မာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ
ရခိုင်ပြည် မာန်အောင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ရွာသားဘက်က မရပ်တည်ပေးဘဲ အာဏာသိမ်း စစ်ကောင်စီဘက်မှ ရပ်တည်ပေးနေ၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရွာသားများကြား ပဋိပက္ခဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် မာန်အောင်မြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အတွင်းရှိသော လူငယ်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကတစ်ဆင့် အတင်းအဓ္ဓမခေါ်ယူနေပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကလည်း စစ်ကောင်စီ ခိုင်းသည့်အတိုင်း ရပ်ရွာအတွင်း လိုက်လံခေါ်ယူနေကြောင်း ဒေသခံရွာသားများက ပြောဆိုကြသည်။ အိုးဝေကျေးရွာဒေသခံတစ်ဦးက ” ကျနော်တို့ရွာမှာ အုပ်ချုပ်ရေးမှူးက ကျေးရွာသားတွေနဲ့အတူ ရှိမနေဘူး။ သူကိုယ်တိုင်က ရွာသားတွေကို စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တာတွေလုပ်နေတယ်။ အခုရက်ပိုင်းအတွင်းမှာကိုက စာရင်းပေးရတော့မယ်ဆိုတော့ ဒီကလူတွေက ရှောင်နေကြပြီ။ ရှောင်နေတဲ့ဆိုပေမယ့် ကျနော်တို့က လွတ်လွတ်လပ်လပ်သွားလာခွင့်လည်း ရထားတာမဟုတ်ဘူး။ အသက်အန္တာရာယ်ကြားထဲမှာပဲ
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်တိုးလာကြောင်း ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ ယူနီဆက်ဖ်က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ပြောသည်။ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေအပျောက် ၂၇၀ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အသေအပျောက် ၃၉၀ ထက်မနည်း တိုးမြင့်လာခဲ့ပြီး ယမန်နှစ်က မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံး၏
“အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး”
“အဓမ္မစစ်သားစုဆောင်ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို စစ်ကောင်စီက လိုက်လံ ရှာဖွေနေ၊ မတွေ့ရှိပါက မိသားစုဝင်များကို ဖမ်းဆီး” စတာတွေ အပါအဝင် ရခိုင်ပြည်အတွင်း မွတ်ဆင်လင်တွေရဲ့အခြေအနေကို မေးမြန်းထားပါတယ်။
စစ်ကောင်စီနှင့် AA ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်ပြော
ရခိုင်ပြည်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား အပြုသဘောဆောင်သောဘက်မှ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသွားမည်ဟု တရုတ်နိုင်ငံက ပြောဆိုလိုက်သည်။ ယမန်နေ့ ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ပြောကြားခဲ့ကြောင်း ဧပြီလ ၅ ရက်တွင် တရုတ်အစိုးရပိုင် CGTN သတင်းက ဖော်ပြသည်။ တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် မြေပြင်အခြေအနေ အမြန်ဆုံးတည်ငြိမ်စေရန်အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု Geng ကတိပြုခဲ့သည်။ “မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ ရခိုင်ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို နီးကပ်စွာ လိုက်နာဆောင်ရွက်လျက်ရှိပါတယ်”
အပူပြင်းဆုံးရာသီဝင်လာ၍ ရခိုင်ကစစ်ရှောင်များ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရ
အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်သဖြင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာရသူ စစ်ရှောင်များမှာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ယူအန်အိုချာ (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပြောသည်။ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ ယိုးတရုပ်၊ ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာနှင့် ကျင်တလင်းရွာ စသည့် ကျေးရွာများတွင် သောက်သုံးရေရှားပါးနေကာ မသန့်ရှင်းသောရေကို သောက်သုံးနေရသည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ ကျေးရွာများတွင် မူလနေထိုင်သူ ကျေးရွာသားများအပြင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် အခြားသော ကျေးရွာများမှ လာရောက်ခိုလှုံကြသော စစ်ရှောင်အရေအတွက် များစွာရှိနေကြသည်။ မသန့်ရှင်းသောရေကို သောက်သုံးနေရ၍ ကလေးငယ်များနှင့် အမျိုးသမီးအများစုမှာ ခန္ဓာကိုယ်ယားယံမှုနှင့် ဝမ်းပျက်ဝမ်းလျော့ရောဂါကို ခံစားနေရသည်ဟု သရက်ချိုကျေးရွာသို့ ပုဏ္ဏားကျွန်းမြို့ပေါ်မှ စစ်ရှောင်လာသူ
ရခိုင်စစ်ပွဲ ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးရှိ
၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရကြောင်း ULA/AA ၏ HDCO က ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ HDCO သည် ULA/AA ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးရုံး ဖြစ်ပြီး ရခိုင်စစ်ပွဲ ၄ လကျော်ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီမှ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူများစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။ သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ထုတ်ပြန်စာရင်းတွင် ဖော်ပြထားသည်။ မတ်လ
ရခိုင်က HIV လူနာများ ART ဆေးပြတ်လပ်မှုဖြင့်ကြုံနေရ
ရခိုင်က HIV လူနာအများစုမှာ ART ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း HIV လူနာများကပြောသည်။ ဆေးပြတ်လပ်နေသည့် လူနာများမှာ အများအားဖြင့် ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ရရှိထားပြီဖြစ်သည့် မြို့နယ်များမှ လူနာများဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည့် မြို့နယ်များတွင်လည်း ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေကြရကြောင်း သိရသည်။ HIV လူနာများအတွက် ART ဆေးကို ယခင်မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှတစ်ဆင့် အခမဲ့ထုတ်ပေးခဲ့ပြီး လက်ရှိတွင် ထိုကဲ့သို့ တာဝန်ယူထုတ်ပေးသူများမရှိတော့၍ များစွာအခက်တွေ့နေရသည်ဟု မြောက်ဦးဒေသခံ HIV လူနာတစ်ဦးက ပြောသည်။ ” အရင်တုန်းကဆို လစဥ်ကျန်းမာရေးဌာနကနေ ထုတ်ပေးနေတော့ အဆင်ပြေပါတယ်။ အခုဆေးကုန်လို့ ဆေးထုတ်ဖို့ မေးမြန်းကြည့်တော့ ဆေးမရှိတော့ဘူးလို့ ပြောတယ်။ ကျနော်တို့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ”
မကွေးက စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် PRA ပြော
မကွေးတိုင်း ငဖဲမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ အခြေစိုက်တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များနှင့် တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချအလင်းဝင်ကြရန် မကွေးစစ်တပ် PRA က သတိပေးတိုက်တွန်းလိုက်သည်။ မကြာခင်မှာ PRA ထိုးစစ်က မြေပြန့်ကိုဆင်းမည် မကြာခင်မှာ စစ်က မြေပြန့်ကို ဆင်းလာမည်ဖြစ်၍ မကွေးက စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံ အလင်းဝင်ကြရန် PRA ပြောခွင့်ရ ကိုနေမွန်က သတိပေးပြောသည်။ ” ငဖဲမြို့နယ်မှာရှိတဲ့ ကပစတွေ၊ အမြောက်တပ်တွေ၊ စကစရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အကုန်လုံး လက်နက်ချဖို့ ကျနော်တို့ဆီမှာ အလင်းဝင်ပြီး ခိုလှုံဖို့ သတိပေးတိုက်တွန်းပါတယ်။ မဟုတ်ရင် ကျနော်တို့ရဲ့ စစ်က မြေပြန့်ကို ဆင်းလာမှာဖြစ်တဲ့အတွက် မကြာခင်မှာ တိုက်ပွဲက
Move Forward ပါတီ ဖျက်သိမ်းရေး ခုံရုံးလက်ခံ၊ မကြာခင် ကြားနာပွဲလုပ်မည်
ထိုင်းပြည်သူ အများစု ထောက်ခံမဲပေးထားသည့် Move Forward ပါတီကို ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်၏ ဦးတိုက်လျောက်ထားမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက လက်ခံလိုက်ပြီး မကြာခင် ကြားနာပွဲပြုလုပ်သွားမည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ရေးသားဖော်ပြသည်။ Move Forward ပါတီအနေဖြင့် ၁၅ ရက်အတွင်း အယူခံဝင်ရန် အခြေခံဥပဒေခုံရုံးက ညွှန်ကြားထားကြောင်း ခုံရုံးတာဝန်ရှိသူများက ပြောသည်။ ရွေးကောက်ပွဲကော်မရှင် မှတ်ပုံတင်ရေးဌာနက တာဝန်ရှိသူတစ်ဦးမှာ ထိုင်းပြည်သူ အများဆုံးထောက်ခံ မဲပေးထားသည့် Move Forward ပါတီ (MFP) ကို ဖျက်သိမ်းပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ မတ်လ ၁၂ ရက်နေ့က ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများမှာ MFP ပါတီကို ဖျက်သိမ်းရန်နှင့် ပါတီခေါင်းဆောင်
တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့် စခန်းမှ ထွက်ပြေး
Western News| ဧပြီ ၄ ရခိုင်ပြည်၊ တောင်ကုတ်ရဲတပ်ဖွဲ့တွင် တာဝန်ကျနေသည့် တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့်မှာ တာဝန်ကျသည့် နေရာစခန်းမှ ဧပြီ ၃ ရက်နေ့တွင် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်း ပြောဆိုချက်အရ သိရသည်။ ကိုယ်ပိုင်အမှတ် ၇၄၂၉ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့်မှာ ၎င်းတာဝန်ကျနေရာ တောင်ကုတ်မြို့မရဲစခန်းမှ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက Western News ကို ပြောသည်။ စခန်းမှူး ထွက်ပြေးသွားသောကြောင့် ၎င်းသွားလာတက်သည့် နေရာများဖြစ်သော ကားဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံစုံစမ်းရှာဖွေခြင်း၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များ ရှာဖွေတွေ့ရှိခြင်းရှိခဲ့သော်လည်း ရှာတွေ့ခြင်း မရှိကြောင်း သိရသည်။ စခန်းမှူး ဒုတိယရဲမှူး