စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်
စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်
စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ
စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ
မုံရွာ စစ်တပ်ကာကင်းစခန်းကို PDF တိုက်ခိုက်၊ စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ
ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး တစ်မိုင်အကွာတွင် တပ်စွဲထားသော စစ်တပ်၏ ရှေ့တန်း ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူက ပြောသည်။ယင်းမာပင်မြို့နယ် ပကဖ (ULF စစ်ကြောင်းမှုး ) ဦးစီးသော ကာကွယ်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ မိနစ် ၃၀ ခန့်အကြာတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပကဖမှ တာဝန်ရှိ သတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ ကာကင်းစခန်းတွင် စစ်ကောင်စီတပ်က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားပြီး ကာကင်းစခန်းမှ စစ်ကောင်စီ တပ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း
ရခိုင်မှာ လူမှုကူညီရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူညီများ ပေးနေသည့် NGO/INGO များမှာ ဒေသတွင်းလုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေကြောင်း အဆိုပါအသိုင်းဝိုင်းမှ သိရသည်။ ဒေသအလိုက် လုပ်ငန်းလည်ပတ်မှုမှာ မတည်ငြိမ်သည့် အခြေနေများကြား ယခင်ထက် ၃ ပုံ ၁ ပုံနှုန်းခန့် လျော့ကျနေပြီး အကျိုးခံစားခွင့်ရှိသူများအနေဖြင့် များစွာနစ်နာမှုရှိနေကြသည်ဟု ကျောက်တော်မြို့နယ်မှ NGO တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “ဒီဖက်မှာကျတော့ အာဏာပိုင်တွေနဲ့က ပြဿနာသိပ်မရှိဘူး။ အဆင်ပြေတယ်။ တစ်ခုပဲ ကျနော်တို့ ထောက်ပံ့ရေးပစ္စည်းတွေ အလုံလောက်မရနိုင်ဘူး။ အဓိက က လမ်းကြောင်းတွေအပိတ်ခံထားရတာကြောင့်ပေါ့။ နောက်တစ်ခုက အင်တာနက်ပြဿနာ။ ဒီပြဿနာကြောင့် ဒီဘက်နယ်တွေမှာ လုပ်ငန်းလည်ပတ်မှုက အရင်ကထက် ၃ ပုံ ၁ ပုံ လောက်လျော့သွားတယ်။
မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော
Western News| ဇွန် ၁၃၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေပြီး ယင်းအနက် တစ်သန်းခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာသည့်နှင့်အမျှ မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေသည်လည်း စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ထံမှ သိရသည်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် ၎င်းတို့၏ အနာဂတ်များ ပျောက်ဆုံးသွားကြရကြောင်း UNOCHA က ဇွန်လ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ နက်နဲရှုပ်ထွေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ယနေ့ ဇွန်လ
မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ
ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးစတင်နေပြီဟု ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။ မတူပီမြို့ထဲက စစ်ကောင်စီတပ်ခန်းများကို မကွေးတိုင်းအခြေစိုက် ယောတပ် YA နှင့် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်ဟု ချင်းညီနောင်များက ပြောဆိုထားပြီး အာရက္ခတပ်တော် AA လည်းပါဝင် တိုက်ခိုက်ပေးနေသည်ဟု နီးစပ်သူများထံမှ သိရသည်။ လက်ရှိတွင် မတူပီမြို့အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ချင်းညီနောင်တော်လှန်ရေး ပူးပေါင်းတပ်က မတူပီရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းလိုက်ပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။ ချင်းပြည်ထဲက မကွီးအိမ်နူး၊ ကျင်ဒွေး၊ ဝေဘူလ၊ ရိဒ်ခေါဒါရ်၊ နှာရိန်နှင့် ဆူခွာမြို့ စသည့် မြို့များကို ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီဖြစ်သည်။ပုံစာ – မတူပီမြို့
မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)
မွတ်ဆလင်ထောင်နှင့်ချီ ကူညီစောက်ရှောက်ပေးထားကြောင်း AA ပြော၊ စားနပ်ရိက္ခာများ အရေးပေါ်လိုနေ (ရုပ်သံ)
ဘူးသီးတောင်မြို့ မီးရှို့ဖျက်ဆီးခံရသည်ဆိုသော သတင်း ဓါတ်ပုံ အမှား
(Fact Check) ရခိုင်ပြည် ဘူးသီးတောင်မြို့နှင့်ပတ်သက်၍ သတင်းအမှား၊ ဓါတ်ပုံအမှားများကို လူမှုကွန်စာမျက်များတွင် အမှားဖြန့်နေခြင်းနှင့် သတင်းဌာနတချို့တွင် သတင်းအမှားရေးသားခြင်း၊ ဓါတ်ပုံအမှား အသုံးပြုနေသည်ကို တွေ့ရသည်။ ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AA က မီးရှို့ဖျက်ဆီးသည်ဆိုသော သတင်းအမှားများနှင့် မီးလောင်နေသည့် မြင်ကွင်းအဖြစ် ဓါတ်ပုံအသုံးပြုရာတွင် ဘူးသီးတောင်မြို့ ဓါတ်ပုံမဟုတ်ဘဲ အခြားသော မီးလောင်နေသည့်ပုံကို ဘူးသီးတောင်မြို့ မီးလောင်နေသည့်ပုံစံမျိုးဖြင့် သတင်းအမှား၊ ဓါတ်ပုံအမှားများကို ဖြန့်ဝေနေကြသည်။ DVB သတင်းဌာန၏ English ဝက်ဆိုက်စာမျက်နှာတွင် ဘူးသီးတောင်မြို့နှင့် ပတ်သက်ပြီး ရေးသားထားသော သတင်းနှစ်ပုဒ်မှာ အသုံးပြုထားသည့် ဓါတ်ပုံသည် ဘူးသီးတောင်မြို့ ဓါတ်ပုံမဟုတ်ဘဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်သွားသော ကျောက်ဖြူမြို့နယ် စနဲမြို့ ဓါတ်ပုံဖြစ်သည်။ ဓါတ်ပုံစာတန်းကို
အထင်သေးခံဘဝကနေ ရခိုင်ပြည်ကို သိမ်းပိုက်တော့မည့် AA
ဇော်ထွန်း (မြောက်ဦး)_ရေးသားသည် အာရက္ခအမျိုးသားရေးဝါဒ (Arakha Nationalism)၊ ဒီမိုကရေစီ (Democracy) နှင့် မာရက်တိုကရေစီ (Meritocracy) တို့ကို နိုင်ငံရေးယုံကြည်ချက်များအဖြစ် ပိုမိုနှစ်ခြိုက်သော အာရက္ခတပ်တော်သည် “ဝထက် မနိမ့်သော ကွန်ဖက်ဒရိတ်အဆင့်အတန်းကို ရလိုသည်” ဟူ၍ တရားဝင်ထုတ်ဖော်ပြောဆိုကာ တော်လှန်ရေး ဆင်နွှဲလျက်ရှိနေသည်။ ရက္ခိုင်တပ်မတော်မှ ရက္ခိုင့်တပ်တော်၊ အာရက္ခတပ်တော် (Arakan Army-AA) စသဖြင့် ပြောင်းလဲလာခဲ့ပြီး ကျဉ်းမြောင်းသည့် အမျိုးသားရေးအမြင်များမှသည် အားလုံးပါဝင်သော (သို့မဟုတ်) နိုင်ငံနှင့်ထိုက်တန်သော အမျိုးသားရေးအမြင်များသို့ တစ်စစကူးပြောင်းလျက် ဘုံအမျိုးသားလုံခြုံရေးတပ်နှင့် ဘုံအမျိုးသားအမှတ်သညာများကို တည်ဆောက်လျက်ရှိနေသည်ဟု နားလည်ရသည်။ ဆုံးရှုူံးသွားသော အချုပ်အခြာအာဏာကို ပြန်လည်ရရှိရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရသော်လည်း ပြောင်းလဲနေသော ခေတ်ကာလနှင့် မိမိတို့၏ ပေါက်မြောက်အောင်မြင်မှုများအပေါ် မူတည်လျက်