AA တပ်ဖွဲ့ဝင်သေဆုံးမှု CNF က အတည်ပြုဝန်ခံပြီး ကျန်းမာရေးကြောင့် သေဆုံးသွားခြင်းဟု ပြော
(AA တပ်သားတစ်ဦး သေဆုံးမှုအပေါ် ချင်းညီနောင်နှင့် CNF တို့ တွေ့ဆုံဆွေးနွေးသွားမည်) ချင်းအမျိုးသားတပ်ဦး CNF အကျဉ်းထောင်တွင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခြင်းအပေါ် ချင်းညီနောင်အဖွဲ့နှင့် CNF တို့ကြား တွေ့ဆုံဆွေးနွေးသွားမည်ဟု CNF ပြောခွင့်ရ ဆလိုင်းထက်နီက Western News ကို ပြောသည်။ ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ဘက်မှ ကူတိုက်ပေးသော အာရက္ခတပ်တော် AA အဖွဲ့ဝင်အချို့မှာ ချင်းအမျိုးသားတပ်ဦး CNF ထံ ဖမ်းဆီးခြင်း ခံလိုက်ရသည်။ ထိုအထဲက AA တပ်ဖွဲ့ဝင်တစ်ဦးမှာ CNF က နှိပ်စက်ညှင်းပန်းမှုကြောင့် အသက်သေဆုံးသည်အထိ ဖြစ်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့မှ CNF ကို စွပ်စွဲပြောဆိုထားသည်။ သို့သော်
ဝါရင့် နိုင်ငံရေးသမား ကဗျာဆရာ ဦးဦးလှစော (ခ) မောင်ခိုင်အောင် လွတ်မြောက်နယ်မြေတွင် ကွယ်လွန်
ဝါရင့် နိုင်ငံရေးသမား၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစော (ခ) ကဗျာဆရာ မောင်ခိုင်အောင် သည် လွတ်မြောက်နယ်မြေတစ်ခုတွင် ကွယ်လွန်သွားကြောင်း မိသားစု အသိုင်းအဝိုင်းများက ပြောသည်။ ဦးဦးလှစောသည် လွတ်မြောက်နယ်မြေ ဆေးရုံတစ်ခုတွင် ကင်ဆာ ရောဂါကို အန်တု ကုသနေရင်း မေလ ၅ ရက်နေ့ ၁၁ နာရီ ၄၆ မိနစ်တွင် ကွယ်လွန်သွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ဦးဦးလှစောသည် ၁၉၅၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အကြီးဆုံး သားတစ်ဦးဖြစ်သလို လက်ရှိ ကွန်လွန်ချိန်တွင် အသက် ၇၂ နှစ် ရှိပြီး ဖြစ်ကြောင်း သိရသည်။ ဆက်လက်ဖော်ပြပါမည်။
အရပ်ဘက်မှာ တာဝန်ထမ်းဆောင်ရန်သွားသည့် ရခိုင်လူငယ် ၇ ဦးကို AA က စစ်ထဲသို့ ပို့ဆောင်
အာရက္ခတပ်တော် AA ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရ လက်အောက်အရပ်ဘက်အုပ်ချုပ်ရေး ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ရန်သွားသည့် မြောက်ဦးမြို့နယ်က လူငယ် ၇ ဦး AA စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရသည်။ အရပ်ဘက်အုပ်ချုပ်ရေး ဌာနဆိုင်ရာများအတွက် အာရက္ခပြည်သူ့အစိုးရအဖွဲ့မှ ရခိုင်လူငယ်များကို ခေါ်ယူပြီး ASPPA ဟု ခေါ်သည့် Arakan school of Public policy and Administration သင်တန်းကျောင်းဖွင့်လှစ်ကာ အုပ်ချုပ်ရေးသင်တန်းများ ပေးအပ်လျက်ရှိသည်။ ထိုအုပ်ချုပ်ရေး သင်တန်းကျောင်းတွင် ရခိုင်ပြည်အနှံ့က တက္ကသိုလ်ဝင်တန်းတက်ရောက်ကြမည့် လူငယ်များနှင့် တက္ကသိုလ်ကျောင်းသား အများစု တက်ရောက်သင်ကြားနေကြသော AA က ဖွင့်လှစ်ထားသည့် ပြည်သူ့ အုပ်ချုပ်ရေးသင်တန်းကျောင်းလည်းဖြစ်သည်။ ရခိုင်ပြည်၏ တော်လှန်ရေးနှင့် အနာဂတ်တိုင်းပြည်တည်ဆောက်ရေးတွင် အရပ်ဘက်အုပ်ချုပ်ရေး၌ ပူးပေါင်းပါဝင်လိုသော
တော်လှန်ရေးအောင်ပွဲများတွင် ရပ်တည်တိုက်ပွဲဝင်ပေးခဲ့သည့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို မမေ့ပစ်ကြရန် NUG ဝန်ကြီးချုပ်ဆို
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း ၄ နှစ်ပြည့်မှာ တော်လှန်ရေးအောင်ပွဲများ ရရှိခဲ့ခြင်းသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်များကို မမေ့ပြစ်ကြရန်နှင့် ကျေးဇူးတင်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့်ချိန်တွင် စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေးစွမ်းရည်ပြည့်မီသော တပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ထားနိုင်ကြောင်း ဆိုသည်။ “အောင်ပွဲတွေမှာ ငါတို့နဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည် တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ပစ်ထားလို့မရဘူး။ ဒါကြောင့် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားလိုတယ်” ဟု NUG ဝန်ကြီးချုပ်
စစ်ကောင်စီ တောင်းဆိုမှုကို TNLA ပယ်ချပြီးနောက် TNLA သိမ်းပိုက်ထားသော မြို့များကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်
တရုတ်နိုင်ငံ၏ ကြားဝင်ကြီးကြပ်မှုဖြင့် ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီနှင့် TNLA တို့ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးခဲ့ကြသော်လည်း ရလဒ်များမထွက်ဘဲ ဆွေးနွေးပွဲပြီးသွားပြီးနောက် စစ်ကောင်စီက TNLA ထိန်းချုပ်ထားသော မြို့များကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။ စစ်ကောင်စီဖက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့် မိုးကုတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် တောင်းဆိုမှုကို TNLA က ပယ်ချခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် မေလ ၂ ရက်နေ့ ည ၁၁း၄၅ နာရီအချိန်တွင် မိုးကုတ်မြို့ကို ပေါင် ၂၅ဝ ဗုံး နှစ်လုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါ
ဘုံရန်သူဖြစ်သည့် စစ်ကောင်စီ မပြုတ်မချင်း တိုက်ပွဲဝင်သွားမည်ဟု TNLA ပြော
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ဘုံရန်သူဖြစ်သည့် စစ်ကောင်စီ မပြုတ်ကျ မချင်း တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။ မေလ ၄ ရက်နေ့က ပြုလုပ်သော သတင်းလင်းစာရှင်းလင်းပွဲတွင် TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ ဗိုလ်မှူးကြီး တာပန်းလ က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသည်။ မဟာမိတ်များအနေဖြင့်လည်း နားလည်မှု လွဲမှားသည့်ကိစ္စနှင့် ပြဿနာ အသေးမွှားလေးများကို ဘေးဖယ်ထားပြီး ဘုံရပ်တည်ချက်ကိုပဲ ဦးတည်ထားမယ်ဆိုလျှင် ညီညွှတ်မှုများ အောင်မြင်မှုများ ရရှိမည်ကို ယုံကြည်ထားကြောင်း ဆိုသည်။ ယင်းအပြင် စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို TNLA အနေဖြင့် ယခုချိန်မှ မလုပ်ဆောင်နိုင်လျှင် နောင်လာနာင်သားများ ဒုက္ခခံစားရလိမ့်မည်ဟု ဗိုလ်တာပန်းလက ပြောသည်။
AA တပ်သား သေဆုံးမှုအပေါ် ချင်းအမျိုးသားတပ်ဦး CNF/CNA မှ တာဝန်ခံမှုဖြင့် ဖြေရှင်းပေးရန် ချင်းညီနောင်အဖွဲ့ CB တောင်းဆို
ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသော အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦးအား နှိပ်စက်ညှင်းပန်းပြီး အသက်သေဆုံးသည်အထိ ပြုလုပ်ခဲ့သည့် CNF/CNA အဖွဲအစည်းမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်းရန်နှင့် အဆိုပါလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းညီနောင်အဖွဲ့ CB က မေလ ၄ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။ ၂ဝ၂၄ ခုနှစ်၊ ဇွန်လအတွင်း ဖော်ဆောင်ခဲ့သည့် ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ၏ မတူပီမြိုသိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ကာလအတွင်း CNF ဦးဆောင်သော Chinland Council မှ တပ်ဖွဲ့ဝင်များမှ AA တပ်ဖွဲ့ဝင်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ချင်းညီနောင်၊ အာရက္ခတပ်တော်တို့နှင့် စစ်ကောင်စီတို့ကြား အပြင်းအထန်တိုက်ခိုက်နေမှုများ ဖြစ်နေချိန် CNF/CNA က
AA က ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းသားများ ခေါ်ယူနေ
ဧပြီလ ၂၅ ရက်နေ့ကစ၍ အာရက္ခတပ်တော် AA ၏ ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများအစီအစဉ်အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။ မိမိစရိတ်ဖြင့် ၈ လကြာ သင်တန်းတက်ရောက်ရမည့် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပြီး ဖြစ်ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်သည်။ တိုင်းပြည်နှင့် လူမျိုးတို့၏ ပဏမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ Primary Health Care Services ကို တာဝန်ထမ်းဆောင်လိုသည့်သူတိုင်း အောက်ပါအရည်အချင်းနှင့် ကိုက်ညီလျှင် လျှောက်ထားနိုင်သည်ဟု ဆိုသည်။ လျှောက်ထားသူသည် အသက် ၃၀ နှစ်အောက် ဖြစ်ရမည်ဖြစ်ပြီး အနိမ့်ဆုံး အထက်တန်း (တက္ကသိုလ်ဝင်တန်း) အောင်မြင်ပြီးသူ ဖြစ်ရမည်နှင့် ဝေးလံခက်ခဲသော ဒေသများ၌ နေထိုင်သူများအနေဖြင့်လည်း
အာဏာသိမ်းပြီးနောက် သတင်းသမား ၇ ဦး သတ်ဖြတ်ခံခဲ့ရ
(သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၄၀ ဦး အကျဉ်းကျခံထားရ) ၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ယနေ့ မေလ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း သတင်းသမား ၇ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ယနေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၄၀ ဦးမှာ လက်ရှိအချိန်အထိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်းနှင့် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်ကြောင်း IPCM က ဆိုသည်။ သတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၇ ဦးမှာ ကိုစိုင်းစိုင်း၊
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံရ
သခွားသီးကားပေါ်တွင် ပုန်းအောင်းပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ၄ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၀ ကျော်မှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ မေလ ၁ ရက်တွင် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၄ ဦးမှာ သခွားသီးတင်ကား၌ ပုန်းအောင်းလိုက်ပါလာစဉ် ထိုင်းစစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးသွားခြင်းဖြစ်သည်။ အလားတူ မေလ ၁ ရက်နေ့မှာပင် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးသွားသည်။ တစ်ရက်တည်းမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၃၃ ဦး ဖမ်းဆီးခံရပြီး ထိုင်းက မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်မည်ဟု သိရသည်။