ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော် ကြဲချ၊ အရပ်သား ၁ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
ရခိုင်ပြည်၊ ကျောက်တောမြို့ထဲ နေရာအနှံ့ကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၁၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ လူ အိပ်မောကျနေချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးချိန်မရလိုက်၍ Western News မှ ကနဦး သတင်းအရ အရပ်သား ၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ ကျောက်တော်မြို့ထဲက နေရာ ၃ ခုကို စစ်ကောင်စီက ၄ ကြိမ်းထက်မနည်း ဗုံးအလုံး ၁၀ ကျော်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသတစ်ဦးက
အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် NUG ဝန်ကြီးချုပ်တို့ တွေ့ဆုံ
အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဆွေးနွေးချက်များအား သီးသန့် သတင်းထုတ်ပြန်ပေးမည်ဟု NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောသည်။ “NUG ဝန်ကြီးချုပ်နဲ့ တွေ့ပါတယ်။ online ပါ။ အသေးစိတ်ကိုတော့ နောက်မှ သတင်းထုတ်ပြန်ပါ့မယ်” ဟု ပြောသည်။ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်သည် ငလျင်ကို အကြောင်းပြပြီး အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့က
မန္တလေး သပိတ်ကျင်းမြို့နယ် ကို စစ်တပ်က ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ၁၂ ဦး သေဆုံး
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ပြည်သူ ၁၂ ဦးထက် မနည်း သေဆုံးသွားကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီကျော်မှာ လိပ်ကျကျေးရွာ ရွာလည်က စျေးဆိုင်များကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ယင်းကဲ့သို့ သေဆုံး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ လိပ်ကျကျေးရွာသည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က တည်ရှိပြီး ဧပြီလ ၁၆ရက်နေ့တွင် နေရာ နှစ်နေရာကို စစ်ကောင်စီ လေကြောင်းက နှစ်ကြိမ်
ချင်းပြည်က မတူပီနှင့် ကန်ပက်လက်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၅ ဦးဒဏ်ရာရ
ချင်းညီနောင်တပ်ဖွဲ့များ သိမ်းပိုက်ထားသော ချင်းပြည်နယ် မတူပီမြို့နှင့် ကန်ပက်လက်မြို့တို့ကို အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၁၇ ရက်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဧပြီလ ၁၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုတိုက်ခိုက်မှုတွင် သင်းအုပ်ဆရာတော် တစ်ပါးအပါအဝင် အရပ်သား ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သင်းအုပ်ဆရာတော်မှာ ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။ သင်းအုပ်ဆရာတော်နှင့် အရပ်သား ၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်သောကြောင့် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။ အလားတူပဲ
စစ်ကောင်စီ လွှတ်ပေးသော နိုင်ငံရေး အကျဉ်းသား ၃၀၁ ဦးရှိကြောင်း PPNM ထုတ်ပြန်
ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် အာဏာသိမ်း စစ်ကောင်စီက လွှတ်ပေးသော နိုင်ငံရေးအကျဉ်းသား ၃၀၁ ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ယနေ့ ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။ စစ်ကောင်စီ လွှတ်ပေးခဲ့သော နိုင်ငံရေးအကျဉ်းသား ၃၀၁ ဦးထဲမှာ အမျိုးသမီး ၁၃၅ ဦးနှင့် အမျိုးသား ၁၆၆ ဦး ပါဝင်ပြီး အင်းစိန်အကျဉ်းထောင်က အများဆုံး ပါဝင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။ လွတ်မြောက်လာသူများမှာ ပေါင်းတည်အကျဉ်းထောင်က ၂ ဦး၊ သရက်အကျဉ်းထောင် ၂ ဦး၊ ထားဝယ်အကျဉ်းထောင် ၁ ဦး၊ ပြည်အကျဉ်းထောင် ၉ ဦး၊ တောင်ငူအကျဉ်းထောင်
အာရက္ခတပ်တော် AA က ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅၅ ဦးကို ပြန်လွှတ်ပေး
ဇန်နဝါရီမှ မတ်လအတွင်း ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၅၅ ဦးကို အာရက္ခတပ်တော် AA က ဧပြီလ ၁၆ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း The Daily Star သတင်းက ဖော်ပြသည်။ ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများကို အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် တက္ကနပ် ဆိပ်ကမ်းတစ်ခုမှ တစ်ဆင့် ဖမ်းဆီးထားသော ငါးဖမ်းသမားများကို အာရက္ခတပ်တော် AA က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော် ဖမ်းဆီးထားသော ငါးဖမ်းသမားများကို ပြန်လည်ခေါ်ယူနိုင်ရေး အဆက်မပြတ် ကြိုးစားခဲ့သည်ဟု
အာဏာရှင်စနစ်ကို မိမိတို့ခေတ်တွင် အဆုံးသတ်ရန် လိုအပ်ကြောင်း BPLA ခေါင်းဆောင် မောင်ဆောင်းခ ပြော
မြန်မာစစ်တပ်သည် ပြည်သူတင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ခုနှစ်က အာဏာသိမ်းကာ မြန်မာနိုင်ငံအား ပြည်သူမလိုလားသော စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်နေသည်။ ထိုကြောင့် အာဏာရှင်စနစ်ကို ယခု ခေတ်တွင် အဆုံးသတ်ရန် လိုအပ်သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ခေါင်းဆောင် ကွက်ကဲရေးမှူး မောင်ဆောင်းခက ပြောသည်။ “ဒီတော်လှန်ရေးကြီး အဆုံးသတ်ဖို့ တာဝန်သိတဲ့ သူတွေဆီမှာပဲ တာဝန်ကိုယ်စီရှိကြပါတယ်။ ကျနော်တို့အနေနဲ့ တာဝန်မသိတဲ့သူတွေကို ပြစ်တင်ဝေဖန်နေမယ့်အစား သူတို့နားလည်ပါဝင်လာအောင် စွမ်းဆောင်ပြဖို့၊ ဦးဆောင်ပြဖို့သာ အရေးကြီးပါတယ်။ အာဏာရှင်စနစ်ကို ကျနော်တို့ခေတ်မှာပဲ အဆုံးသတ်ပြီး ဒီစနစ်ဆိုး/အမွေဆိုးကြီး နောက်မျိုးဆက်ဆီ လက်ဆင့်ကမ်းမကျန်ရစ်ရဖို့ ကျနော်တို့အားလုံး တာဝန်ကိုယ်စီကျေပွန်ကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။ ဧပြီလ ၁၇ ရက်နေ့က BPLA
မင်းအောင်လှိုင် မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ဘန်ကောက် ရောက်ရှိ
ကြိုတင် ထုတ်ပြန် ကြေညာထားခြင်းမရှိဘဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ဘန်ကောက်သို့ ရောက်ရှိလာကြောင်း ထိုင်းအခြေစိုက် The Reporters က ဖော်ပြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၇ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ရောက်ရှိနေပြီ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ မင်းအောင်လှိုင်သည် ဘန်ကောက်မြို့ရှိ Rosewood ဟိုတယ်သို့ရောက်ရှိလာခြင်းဖြစ်ပြီး ထိုင်းစံတော်ချိန် ညနေ ၃နာရီခွဲခန့်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်နှင့် မင်းအောင်လှိုင်တို့ ငလျင်လှုပ်ခတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးကိစ္စများနှင့် ချမ်းရေးအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သည့်
BPLA တပ်တည်ထောင်ခြင်း ၄နှစ်ပြည့် အခမ်းအနား ကျင်းပ
ကဗျာဆရာ၊ လူ့အခွင့်အရေးလှုပ်ရှားသူ မောင်ဆောင်းခ ဦးဆောင်သော ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် BPLA တပ်တည်ထောင်ခြင်း ၄နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ ၄နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၁၇ရက်နေ့တွင် BPLA ၏ စစ်ဒေသအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း BPLA သတင်းနှင့် ပြန်ကြားရေးက ယနေ့တွင် သတင်း ထုတ်ပြန်သည်။ BPLA သည် အာရက္ခတပ်တော် AA ထံတွင် အခြေခံစစ် ပညာသင်ယူခဲ့ပြီး KNU တပ်မဟာ ၅၊ ညီနောင်သုံးဖွဲ့ ဖြစ်သော MNDAA + TNLA + AA တို့နှင့် အတူ တိုက်ပွဲဝင်လျက်ရှိနေသည်။ ကိုးကန့်တပ်ဖွဲ့များနှင့် 1027
မောင်တောကို အာဆာအဖွဲ့များ တိုက်ခိုက်လာနိုင်၍ လုံခြုံရေးသတိရှိရန် လိုအပ်
ရခိုင်ပြည် မောင်တောဒေသမှာ ARSA အပါအဝင် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှား ဆောင်ရွက်များပြားလာပြီး တိုက်ခိုက်လာနိုင်ခြေရှိ၍ ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိ ရှိကြရန် လိုကြောင်း ဒေသခံများက ပြောသည်။ ARSA လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့် မောင်တောမြို့နယ်တွင် မတ်လအတွင်းမှာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သား ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ARSA ခေါင်းဆောင် အာတာအူလာ ဖမ်းဆီးခံရပြီးနောက် ကျန်ရှိ ARSA အဖွဲ့ဝင်များသည် မောင်တောဒေသတွင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်မှု ပိုမိုများပြားလာ၍ ဦးဝေဟင်အောင်က ပြောဆိုသည်။ “ကျနော်တို့ သတိထားပြီး စောင့်ကြည့်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်မှာ အခြေပြုပြီး လှုပ်ရှားနေတဲ့