အပစ်ရပ်ကာလ စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်မှု ငလျင်သင့် ဒေသများပါဝင်
ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကြောင့် အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၂ ရက်မှ ၂၀ ရက်နေ့အထိနှင့် ဧပြီလ ၂၁ မှ ၃၀ န့အထိ စုစုပေါင်းနှစ်ကြိမ် ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း အပစ်ရပ်စဲကာလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး ငလျင်သင့်ဒေသများ ပါဝင်ခဲ့သည်ဟု Fortify Rights အဖွဲ့မှ ယနေ့ မေလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။ ငလျင်ဘေးဒဏ်ကျရောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသက ဒီပဲယင်း၊ ရွှေဘိုနှင့် ကနီမြို့နယ်တို့ကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း Fortify Rights က ဆိုသည်။ အလားတူ
မြို့နယ် ၇ မြို့နယ်က TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီတောင်းဆိုမှု TNLA ပယ်ချ
(တွေ့ဆုံမှု ရလဒ်မထွက်ဘဲ ပြီးဆုံးသွား) နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ နမ့်ဆမ်၊ မန်တုံနှင့် မိုးကုတ်မြို့နယ်တို့မှ TNLA တပ်များ ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီတောင်းဆိုမှု တအာင်းတပ် TNLA က ပယ်ချလိုက်ပြီး နှစ်ဖက်ဆွေးနွေး ရပ်လိုက်သည်။ တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီ ကိုယ်စားလှယ်နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့သည်။ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသော ဒေသများမှ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ် အတွင်းထိသို့
ပလက်ဝ အဓမ္မပြုကျင့်ခံရမှု ကျူးလွန်သူများကို ပွင့်လင်းမြင်သာစွာ တရားစီရင်ပေးရန် AA ကို ချင်းပြည်အစိုးရတောင်းဆို
ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ပလက်ဝမြို့နယ်မှာ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင်ပေးရန် ချင်းပြည်အစိုးရအဖွဲ့က တောင်းဆိုသည်။ ဟင်းခူးရန်သွားသော စိမ်းစင်းကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးကို အာရက္ခတပ်တော် AA မှ တပ်ဖွဲ့ဝင်နှစ်ဦးက အတင်းအဓမ္မပြုကျင့်ပြီး ရေနစ်သတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟု မိသားစုဝင်များက ပြောဆိုထားသည်။ အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကလည်း သတင်းမီဒီယာများတွင် တပ်သားနှစ်ဦး အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်းကို ဝန်ခံပြောဆိုထားပြီး ကျူးလွန်သူများကို ဖမ်းဆီး စစ်ဆေးနေကြောင်းပြောသည်။ ပြစ်မှုနှင့်ပြစ်ဒဏ် မျှတစေရန်နှင့် ကျူးလွန်ခံရသူအမျိုးသမီး၏ တရားမျှမှုအတွက် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ပြောဆိုထားသည်။ အာရက္ခတပ်တော် AA က ထိုသို့ ပြောထားချိန်တွင်
ရခိုင်ပြည်မှာ သတင်းလွတ်လပ်ခွင့် ကန့်သတ် ထိန်းချုပ်ခံနေရ
(လုံခြုံရေး အာမခံချက်မရှိသလို ထောက်ပြ ဝေဖန် သတင်းရေးပါက အဖမ်းခံရနိုင်) အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေများတွင် သတင်းသမားများ၏ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်တို့အား ကန့်သတ်ထိန်းချုပ်မှုများ ရှိနေကြောင်း သတင်းသမားများက ပြောသည်။ အာရက္ခတပ်တော် AA သည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ဂွ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ပလက်ဝမြို့နယ်များကို ထိန်းချုပ်ထားသည်။ ယင်းမြို့နယ်များကို အာရက္ခတပ်တပ်တော် AA က သတင်းရရှိခွင့် ကန့်သတ် ထိန်းချုပ်ထာပြီး တစ်ချို့မြို့နယ်များကိုမူ သတင်းရယူခွင့် လုံးဝ ပိတ်ပင် တားဆီထားကြောင်း သတင်းသမားများက ပြောသည်။
တပ်မတော်နှင့် ပြည်သူ ပေါင်းစည်းရေး ကြိုးပမ်းမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် မတရားသိမ်းပိုက်ထားသော မြန်မာစစ်တပ်နှင့် ပြည်သူကြား ခိုင်မာသည့် ပေါင်းစည်းအားရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဧပြီလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ၂၀၂၅ခုနှစ်ညီလာခံ မိန့်ခွန်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နိုင်ငံတော်က ချမှတ် ထားတဲ့ ‘ပြည်သူ့စစ် မဟာဗျူဟာ’ ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် တပ်မတော်နဲ့ပြည်သူကြားမှာ ခိုင်မာတဲ့ ပေါင်းစည်းအားရရှိဖို့ ဆက်လက်ကြိုးပမ်း ပုံဖော်ပေးသွားမယ်” ဟု မင်းအောင်လှိုင်က ပြောသည်။ တပ်မတော်၏ နိုင်ငံတော်နှင့်ပြည်သူအပေါ် ထားရှိသော စစ်မှန်သည့်သဘောထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တစ်ရပ်တည်း လုပ်ဆောင်ခြင်းထက် ပြည်သူများတွင် ရှိနေသည့် စစ်မှုထမ်းဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို
အာဏာသိမ်းပြီးနောက် ရခိုင်မှာ သေဆုံးသူ ၅၆၉ ဦးရှိပြီး ၄၅၂ ဦး ဖမ်းဆီးခံထားရ
၂၀၂၁ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်က လူ ၅၆၉ ဦးသေဆုံးခဲ့ရပြီး ၄၅၂ ဦး ဖမ်းဆီးခံထားရသည်ဟု အမည်နှင့်တကွအတည်ပြုနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာစစ်တပ်မှ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှ ၂၀၂၅ ဧပြီလ ၃၀ ရက်အထိ ကောက်ယူထားသော စာရင်းဖြစ်ကြောင်းလည်း AAPP က ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးခဲ့ရသူများနှင့် ဖမ်းဆီးခံရသူများ စာရင်းအား AAPP က တိုင်းနှင့်ပြည်နယ်အလိုက် ထုတ်ပြန်ထားပြီး ရန်ကုန်နှင့် စစ်ကိုင်းတိုင်းက ဖမ်းဆီးခံရမှု၊ သေဆုံးမှု များပြားကြောင်း တွေ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးခဲ့ရသူများမှာ ၆၅၈၉ ဦးရှိပြီး
ပြည်ပရောက် အလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးနေသည်ဟု မင်းအောင်လှိုင် ပြောစကား အလိမ်အညာဟု ပြော
ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတကာမှာ အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ထို့အပြင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက် ပေးလျက်ရှိသည်ဟု မင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေလ ၁ ရက်နေ့တွင် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ သဝဏ်လွှာတွင် မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်ပရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်သမား သံအရာရှိများ ခန့်အပ်တာဝန်ပေးထားပြီး အလုပ်သမားသံအရာရှိ မရှိသည့်နိုင်ငံများတွင် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်” ဟု ပြောဆိုထားခြင်းဖြစ်သည်။ မင်းအောင်လှိုင်၏ ပြောစကားများမှာ
မကွေး ငဖဲမြို့က ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို CDF Asho တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး
မကွေးတိုင်း ငဖဲမြို့နယ် ပဇီကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ် အင်အား ၂၀ ကျော်ပါသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးချင်းကာကွယ်ရေးတပ် – အရှို CDF Asho က ထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီတွင် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်သော ငဖဲမြို့နယ် ပဇီကျေးရွာရှိ စစ်ကောင်စီ စစ်ကြောင်းကို CDF Asho က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသွားကြောင်းနှင့် MA အမျိုးအစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိကြောင်း
တိုင်းသုံးတိုင်းက AA နှင့် PDF သိမ်းပိုက်ထားသော နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ
ရခိုင်ရိုးမပေါ်နှင့် ရိုးတောင်ခြေရင်းတွင် သိမ်းပိုက်ထားသော အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များ နေရာများ၊ စခန်းများကို စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတို့တွင် တိုက်ပွဲပြင်းထန်ရှိနေပြီး လက်လွတ်ခဲ့ရသော နေရာများကို စစ်ကောင်စီက ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ CDM ဗိုလ်ကြီးဇင်ယော်က “ပန်းတောင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ နှစ်ဖက်စလုံး စစ်ရေးတင်းမာနေကြတယ်။ AA ရဲ့ တပ်မှူးတွေနဲ့ သိတော့ သူတို့ဆီကနေတစ်ဆင့် သိရတာ။ ဒါပေမယ့် အဲဒီဖက်မှာ သူတို့ သတင်းထုတ်ပြန်တာ မရှိကြဘူး။ စစ်ကောင်စီကလည်း အရင်က စက်ပေါ်ကနေ အလုပ်လုပ်တာ။ အခု လိုင်းပေါ်ကနေ
SSPPနှင့် MNDAA စစ်ရေး တင်းမာမှုနေမှု နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းမည်
ရှမ်းပြည်တပ်မတော် SSPPနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ကြား စစ်ရေးတင်းမာနေမှု တွေ့ဆုံဖြေရှင်းကြမည်ဟု SSPP ၏ ယနေ့ ဧပြီလ ၃၀ ရက် ထုတ်ပြန်သည်။ ဧပြီလ ၂၈ ရက်နေ့က အောက်ခြေအဆင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးတွင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိသည့် အခြေအနေဖြစ်ခဲ့ကြသည်ဟု ပြောသည်။ ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက် နှစ်ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တော်ဟိုင်းရွာ၊ ဟူးမြီရွာ၊ နားနန်း၊ စိန်ကျော့ အပါအဝင် နေရာရှစ်ခုမှာထိတွေ့တင်းမာမှု ၈ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ SSPP ၏ ထုတ်ပြန်ချက်ထဲတွင် “နှစ်ဖက်တပ်တွေ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့်