာစောင် အယ်ဒီတာ့အာဘော်တွင် ပြောဆိုထားသည်။ ရှမ်းပြည် သီပေါမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့၊ မိုးမိတ်မြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ပေါင် ၅၀၀ ဗုံး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။ ထိုအပြင် စစ်ကောင်စီတပ်များသည် ယင်းမြို့နယ်များက
မတူပီမြို့မှာ CNA နှင့် တိုက်ပွဲဖြစ်လာနိုင်၍ မြို့ထဲသို့ ပြည်သူများ ချက်ချင်းမဝင်ကြရန် CDF မတူပီတပ် အသိပေး
ချင်းပြည်နယ် မတူပီမြို့ကို စစ်ကောင်စီထံမှ ချင်းညီနောင်မဟာမိတ်တပ်က အလုံးစုံသိမ်းပိုက်လိုက်ပြီဖြစ်သော်လည်း ချင်းအမျိုးသားတပ် CNA နှင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်၍ ဒေသခံပြည်သူများအနေဖြင့် မြို့ထဲသို့ ချက်ချင်းမဝင်ရောက်ကြရန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF-မတူပီက ဇွန်လ ၃၀ ရက်နေ့တွင် အသိပေးစာ ထုတ်ပြန်လိုက်သည်။ မတူပီမြို့က စစ်ကောင်စီများကို ချင်းညီနောင်မဟာမိတ်တပ်က ဇွန်လ ၉ ရက်မှ ဇွန်လ ၂၉ ရက်အတွင်း အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ မတူပီမြို့ကို သိမ်းပိုက်ပြီးနောက် မြို့လုံခြုံရေး၊ ပြည်သူများဘေးကင်းစေရေးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေမြှုပ်ထားခဲ့သော မြေမြှုပ်မိုင်းများကို ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ပေးနေသည်ဟု CDF မတူပီတပ်က ထုတ်ပြန်သည်။ သို့သော်လည်း မတူပီမြို့နယ်အတွင်း ချင်းအမျိုးသားတပ်မတော် CNA/CNF နှင့် စစ်ရေးတင်းမာမှုများ အချိန်မရွေးရှိလာနိုင်သဖြင့် နောက်ထပ်
စစ်ကောင်စီ ဗုံးကြဲ၍ တအောင်းဒေသ နေအိမ် ၂၀ ခန့် ပျက်စီး
ရှမ်းမြောက် ကျောက်မဲမြို့နယ် တအောင်းဒေသကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံနေအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း TNLA က ယနေ့ ထုတ်ပြန်ထားသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက် ညသန်ခေါင်းယံ ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ကျောက်မဲမြို့ ရပ်ကွက် ၁ ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၁ ရှိ One Love Hotel၊ ပင်လုံလမ်းအနီး ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ် ၂၀ ခန့် ပျက်စီးသွားခြင်းဖြစ်သည်။ ယမန်နေ့ နံနက်ပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်မှ
သံတွဲ၊ တောင်ကုတ် စစ်ရေးပြင်းထန်နေချိန် ကျောက်ဖြူမြို့ကို စစ်ကောင်စီက စစ်အင်အား ပိုမိုဖြည့်တင်းလာ
ရခိုင်ပြည် တောင်ပိုင်းဒေသ သံတွဲ၊ တောင်ကုတ်မြို့နယ်တို့တွင် စစ်ရေးပြင်းထန်နေချိန် အာဏာသိမ်း စစ်ကောင်စီသည် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်က တပ်ရင်း၊ တပ်ဖွဲ့များကို စစ်အင်အား ယခင်ထက် ပိုမိုဖြည့်တင်းလာကြောင်း စစ်ရေးသိသူများထံမှ သိရသည်။ စစ်အင်အားဖြည့်တင်းရာတွင် လူအင်အားအပြင် စစ်လက်နက်ခဲယမ်း အမြောက်အများကိုလည်း ဖြည့်တင်းနေပြီး အဓိက နယ်မြေခံ အမှတ် ၃၂ ရဲတပ်ရင်းကို အင်အားဖြည့်တင်းနေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ “အင်အားတွေ ထပ်ဖြည့်နေတာတွေ တွေ့ရတယ်။ ဇွန် ၂၇ ရက်ကတည်းက ငလပွေ့ဆိပ်က နေဗီကကတစ်ဆင့် ကားတွေနဲ့ ပစ္စည်းတွေ တော်တော်များများတင်ကြတယ်။ ကြည့်ရသလောက်တော့ လက်နက်ခဲယမ်းနဲ့ တပ်သားတွေပါမယ်။ ညဉ့်ဆိုတော့ ကားအစီးရေအရေအတွက်သေချာမသိနိုင်ဘူး။ ပစ္စည်းတွေကိုတော့ တစ်ညလုံးနီးပါးကို တင်ကြတာ။ အမှတ် ၃၂
မြစ်ကြီးနားမြို့မှာ ရေကြီး၊ ပြည်သူ ထောင်ချီ ပိတ်မိနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာ၍ ရပ်ကွက်အများစုတွင် ရေကြီးရေလျှံဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေး မလုံလောက်သဖြင့် ပြည်သူထောင်နှင့်ချီ ပိတ်မိနေကြောင်း ဒေသတွင်းပရဟိတအဖွဲ့များထံမှ သိရသည်။ မြစ်ကြီးနားမြို့နယ်၊ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ တို့တွင် ရေကြီးနေသည်။ ယင်းအပြင် ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း၊ ပေါ်ဦး အပါအဝင် ရပ်ကွက်အများစုတွင် ရေများအလုံးအရင်းဖြင့် ဝင်ရောက်လာနေပြီး ပြည်သူထောင်ချီ ပိတ်မိနေကြောင်း သိရသည်။ ကူညီနေသူတစ်ဦးက ” ရေက တအိအိနဲ့ကို တက်လာတဲ့အပြင် မိုးကလည်းရွာနေတယ်။ ကူညီဖို့ အကူအညီတောင်းသူတွေ
ထားဝယ်မှာ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်စတင်
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက ထားဝယ်မြို့နယ် တနေရာတွင် ဇွန် ၃၀ ရက်နေ့က သံဃာတော်များက ဦးဆောင်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် လှုပ်ရှားမှု လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မှု စတင်ခဲ့ကြောင်း ယင်း မြို့ရှိ ပြည်သူများထံမှ သိရသည်။ အဆိုပါ ချီတက်ဆန္ဒပြပွဲကို ထားဝယ်ခရိုင် သံဃာတော်များက ဦးဆောင်၍ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့ ပြောကြားချက်များအရ သိရ သည်။ “တိုင်းပြည်နှင့် သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်အလိုမရှိ” ဆိုင်းဘုတ်ကိုင်ကာ “သံဃာကို သတ် မင်းအောင်လှိုင်တပ် အလိုမရှိ၊ လူမိုက်ကိုကူ သီတဂူ အလိုမရှိ
မတူပီမြို့ကို ချင်းညီနောင်မဟာမိတ် သိမ်းပိုက်လိုက်ပြီ
ချင်းပြည်နယ် မတူပီမြို့က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများနှင့် ဗျူဟာကုန်းများကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက အလုံးတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု ယမန်နေ့ ဇွန်လ ၂၉ ရက်တွင် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေး ချင်းညီနောင်တပ်ဖွဲ့က AA ပါဝင်သော မဟာမိတ်တပ်ဖွဲ့များဖြင့် CB စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် အစောပိုင်းက စတင်ခဲ့ကြသည်။ လက်ရှိတွင် မတူပီမြို့က စစ်ကောင်စီတပ်ရင်းများအားလုံးကို တိုက်ခိုက်နိုင်ခဲ့ပြီး ချင်းညီနောင်တပ်ဖွဲ့များ၊ မဟာမိတ်ဖြစ်သော AA ၊ ယောတပ် YA နှင့် ယောကာကွယ်ရေးတပ် YDF တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၇ ရက်က မတူပီမြို့ရှိ စစ်ကောင်စီ ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီး
ရှမ်းမြောက် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ
စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီက တံတား ၅ စင်းကို ဖျက်ဆီးခဲ့ ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းတပ်မတော် TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၂၀ ကျော်ရှိ သေဆုံးသည်ဟု TNLA က ပြန်သည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲအတွင်းမှာ ဇွန် ၂၅ ရက်ကနေ ၂၈ ရက်အထိ ၄ ရက်တာအတွင်း ပြည်သူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။