အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို အမေရိကန် ထပ်ပြော
စစ်ရေး သတင်း
1 min read
0

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို အမေရိကန် ထပ်ပြော

ဧပြီ ၂၄ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်း ပြုလုပ်နေသော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်နှင့် မတရားဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံက ထပ်မံပြောဆိုသည်။ ဧပြီလ ၂၂ ရက်က ကမ္ဘောဒီယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ အကြီးတန်းအရာရှိ Sean O’Neill က ပြောဆိုခြင်းဖြစ်သည်။ အမေရိကန်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ မြန်မာနိုင်ငံ အမှန်တကယ် ဒီမိုကရေစီလမ်း ကြောင်းသို့ လွယ်ကူချောမွေ့စွာ ပြန်လည်ရောက်ရှိရေး အာဆီယံနှင့်အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို စစ်တပ်က ချက်ချင်းရပ်တန့်ရန်၊ မတရား ဖမ်းဆီးထားသူများကို လွှတ်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှု

Continue Reading
AA နှင့်ဆက်သွယ်၍ဆိုပြီး ဧရာဝတီမှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါ ၁၁ ဦး ဖမ်းဆီးခံထားရ
စစ်ရေး သတင်း
1 min read
0

AA နှင့်ဆက်သွယ်၍ဆိုပြီး ဧရာဝတီမှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါ ၁၁ ဦး ဖမ်းဆီးခံထားရ

ဧပြီ ၂၄ - ၂၀၂၅
0

အာရက္ခတပ်တော် AA နှင့် ဆက်သွယ် ထောက်ပံ့၍ဆိုပြီး ဧရာဝတီတိုင်းဒေသ ငါးသိုင်းချောင်းမြို့မှာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦး အပါအဝင် ၁၁ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်ပို့ပြီး AA အား ထောက်ပံ့ ပေးသည်ဟု စွပ်စွဲချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ကို ဖမ်းဆီး စစ်ဆေးနေကြောင်း ဆိုသည်။ ၎င်းတို့ကို ဧပြီလ ၁၉ ရက်မှ ၂၁ ရက်အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ငါးသိုင်းချောင်းမြို့က နာမည်ကြီး ပွဲရုံတစ်ခုဖြစ်သည့် ရွှေပြည်အေးပွဲရုံမှ လုပ်ငန်းရှင်များ ပါဝင်ကြသည်။ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါအဝင်

Continue Reading
စစ်အုပ်ချုပ်ရေးဖြင့် တိုင်းပြည်တည်ဆောက်၍မရကြောင်း NUG ပြော
နိုင်ငံရေး သတင်း
1 min read
0

စစ်အုပ်ချုပ်ရေးဖြင့် တိုင်းပြည်တည်ဆောက်၍မရကြောင်း NUG ပြော

ဧပြီ ၂၃ - ၂၀၂၅
0

တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးဖြင့် တည်ဆောက်၍ မရနိုင်ဆိုသည်ကို အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် ပြုလုပ်သော NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူးဆိုတာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်” ဟု ပြောသည်။ မြန်မာပြည် အေးချမ်းစေရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်အောင် တွန်းအားပေးနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ကောင်စီ၏

Continue Reading
အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကို သတ်ဖြတ်သော ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီး အရေးယူ
စစ်ရေး သတင်း
1 min read
0

အရပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကို သတ်ဖြတ်သော ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းဆီး အရေးယူ

ဧပြီ ၂၃ - ၂၀၂၅
0

အရပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့သော ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် SNA တပ်ဖွဲ့ဝင်များ အပါအဝင် တရားခံ ၃၀ ကျော်ကို ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။ ၎င်းတို့ကို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို သိမ်းပိုက်တိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်ပြီး အားလုံးကို တိုင်းဌာနချုပ်သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။ ကျူးလွန်ခဲ့သူများမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ SNA တပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ် တပ်ဒေါက်တိုင် ၃၀ ကျော် ကို ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးထားသူများမှာ ပြည်သူ့

Continue Reading
ထွက်ပြေးသွားသည့် တပ်သား ၅ ဦးကို ဖမ်းဆီးပေးရန် ထိုင်းအစိုးရကို စစ်ကောင်စီ တောင်းဆို
စစ်ရေး သတင်း
1 min read
0

ထွက်ပြေးသွားသည့် တပ်သား ၅ ဦးကို ဖမ်းဆီးပေးရန် ထိုင်းအစိုးရကို စစ်ကောင်စီ တောင်းဆို

ဧပြီ ၂၃ - ၂၀၂၅
0

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဘက်မှ စစ်ကောင်စီတပ်သား ၅ ဦးသည် ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဘုန်တီကျေးရွာလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီက ထွက်ပြေးသွားသည့် စစ်သား ၅ ဦးကို ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း သိရသည်။ ထိုင်းအာဏာပိုင်းများကလည်း စစ်ကောင်စီ တောင်းဆိုသည့်အတိုင်း ဆောင်ရွက်နိုင်ရန် ထွက်ပြေးလာသည့် တပ်သား ၅ ဦးကို ဖမ်းဆီးရန် ကန်ချနဘူရီခရိုင်တွင် လိုက်လံရှာဖွေနေကြောင်း ဆိုသည်။ ကန်ချနဘူရီခရိုင်က ပြည်သူများကိုလည်း ထိုင်းအာဏာပိုင်များက အသိပေးပြောကြားထားပြီး တပ်သား ၅ ဦးနှင့် ပတ်သက်၍ သတင်းပေးကြရန် ညွန်ကြားထားကြောင်း သိရသည်။ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၅

Continue Reading
လွတ်မြောက်နယ်မြေသွားသည့် စစ်တွေဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ
သတင်း
1 min read
0

လွတ်မြောက်နယ်မြေသွားသည့် စစ်တွေဒေသခံ ၃၀ ကျော် ဖမ်းဆီးခံရ

ဧပြီ ၂၃ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ပေါက်တောမြို့နယ်သို့ သွားရောက်သည့် စစ်တွေဒေသခံ ၃၄ ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ဖမ်းဆီးသွားကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်းတွင် ပေါက်တောမြို့နယ်သို့ သွားရောက်နိုင်ရန် စစ်တွေမြို့ မိဇံရပ်ကွက် ကိုရီးယားဆိပ်ကမ်းတွင် စက်လှေသို့ သွားရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် ALP တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြန်လွတ်လာသည့် ဒေသခံများက ပြောသည်။ “မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ပွဲစားက စက်လှေသို့ ဆင်းလာဖို့ ခေါ်တယ်။ ကိုရီးယားဆိပ်ကမ်းမှာ စက်လှေက စောင့်နေတယ်။ စက်လှေသို့ ဆင်းဖို့ လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်

Continue Reading
စစ်ခေါင်းဆောင် မင်းအောင်လှိုင် သေမှ နိုင်ငံရေးထဲက ထွက်လိမ့်မည်ဟု NUG ပြော
စစ်ရေး သတင်း
1 min read
0

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သေမှ နိုင်ငံရေးထဲက ထွက်လိမ့်မည်ဟု NUG ပြော

ဧပြီ ၂၂ - ၂၀၂၅
0

၂၀၂၁ ခုနှစ်က မဲစာရင်း လိမ်လည်မှုစွပ်စွဲချက် အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သည့် မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၅ ဒီဇင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကြီး ပြုလုပ်သွားမည်ဟု ကြေညာထားသည်။ နိုင်ငံတစ်၀ှမ်းတွင် ပြည်တွင်းစစ် ခုခံတော်လှန်ရေးနှင့် ထိန်းချုပ်နယ်မြေ အများအပြားကို စွန့်လွှတ်နေရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ရွေးကောက်ပွဲကျင်းပ အောင်မြင်ရန် မဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုထားကြသည်။ အာဏာသိမ်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲမှာ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ပြီး မင်းအောင်လှိုင်သည် နိုင်ငံရေးထဲက သေမှပဲ ထွက်လိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။ “တချို့က မင်းအောင်လှိုင် လုပ်မဲ့ တရားမ၀င်ရွေး‌ကောက်ပွဲကို သူရဲ့ ထွက်ပေါက်လို့ ထင်ကြတယ်။

Continue Reading
လားရှိုးကိစ္စမှာ တရုတ်ပါဝင်ခဲ့ကြောင်း ပြောဆိုနေချိန် မြန်မာ့အရေး ကြားဝင်စွက်ဖက်မှုမရှိ မူကို ဆက်လက်ကျင့်သုံးနေကြောင်း တရုတ်ပြောခွင့်ရပြော
စစ်ရေး သတင်း
1 min read
0

လားရှိုးကိစ္စမှာ တရုတ်ပါဝင်ခဲ့ကြောင်း ပြောဆိုနေချိန် မြန်မာ့အရေး ကြားဝင်စွက်ဖက်မှုမရှိ မူကို ဆက်လက်ကျင့်သုံးနေကြောင်း တရုတ်ပြောခွင့်ရပြော

ဧပြီ ၂၂ - ၂၀၂၅
0

ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် အာဏာသိမ်း စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးနေသည်ဟု ဒေသခံများက ပြောဆိုနေချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက မြန်မာ့အရေး ကြားဝင်စွက်မှုမရှိ မူကို ဆက်လက်ကျင့်သုံးနေသည်ဟု ပြောသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ယမန်နေ့ ဧပြီလ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Guo Jiakun က “တရုတ်နိုင်ငံအနေနဲ့ မြန်မာက သက်ဆိုင်ရာအစုအဖွဲ့တွေကို နိုင်ငံရေးပြန်လည်သင့်မြတ်ဖို့ နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့ မိတ်ဆွေသ‌ဘောနဲ့သာ အကြံပြုပေးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။ ဧပြီလ ၁၉

Continue Reading
စစ်ကောင်စီက ငလျင်အပစ်ရပ် သက်တမ်းတိုးမြှင့်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက ငလျင်အပစ်ရပ် သက်တမ်းတိုးမြှင့်

ဧပြီ ၂၂ - ၂၀၂၅
0

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကြောင့် အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ရပ်စဲကြောင်း ကာလကို ဧပြီလ ၃၀ ရက်အထိ ထပ်မံ သက်တမ်းတိုးလိုက်သည်။ ယာယီအပစ်ရပ်စဲကာလ သက်တမ်းထပ်တိုးခြင်းကို စစ်ကောင်စီ၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ ငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အပစ်ရပ်စဲခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ သို့သော်လည်း အပစ်ရပ်စဲမှု စတင်ခဲ့သည့် ဧပြီလ ၂ ရက်နေ့ကနေ အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ အပစ်ရပ်ကာလဖြစ်သည့် ဧပြီလ ၂၁ ရက်တွင် KNU

Continue Reading
မင်းအောင်လှိုင်၏ ရာဇဝတ်မှုများကို နှုတ်ဆိတ်နေသည့် အာဆီယံဥက္ကဌနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်
စစ်ရေး သတင်း
1 min read
0

မင်းအောင်လှိုင်၏ ရာဇဝတ်မှုများကို နှုတ်ဆိတ်နေသည့် အာဆီယံဥက္ကဌနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်

ဧပြီ ၂၁ - ၂၀၂၅
0

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူများအား နေ့စဉ့်ဗုံးကြဲသတ်ဖြတ်နေသည့် လုပ်ရပ်ကို အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့က နှုတ်ဆိတ်နေသည့်အပေါ် ထိုင်းလွှတ်တော် အမတ်တစ်ဦးက မေးခွန်းထုတ်လိုက်သည်။ ထိုင်းလွှတ်တော် အမတ် Kannavee Suebsang သည် ယနေ့ ဧပြီ ၁၉ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဆီဥက္ကဌ မလေးရှားဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့သည် ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က “မလေးရှားဝန်ကြီးချုပ်နဲ့ သက်ဆင်တို့ဟာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ မင်းအောင်လှိုင်ရဲ့ မြန်မာပြည်သူတွေအပေါ်

Continue Reading