မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် တောင်အာဖရိက တရားရုံးချုပ်က အမိန့်ချမှတ်
စစ်ရေး သတင်း
1 min read
135

မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် တောင်အာဖရိက တရားရုံးချုပ်က အမိန့်ချမှတ်

ဇူလိုင် ၂၂ - ၂၀၂၄
0

မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့၊ ဂါးဒင် (Gauteng) ခရိုင် တရားရုံးချုပ်က ဇူလိုင် ၁၉ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း AFP သတင်းဌာနတွင် ဖော်ပြသည်။ တောင်ပိုင်းအာဖရိက တရားရေးစင်တာ (SALC) သည် သမားရိုးကျ လက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ (NCACC) က ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံသို့ စစ်လက်နက် လွှဲပြောင်းရောင်းချမှုများ လုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များကို ပယ်ဖျက် လိုက်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားသည်ဟု ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထားရသည့် နိုင်ငံတစ်ခုသို့ စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန် တာဝန်တစ်ရပ်ရှိကြောင်း

Continue Reading
ချင်းပြည် မြို့တော်ရဲစခန်းကို CDF-Hakha ဝင်စီး၊ ရဲ ၄ ဦးသေ
စစ်ရေး သတင်း
1 min read
127

ချင်းပြည် မြို့တော်ရဲစခန်းကို CDF-Hakha ဝင်စီး၊ ရဲ ၄ ဦးသေ

ဇူလိုင် ၂၁ - ၂၀၂၄
0

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့မရဲစခန်းကို ချင်းပြည်ကာကွယ်ရေးတပ် (CDF-Hakha) က ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၅ နာရီခွဲတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၄ ဦး သေဆုံးကြောင်း သိရသည်။ ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF-Hakha က ယနေ့ သတင်းထုတ်ပြန်ထားသည်။ Operation Rung အမည်ဖြင့် CDF-Hakha က အခြားသော ချင်းတော်လှန်ရေး မဟာမိတ်တပ်များဖြင့် ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ရဲ ၄ ဦး သေဆုံးခဲ့သလို ဒဏ်ရာအများအပြား ရရှိသွားကြောင်းလည်း သိရသည်။ CDF-Hakha

Continue Reading
ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်
စီးပွားရေး သတင်း
1 min read
148

ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

ဇူလိုင် ၂၁ - ၂၀၂၄
0

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့က ငါးဖမ်းစက်လှေများကို ပင်လယ်ထဲဆင်းခွင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့စ၍ အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လယ်ထဲ ငါးရှာထွက်လျှင် တွေ့ပါက စစ်ကောင်စီ ဂိတ်များနှင့် ပင်လယ်ထဲရှိ စစ်သင်္ဘောများက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပိတ်ပင်ထားကြောင်း အမည်မဖော်လိုသည့် ကျိန္တလီဒေသတစ်ဦးက ပြောသည်။ ” မနေ့ကစပြီး ပင်လယ်ထဲ ငါးရှာခွင့် ပိတ်ပင်လိုက်တာပါ။ ငါးဖမ်းစက်လှေတွေ ဘယ်စက်လှေမှ မထွက်ရဆိုပြီး စာထုတ်ပိတ်ပင်ထားသလို မြို့ကိုလှည့်ပတ် လော်စပီကာနဲ့ အော်ပြီးတော့ လည်း ပြောထားပါတယ်။ အဲလိုပိတ်လိုက်တော့ စားဝတ်နေရေး ထိခိုက်လာကြမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။ ကျိန္တလီမြို့၏ အဓိက လုပ်ငန်းတစ်ခုမှာ

Continue Reading
စစ်ကောင်စီကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်း ပျက်စီး
စစ်ရေး သတင်း
1 min read
98

စစ်ကောင်စီကြောင့် စာသင်ကျောင်း ၁၃၃ ကျောင်း ပျက်စီး

ဇူလိုင် ၂၁ - ၂၀၂၄
1

မြန်မာစစ်တပ်မှ အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း စာသင်ကျောင်းနှင့် တက္ကသိုလ်ကျောင်း ၁၃၃ ကျောင်းထက်မနည်း ပျက်စီးသွားပြီး ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရသူ ၁၀၆ ဦးရှိကြောင်း သိရသည်။ စာသင်ကျောင်းများ ထိခိုက်ပျက်စီးသွားစေရန် စစ်ကောင်စီက တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း Centre for Information Resilience (CIR) ၏ Myanmar Witness က ထုတ်ပြန်ထားသည်။ Myanmar Witness က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကို စာရင်းပြုစုထားခြင်းဖြစ်သည်။

Continue Reading
ချင်းနိုင်ငံရေးကို မစွက်ဖက်ရန် AA အား ချင်းပြည်အစိုးရ သတိပေး
နိုင်ငံရေး သတင်း
1 min read
178

ချင်းနိုင်ငံရေးကို မစွက်ဖက်ရန် AA အား ချင်းပြည်အစိုးရ သတိပေး

ဇူလိုင် ၂၁ - ၂၀၂၄
1

ချင်းပြည်အရေးနှင့် ချင်းလူမျိုးတို့၏ နိုင်ငံရေးကိစ္စရပ်များတွင် အာရက္ခတပ်တော် AA အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း အမြန်ဆုံးရပ်တန့်ရန် CNA ဦးဆောင်သော ချင်းပြည်အစိုးရက သတိပေးထုတ်ပြန်လိုက်သည်။ ချင်းလက်နက်ကိုင်အချင်းချင်း တင်းမာနေခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၁၉ ရက်နေ့က ချင်းပြည်အစိုးရမှ အချက် ၈ ချက်ပါသော ထုတ်ပြန်ချက်တွင် AA အား သတိပေးချက် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ မဟာမိတ်ဖြစ်သော AA စစ်ကြောင်းကို CNA ဦးဆောင်သော စစ်ကြောင်းက စတင်ပစ်ခတ်ရာကနေ ချင်းညီနောင်အဖွဲ့နှင့် CNA ဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့တို့ကြား စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ မတူပီမြို့သိမ်းတိုက်ပွဲတွင် CNA ဦးဆောင်သော စစ်ကြောင်းက AA တပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်းနှင့် AA

Continue Reading
စစ်ကောင်စီဟာ သံတွဲနဲ့ ငပလီကို AA လက်ထဲက ပြန်သိမ်းဖို့ အင်အားထပ်ဖြည့်နေ
စစ်ရေး ရုပ်သံ သတင်း
1 min read
347

စစ်ကောင်စီဟာ သံတွဲနဲ့ ငပလီကို AA လက်ထဲက ပြန်သိမ်းဖို့ အင်အားထပ်ဖြည့်နေ

ဇူလိုင် ၂၀ - ၂၀၂၄
0

Continue Reading
ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်နှိမ်နင်းမှု သေဆုံးသူ ၆၇ ဦးရှိလာ
နိုင်ငံရေး သတင်း
1 min read
172

ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်နှိမ်နင်းမှု သေဆုံးသူ ၆၇ ဦးရှိလာ

ဇူလိုင် ၂၀ - ၂၀၂၄
0

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စစ်ပြန်မိသားစုဝင်များကို ဦးစားပေးခန့်အပ်သည့် ဝန်ထမ်းစနစ် ဖျက်သိမ်းရေး ဆန္ဒပြပွဲတွင် အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုအတွင်း သေဆုံးသူ ၆၇ ဦးအထိ ရှိလာကြောင်း သိရသည်။ စစ်ပြန်မိသားစုဝင်များအား ဝန်ထမ်းခန့်အပ်ရာတွင် ဦးစားပေးခန့်အပ်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ မူဝါဒကို ကျောင်းသားများက ဦးဆောင်ကာ ဆန္ဒပြနေကြသည်။ ကျောင်းသားများနှင့် လူငယ်များ၏ ဆန္ဒပြပွဲအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အကြမ်းဖက်နှိမ်နင်းမှုကြောင့် အဓိကရုဏ်းဆန်လာပြီး တစ်နိုင်ငံ မငြိမ်သက်မှုဖြင့် ကြုံတွေ့နေကြရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးသတိပေးချက်ထုတ်ပြန်ကာ ကာဖျူးအမိန့် ထုတ်ပြန်သည်အထိ ဆန္ဒပြပွဲမှာ အတောမသတ်နိုင်ဘဲ သွေးချောင်းစီးနေကြသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် တရားရုံးက စစ်ပြန်မိသားစုဝင်များအား ဝန်ထမ်းခန့်အပ်ရာတွင် ဦးစားပေးခန့်ပေးရန် ဥပဒေထုတ်ပြန်ချက်ကို နိုင်ငံတစ်ဝှမ်းကျောင်းသားများက ဆန့်ကျင်ကန့်ကွက်နေကြသည်။ စစ်ပြန်မိသားစုဝင်များအပြင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အား

Continue Reading
AA လက်ထဲက သံတွဲနှင့် ငပလီကို ပြန်သိမ်းဖို့ စစ်ကောင်စီ အင်အားထပ်ဖြည့်နေ
စစ်ရေး သတင်း
1 min read
362

AA လက်ထဲက သံတွဲနှင့် ငပလီကို ပြန်သိမ်းဖို့ စစ်ကောင်စီ အင်အားထပ်ဖြည့်နေ

ဇူလိုင် ၂၀ - ၂၀၂၄
0

ရခိုင်ပြည် သံတွဲမြို့နှင့် ငပလီမြို့ကို အာရက္ခတပ်တော် AA ထိန်းချုပ်ပြီးနောက် ပြန်လည်သိမ်းနိုင်ရန် စစ်ကောင်စီက မောင်ရွှေလေးရေတပ်မှ တစ်ဆင့် အင်အား ရာနှင့်ချီ ထပ်ဖြည့်နေကြောင်း စုံစမ်းသိရသည်။ သံတွဲမြစ်ရှိ မောင်ရွှေလေးရေတပ်ကနေ ဇလွန်ရွာနှင့် ဂျိတ္တောရပ်ကွက်ကို အင်အား ၄၀၀ ထက်မနည်း စစ်ကောင်စီက ထပ်ဖြည့်တင်းနေကြောင်း စစ်ရေးသိသူများက ပြောသည်။ ” မောင်ရွှေလေး ရေတပ်နဲ့ ဇလွန်ရွာ၊ ဂျိတ္တောရပ်ကွက်ဆိုတာ သိပ်မဝေးဘူး။ အဲမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ တပ်စခန်းငယ်လေးတွေရှိတယ်။ သံတွဲနဲ့ ငပလီမြို့ထဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း အဲဒီတပ်စခန်းငယ်တွေနဲ့ လာပူးပေါင်းနေတာ။ AA လက်ထဲက သံတွဲနဲ့ ငပလီမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ဇလွန်နဲ့ ဂျိတ္တောက တပ်တွေကို

Continue Reading
မြန်မာအမျိုးသမီးများအား အဝတ်ဗလာဖြင့် စစ်ဆေးမှု ထိုင်းက တရုတ်ပိုင်သတ္တုစက်ရုံ တိုင်ကြားခံရ
စီးပွားရေး သတင်း
1 min read
225

မြန်မာအမျိုးသမီးများအား အဝတ်ဗလာဖြင့် စစ်ဆေးမှု ထိုင်းက တရုတ်ပိုင်သတ္တုစက်ရုံ တိုင်ကြားခံရ

ဇူလိုင် ၂၀ - ၂၀၂၄
0

ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့က တရုတ်နိုင်ငံသားပိုင် သတ္တုစက်ရုံလုပ်ငန်းခွင်မှာ အလုပ်လုပ်နေသည့် MOU မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများကို စက်ရုံတာဝန်ရှိသူများက မသင်္ကာမှုနှင့် အဝတ်ဗလာဖြင့် စစ်ဆေးနေသည်။ စက်ရုံတာဝန်ရှိသူများ၏ လုပ်ရပ်ကို မကျေနပ်၍ အလုပ်သမားများက ထိုင်းနိုင်ငံအခြေစိုက် WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ထံ တိုင်ကြားထားကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံသားပိုင် သတ္တုစက်ရုံတွင် အလုပ်သမားများ အလုပ်ဆင်းချိန် အသံမြည်စက်ဖြင့် စစ်ဆေးရာမှာ မြန်မာအမျိုးသမီးများအား အဝတ်ဗလာဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ WAG တာဝန်ရှိသူ ကိုမုန်တိုင်းက “ဒီစက်ရုံမှာ အမျိုးသမီးတွေကို အလုပ်ဆင်းတဲ့ အချိန်မှာ အသံမြည်တဲ့ စက်ကရိယာတွေနဲ့ အဝတ်ဗလာချွတ်ခိုင်းပြီး စစ်ဆေးတယ်လို့ သိရတယ်၊ အကြောင်းအရင်းက အမျိုးသမီးတွေရဲ့ အတွင်းခံ အကျီတွေမှာ သံထည်ဂျိတ်ကောက်တွေ ရှိလို့

Continue Reading
ဂျိတ္တောမှာ စစ်ကောင်စီ တပ်စွဲပြီးနောက် မြပြင်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့
စစ်ရေး သတင်း
1 min read
152

ဂျိတ္တောမှာ စစ်ကောင်စီ တပ်စွဲပြီးနောက် မြပြင်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့

ဇူလိုင် ၁၉ - ၂၀၂၄
0

ရခိုင်ပြည် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်မှာ စစ်ကောင်စီက တပ်စွဲပြီးနောက် ဂျိတ္တောနှင့်နီးသည့် မြပြင်ရပ်ကွက်မှာ အရပ်သားအလောင်း ၇ လောင်းတွေ့ရှိရကြောင်း စုံစမ်းသိရသည်။ ငပလီမြို့ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသော်လည်း ကမ်းခြေအကွေ့ရှိ ဂျိတ္တောရပ်ကွက်မှာ ပြီးခဲ့သည့် နှစ်ပတ်ကျော်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေရာယူခဲ့ကြသည်။ သတင်းရင်းမြစ်တစ်ဦးက ” ဂျိတ္တော၊ မြပြင်ဆိုတာ ကပ်နေတာ။ အဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်သားတွေရှိသေးတယ်။ ပြီးတော့ ဂျိတ္တောက မောင်ရွှေလေး ရေတပ်နဲ့ နီးတယ်။ ရေတပ်က အင်အားထပ်ဖြည့်တယ် ထင်ပါတယ်။ ပိတ်မိနေတဲ့ အရပ်သားတွေလည်းရှိသေးတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ” ဟု ပြောသည်။ အရပ်သား

Continue Reading