သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် မောင်ရွှေလေးရေတပ်ကို AA ထိုးစစ်ဆင်
ရခိုင်ပြည် သံတွဲမြို့ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ရန် မောင်ရွှေလေးရေတပ်နှင့် အသစ်တိုးချထားသည့် စစ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ငပလီမြို့နှင့် သံတွဲမြို့ပေါ်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက် စိုးမိုးထားနိုင်သော်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေတပ်နှင့်ပူးပေါင်းကာ AA အား ပြန်လည်ခုခံနေသည်။ သံတွဲ စစ်ရေးသိသူတစ်ဦးက ” ဒီရက်ပိုင်း မောင်ရွှေလေးရေတပ်အနီးမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲ အရမ်းပြင်းထန်နေတယ်။ စစ်ကောင်စီဟာ ရေတပ်က အင်အားဖြည့်တင်းနေသလို လေယာဉ်နဲ့လည်း လာရောက် ပစ်ကူပေးနေတယ်။ ရေတပ်ရှိတဲ့ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာမှာ တိုက်ပွဲ ဖြစ်နေကြတာပါ။ ” ဟု ပြောသည်။ စစ်ကောင်စီသည် မောင်ရွှေလေးရေတပ်ကို ဧရာဝတီကမ်းလွန်ရှိ
ဒေါ်လာ ၅၂၃ သန်း တန်ဖိုးရှိ ရခိုင်က ရွှေဓာတ်ငွေ့စီမံကိန်း တရုတ်က ထပ်မံရရှိ
ရခိုင်ကမ်းလွန်တွင် တောင်ကိုရီးယား Posco ကုမ္ပဏီက ဆောင်ရွက်နေသော ရွှေသဘာ၀ဓာတ်ငွေ့စီမံကိန်း၏ စတုတ္တအဆင့် တည်ဆောက်ရေး တင်ဒါကို တရုတ် COOEC က ရရှိပြီး အမေရိကန်ဒေါ်လာ ၅၂၃ သန်းတန်ဖိုးရှိကြောင်း တရုတ်သတင်းများက ဖော်ပြသည်။ တောင်ကိုးရီးယား သံမဏိထုတ်လုပ်သူ Posco International က ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ ပရောဂျက်၏ စတုတ္ထအဆင့် တည်ဆောက်ရန် တရုတ်ကုမ္ပဏီဖြစ်သော Chinese contractor Offshore Oil Engineering Company (COOEC) ထံသို့ တင်ဒါ ပေးလိုက်သည်။ လိုအပ်သော ပစ္စည်းများဝယ်ယူရေးနှင့် တည်ဆောက်ရေးများ၊ စီမံကိန်းကို ဒီဇိုင်းဆွဲခြင်း၊ ဓာတ်ငွေ့တူးဖော်ရေးဆိုင်ရာများကို ပြန်လည်မွမ်းမံခြင်း၊ ရေအောက် အဆောက်အဦများ တပ်ဆင်ခြင်းနှင့် လုပ်ငန်းမစတင်မီ
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ပါ လေးဦးအား စစ်တပ်က ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ် အသားပြုလုပ်
အာဏာသိမ်း စစ်ကောင်စီတပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ်အသားပြုလုပ်ကြောင်း သတင်းထုတ်ပြန်သည်။ အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရ အထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။ ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ပြီး တဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောက ရောက်ရကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီက ကိုဂျင်မီ ကို ၂၀၂၁ အောက်တိုဘာတွင် မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ရာတွင် ဖမ်းဆီးခဲ့ပြီး ကိုဖြိုးဇေယျာသော် ၂၀၂၁
ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်
ရခိုင်ပြည် ဂွမြို့နယ်မှာ တပ်အင်အားနည်း၍ စစ်ကောင်စီက ပြည်သူ့စစ်ထမ်း ရာနှင့်ချီခေါ်ယူပြီး အင်အားဖြည့်တင်းထားကြောင်း ဒေသခံစစ်ရေးစောင့်ကြည့်သူများက ပြောသည်။ ဂွမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းနှစ်ခု ခမရ ၅၆၂ နှင့် ၅၆၃ တို့ရှိပြီး အဆိုပါတပ်ရင်းများကို စစ်ကောင်စီက ပြည်သူ့စစ်ထမ်းများ ပေးပို့နေခြင်းဖြစ်သည်။ ဂွမြို့ခံတစ်ဦးက ” ဒီအပို့ခံရတဲ့ စစ်မှုထမ်းတွေကို ဒေသခံရဲတွေနဲ့ ပေါင်းပြီး ဂိတ်တွေမှာ၊ ရပ်ကွက်တွေမှာ လုံခြုံရေး လုပ်ခိုင်းထားတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးထားပါတယ်။ အင်အားက ရာကျော်တာပေါ့။ ဒါပေမယ့် ပြည်သူ့စစ်တွေက ထွက်ပြေးကြသူတွေလည်းရှိတယ်။ ” ဟု ပြောသည်။ ခမရ ၅၆၂ နှင့် ၅၆၃ တပ်ရင်းနှစ်ခု ပေါင်းမှ တပ်သား ၁၅၀ ခန့်သာရှိ၍
ရခိုင်မှာ ဆေးဝါးပြတ်လပ်မှု အဆိုးဆုံးအခြေအနေသို့ ရောက်ရှိ
(နာတာရှည်ဝေဒါနာရှင်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ) ရခိုင်ပြည်အတွင်း ဆေးဝါးပြတ်လပ်မှုမှာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေပြီဟု လူနာများနှင့် ဆေးဆိုင်များထံမှ သိရသည်။ ဆေးဝါးပြတ်လပ်မှုကြောင့် အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါဝေဒနာရှင်များဖြစ်သော အာရုံကြော၊ နှလုံး၊ သွေးကင်ဆာ၊ လည်ပင်းကင်ဆာ၊ အသဲ၊ ကျောက်ကပ်နှင့် HIV ပိုး ရောဂါသည်များ အဓိက ခံစားနေရသည်ဟု စုံစမ်းသိရသည်။ အာရုံကြော အားနည်းရာကနေ ဆေးဝါးပြတ်လပ်မှုနှင့် ဆရာဝန်များဖြင့် မကုသရ၍ ကျန်းမာရေးအလွန်ဆိုးရွာနေသည်ဟု အဖေဖြစ်သူ၏ ဝေဒနာကို သမီးဖြစ်သူက ပြောပြသည်။ ” အာရုံကြောက အားနည်းရာကနေ အခု အားပျော့တဲ့ အဆင့်ရောက်သွားပြီ။ ဆေးက ရှာလို့ မရဘူး။ ပုံမှန်သောက်တဲ့ ဆေးအမျိုးအစားက ရှာမရတော့ အာနိသင်တူ ကုမ္ပဏီမတူတဲ့ ဆေးကို
ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ
(ဆန်တစ်အိတ် ကျပ် ၂ သိန်းဈေးရှိနေ) ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်နေ၍ ဒေသတွင်းဆန်ဈေးမှာ ကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။ ဇူလိုင်လ ပထမအပတ်ကစ၍ ဆန်သယ်ယူခွင့် တင်းကျပ်ထားသလို လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်း ကျိန္တလီဒေသခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။ ” အရင်ရက်ပိုင်းတွေက ဂိတ်တွေနဲ့ ညှိပြီး ငွေလည်း နည်းနည်းပေးပြီးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ မရတော့ဘူး။ တချို့ဂိတ်တွေက အရမ်းတင်းကျပ်ထားတယ်။ ဆန် တစ်အိတ်စ နှစ်အိတ်စကို ဂိတ်တွေကို ငွေပေးပြီး သယ်လို့ ရပေမယ့် ဆန်အိတ် ဆယ်ဂဏန်း၊ ရာဂဏန်းဆိုရင်တော့ ဖြတ်သန်းခွင့် လုံးဝ
ကျိုက်မရော ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှု သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းရွာလမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရသိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ကျိုက်မရောမြို့နယ်၊ ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သေဆုံးမှု ၁၆ ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များပါဝင်ပြီး ဂျက်ဖိုက်တာ ၂ စီးသည် ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ တို့ကို အချိန်အတော်ကြာ ပျံဝဲပြီးမှ ဗုံးကြဲသွားခြင်း ဖြစ်ကြောင်း