တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူအခြေအနေကို ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာ ထုတ်
စီးပွားရေး သတင်း
1 min read
0

တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူအခြေအနေကို ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာ ထုတ်

ဧပြီ ၂၁ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်တွင် ပဋိပက္ခများ တောက်လောင်နေသည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာထုတ် ယနေ့တွင် ထုတ်ပြန်သည်။ ကျောက်ဖြူမြို့နယ်၏ နေရာအများစုကို AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ် စခန်းများနှင့် မြို့တစ်ခုလုံး သိမ်းပိုက်ရရှိနိုင်ရန် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ က ဆိုသည်။ ကျောက်ဖြူဒေသမှာရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့စီးမံကိန်းများမှ စစ်ကောင်စီ နှစ်စဉ်ရရှိနေသော ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ဝင်ငွေမှာ AA ၏ ထိုးစစ်ကြောင့် ခြိမ်းခြောက်မှု

Continue Reading
အမေရိကန်နောက်ခံဖြင့် ဘင်္ဂလားဒေ့ရှ်က စစ်ရေးကူညီပေးမည့်ကိစ္စ ချင်းအမျိုးသားတပ်ဦး CNF ရှင်းလင်း
စစ်ရေး သတင်း
1 min read
0

အမေရိကန်နောက်ခံဖြင့် ဘင်္ဂလားဒေ့ရှ်က စစ်ရေးကူညီပေးမည့်ကိစ္စ ချင်းအမျိုးသားတပ်ဦး CNF ရှင်းလင်း

ဧပြီ ၂၁ - ၂၀၂၅
0

အမေရိကန်နိုင်ငံ၏ ကျော့ထောက်နောက်ခံဖြင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ချင်းအမျိုးသားတပ်ဦး CNF နှင့် အာရက္ခတပ်တော် AA တို့ကို စစ်ကောင်စီအား တိုက်ခိုက်ရန် စစ်ရေးကူညီဆောင်ရွက်ပေးမည်ဟု အိန္ဒိယသတင်းဌာနတစ်ခုက ထုတ်လွှင့်ထားသည်။ အိန္ဒိယအခြေစိုက် Northeast News သတင်းဌာနက ဧပြီလ ၁၅ ရက်နေ့တွင် အဆိုပါကိစ္စကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကြောင့် မြန်မာတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကြားတွင် ပြောဆိုမှု များပြားခဲ့ပြီးနောက် အိန္ဒိယအစိုးရကလည်း ချင်းအမျိုးသားတပ်ဦး CNF ကို မေးမြန်းမှုရှိခဲ့သည်ဟု ပြောခွင့်ရ ဆလင်းထက်နီးက ပြောသည်။ ယနေ့ ဧပြီလ ၂၁ ရက်နေ့ CNF/CNA နှင့် CDF-KKG တို့ အွန်းလိုင်းမှပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် CNF ပြောခွင့်ရ ဆလိုင်းထက်နီး က

Continue Reading
စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံး

ဧပြီ ၂၁ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀၂၅ မတ်လ တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၈၈ ဦးရှိသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၀ ဦးနှင့် ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး သေဆုံးသွားကြောင်း BWU က ထုတ်ပြန်ထားသည်။ ယင်းအပြင် မြေမြှုပ်မိုင်းကြောင့် ၂ ဦး၊ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၇ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၁ ဦးလည်း

Continue Reading
AA ဖမ်းဆီးထားသော အချုပ်သား မိသားစုဝင် ၅ဦး အနက် တစ်ဦး သေဆုံးမှု ဝေဖန်မှု မြင့်တက်နေ
စစ်ရေး သတင်း
1 min read
0

AA ဖမ်းဆီးထားသော အချုပ်သား မိသားစုဝင် ၅ဦး အနက် တစ်ဦး သေဆုံးမှု ဝေဖန်မှု မြင့်တက်နေ

ဧပြီ ၂၀ - ၂၀၂၅
0

အာရက္ခတပ်တော် AAက မိသားစုဝင် ၅ ဦးကို ပစ္စည်းခိုးမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးထားစဉ်တစ်ဦးမှာ သေဆုံးမှု ဖြစ်ပွားခဲ့မှုအပေါ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှု မြင့်တက်နေသည်။ မိသားစုဝင် ၅ဦးကို ပစ္စည်းခိုးယူမှု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ပြီး ၅ လကျော်ကြာသည်တိုင် မိသားစုများနှင့် တွေ့ခွင့် မပေးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရသူထဲက မိသားစုဝင်တစ်ဦး ဖြစ်သူ မအေးငြိမ်းဇော်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အာရက္ခတပ်တော် AA ၏ လုပ်ရပ်အား ယမန့်နေ့က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ ဖမ်းဆီးထားသူ ၅ဦးထဲက

Continue Reading
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က ထပ်မံ ဗုံးကြဲ၊ အရပ်သား ၁၃ ဦး ထပ်မံ သေဆုံး
စစ်ရေး သတင်း
1 min read
0

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က ထပ်မံ ဗုံးကြဲ၊ အရပ်သား ၁၃ ဦး ထပ်မံ သေဆုံး

ဧပြီ ၁၉ - ၂၀၂၅
0

ဓါတ်ပုံများကို Western News ၏ တယ်လီဂရမ်တွင် ကြည့်ပါရန်https://t.me/TheWesternNews/19352 မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၃ ဦးထက်မနည်း ထပ်မံ သေဆုံးသွားကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာရှိ ဓာတ်ဆီဆိုင်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ်နှင့် ၂ နှစ်ကျော်

Continue Reading
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က ထပ်မံ ဗုံးကြဲ၊ အရပ်သား ၁၃ ဦး ထပ်မံ သေဆုံး
စစ်ရေး သတင်း
1 min read
0

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က ထပ်မံ ဗုံးကြဲ၊ အရပ်သား ၁၃ ဦး ထပ်မံ သေဆုံး

ဧပြီ ၁၉ - ၂၀၂၅
0

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၃ ဦးထက်မနည်း ထပ်မံ သေဆုံးသွားကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာရှိ ဓာတ်ဆီဆိုင်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင်

Continue Reading
ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲမှု အနည်းဆုံး ၁ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ကျောက်တော်မြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲမှု အနည်းဆုံး ၁ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ဧပြီ ၁၉ - ၂၀၂၅
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး တစ်ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ကျောက်တောမြို့ထဲ နေရာအနှံ့ကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၁၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Continue Reading
ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော် ကြဲချ၊ အရပ်သား ၁ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော် ကြဲချ၊ အရပ်သား ၁ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ဧပြီ ၁၉ - ၂၀၂၅
0

ရခိုင်ပြည်၊ ကျောက်တောမြို့ထဲ နေရာအနှံ့ကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၁၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ လူ အိပ်မောကျနေချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးချိန်မရလိုက်၍ Western News မှ ကနဦး သတင်းအရ အရပ်သား ၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ ကျောက်တော်မြို့ထဲက နေရာ ၃ ခုကို စစ်ကောင်စီက ၄ ကြိမ်းထက်မနည်း ဗုံးအလုံး ၁၀ ကျော်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသတစ်ဦးက

Continue Reading
မန္တလေး သပိတ်ကျင်းမြို့နယ် ကို စစ်တပ်က ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ၁၂ ဦး သေဆုံး
စစ်ရေး သတင်း
1 min read
0

မန္တလေး သပိတ်ကျင်းမြို့နယ် ကို စစ်တပ်က ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ၁၂ ဦး သေဆုံး

ဧပြီ ၁၈ - ၂၀၂၅
0

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူ ၁၂ ဦးထက် မနည်း သေဆုံးသွားကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီကျော်မှာ လိပ်ကျကျေးရွာ ရွာလည်က စျေးဆိုင်များကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ယင်းကဲ့သို့ သေဆုံး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ လိပ်ကျကျေးရွာသည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က တည်ရှိပြီး ဧပြီလ ၁၆ရက်နေ့တွင် နေရာ နှစ်နေရာကို စစ်ကောင်စီ လေကြောင်းက နှစ်ကြိမ်

Continue Reading
ချင်းပြည်က မတူပီနှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၅ ဦးဒဏ်ရာရ
စစ်ရေး သတင်း
0 min read
0

ချင်းပြည်က မတူပီနှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၅ ဦးဒဏ်ရာရ

ဧပြီ ၁၈ - ၂၀၂၅
0

ချင်းညီနောင်တပ်ဖွဲ့များ သိမ်းပိုက်ထားသော ချင်းပြည်နယ် မတူပီမြို့နှင့် ကန်ပက်လက်မြို့တို့ကို အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၁၇ ရက်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဧပြီလ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုတိုက်ခိုက်မှုတွင် သင်းအုပ်ဆရာတော် တစ်ပါးအပါအဝင် အရပ်သား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သင်းအုပ်ဆရာတော်မှာ ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။ သင်းအုပ်ဆရာတော်နှင့် အရပ်သား ၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်သောကြောင့် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။ အလားတူပဲ

Continue Reading