တောင်ကုတ်၊ သံတွဲ ထပ်မံဗုံးကြဲခံရ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
ရခိုင်ပြည် တောင်ကုတ်နှင့် သံတွဲမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ ၂ ရက် ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ သံတွဲမြို့နယ် ညောင်ခြေထောက်ကျေးရွာကို အောက်တိုဘာလ ၁ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူမှာ ဦးအောင်နိုင်သူနှင့် ဒဏ်ရာရရှိသူမှာ ကိုမိုးတီဖြစ်သည်။ ဒေသခံတစ်ဦးက ” ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ညောင်ခြေထောက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ရွာက ဘုန်းတော်ကြီးအနီးက နေအိမ်တွေကို ထိမှန်ခဲ့တာပါ။ ”
အမ်းမှာ ၂ နာရီကြာ စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွား
ရခိုင်ပြည် အမ်းမြို့နယ် ကျောက်စကွဲကျေးရွာ အနောက်ဘက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ ကျောက်စကွဲကျေးရွာ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာမှာ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၃၇၃ နှင့် ခမရ ၃၇၂ တို့က အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားကြောင်း AA က ထုတ်ပြန်ထားသည်။ နံနက် ၁၁ နာရီ ၅၀ မိနစ်ကစတင်ပြီး ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကာ စစ်ကောင်စီတပ်သား
ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရသည့် သံတွဲမြို့က စစ်ကောင်စီ ဗုံးကြဲမှု (ဓါတ်ပုံသတင်း)
အထူး သတိပေးချက်- နှလုံးရောဂါရှိသူများ၊ သွေးလန့်တတ်သူများ မကြည့်ရ။ ဓါတ်ပုံများကို တယ်လီဂရမ်တွင် ကြည့်ရန်- https://t.me/TheWesternNews/14660 ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခန့်က ရခိုင်ပြည် သံတွဲမြို့ပေါ်က အာဏာသိမ်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ၅ လုံးထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူများ ဒါဇင်နှင့်ချီ သေဆုံးခဲ့သလို ၂၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာ သံတွဲမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး သံတွဲမြို့တော်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးရုံးအနီးကို ပေါင် ၅၀၀ ဗုံးများ ကျရောက်ပေါက်ကွဲခဲ့သည်။ သေဆုံးသူများမှာ ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးခဲ့ရသလို ဒဏ်ရာရရှိသူများမှာလည်း ရုပ်ပျက်ဆင်းပျက်
ဥပုသ်နေ့မှာ မြေပုံ ကမ်းထောင်းကြီးမြို့ကို ဗုံးလာကြဲ၊ ကလေး အပါအဝင် ၂ ဦးသေဆုံး ၈ ဦးခန့် ဒဏ်ရာရ
ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့က ဝါတွင်း ဥပုသ်နေ့ဖြစ်ပြီး ကမ်းထောင်းကြီးမြို့ထဲက ဘုန်းတော်ကြီးကျောင်းနှင့် လူနေရပ်ကွက်များကို ဗုံး ၄ လုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ကလေးငယ်မှာ အသက် ၁၀ နှစ်အရွယ် မရွှေဇင်ဝင်းဖြစ်ပြီး အသက် ၃၅ နှစ်ကျော်အရွယ် မောင်သန်းဌေးတို့မှာ နေရာ၌ သေဆုံးသွားကြသည်။ ကမ်းထောင်းကြီးဒေသခံတစ်ဦးက ” မနေ့က ညနေ ၃ နာရီခွဲကျော်လောက်မှာ စစ်ကောင်စီက ဗုံးလာကြဲတာ။
သံတွဲမြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ၊ ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရ
ရခိုင်ပြည် သံတွဲမြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်က နံနက် ၈ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အချက်အလက်အပြည့်အစုံအား Western News စုံစမ်းနေကာ ပြန်လည်ဖော်ပြပေးမည်ဖြစ်သည်။
တောင်ကုတ် ရွာမ ဗုံးကြဲခံရ၊ ၆ နှစ်သားကလေး အပါအဝင် ၂ ဦးသေဆုံး
ရခိုင်ပြည် တောင်ကုတ်မြို့နယ် တန်းလွဲဒေသ ရွာမကျေးရွာကို အာဏာသိမ်း စစ်ကောင်စီ လေတပ်က ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် ည ၉ နာရီခန့်တွင် ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့၍ အရပ်သားများ သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါနေရာတွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက သတင်းအရ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားနေထိုင်ရာ ရပ်ရွာများကို ဗုံးကြဲခြင်းဖြစ်သည်ဟု ရွာမဒေသခံတစ်ဦးက ပြောသည်။ “တိုက်ပွဲလည်းမရှိ ဘာမှလည်းမရှိဘဲ ဗုံးလာကြဲတာ။ ရွာမ ရွာသစ်ဈေးအနီးကို ဗုံးကျတယ်။ သားမိနှစ်ယောက် အမေက လက်ပြတ်သွားတယ်။ အသက် ၆ နှစ်အရွယ် ကလေးငယ်က သေဆုံးသွားတယ်။ နောက်ထပ် အသက် ၃၀
ဒီဇင်ဘာလ ပထမအပတ် ရခိုင်ပြည်ထူးခြားသတင်းများ
ဒီဇင်ဘာ ၄ ရက် – ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းတွေကိုပိတ်ထားလို့ ဒေသတွင်း ကုန်းဈေးနှုန်းမြင့်တက်မှုနဲ့ ကြုံနေရတဲ့သတင်း – AA နဲ့ဆက်စပ်တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ လက္ကာကျေးရွာသားတွေရဲ့အမှုကို တရားသူကြီး အပြောင်းအလဲဖြစ်လို့ဆိုပြီး အပြီးသတ်အမိန့်မချဘဲ ထပ်မံရွေ့ဆိုင်းလိုက်တဲ့သတင်း -ရခိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပါတ်ထဲမှာ စစ်တွေမြို့နယ်ဟာ ကိုဗစ်ပိုးတွေ့ဦးရေ အများဆုံးဖြစ်တဲ့ သတင်း – တင်းမကျေးရွာသားတွေဟာ နေရပ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်ထိ တင်ပြတောင်းဆိုထားပေမယ့်လည်း ၁ လ ကြာတဲ့အထိထူးခြားမှု မရှိသေးတဲ့သတင်း – ရခိုင်မှာ ၆ လကျော်အတွင်း ကိုဗစ် အတည်ပြုလူနာ ၅၀၀၀ ကျော်နဲ့ သေဆုံးသူ ၅၀၀ နီးပါးရှိတဲ့သတင်း – ရခိုင်က ကျောင်းသား ၄ ဦးအမှုရဲ့