ရခိုင်မှာ တစ်လကျော်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦးနှင့် ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၇ ဦးရှိ
စစ်ရေး သတင်း
1 min read
0

ရခိုင်မှာ တစ်လကျော်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦးနှင့် ခြေထောက်ပြတ်ပြီး ဒဏ်ရာရရှိသူ ၁၇ ဦးရှိ

ဧပြီ ၂၈ - ၂၀၂၅
0

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများကြောင့် ၃၃ ရက်အတွင်းမှာ အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရနေသူ ၁၇ ဦးရှိကြောင်း သိရသည်။ စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူများအား Western News မှ ၂၀၂၅ မတ်လ ၂၆ ရက်ကနေ ယနေ့ ဧပြီလ ၂၇ ရက်နေ့အထိ စုစည်းထားချက် စာရင်းအရ သိရသည်။ ယခု ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးသွားသူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်စွဲထားသော နေရာများ၊ တပ်ရင်းများနှင့် သွားလာလှုပ်ရှားခဲ့သော နေရာများသို့ သွားရောက်ခြင်းမှ ထိခိုက်သေဆုံး ကြခြင်းဖြစ်သည်။ ရခိုင်ပြည်က ဒေသခံပြည်သူများမှာ

Continue Reading
ကျားဖြန့်ငွေလိမ်အဖွဲ့ဝင် ၇၂ ဦးကို ‘ဝ’ အစိုးရအဖွဲ့က တရုတ်ကိုလွှဲပြောင်းပေး
သတင်း
1 min read
0

ကျားဖြန့်ငွေလိမ်အဖွဲ့ဝင် ၇၂ ဦးကို ‘ဝ’ အစိုးရအဖွဲ့က တရုတ်ကိုလွှဲပြောင်းပေး

ဧပြီ ၂၈ - ၂၀၂၅
0

(ဒေသခံပြည်သူများ ကျားဖြန့်ငွေလိမ်ဂိုဏ်းအား ကူညီလျှင်အရေးယူမည်ဟု ‘ဝ’ အစိုးရအဖွဲ့ပြော) အွန်လိုင်းမှငွေလိမ်ကြသည့် ကျားဖြန့်ဂိုဏ်းအဖွဲ့ဝင် တရုတ်နိုင်ငံသား ၇၂ ဦးကို UWSA ‘ဝ’ အစိုးရအဖွဲ့က ဧပြီလ ၂၅ ရက်နေ့တွင် တရုတ်အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ‘ဝ’ ထိန်းချုပ်ရာ မြန်မာ-တရုတ်နယ်စပ်ဖြစ်သည့် Meng’a ဆိပ်ကမ်းမှတစ်ဆင့် UWSA က တရုတ်ထံသို့ ကျားဖြန့်လုပ်ကိုင်သူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ကျားဖြန့်လုပ်ကိုင်သူများထံမှ မိုဘိုင်းလ်ဖုန်း ၃၀၁ လုံး၊ ကွန်ပျူတာ ကိရိယာ ၃၁ လုံး၊ လက်တော့ပ် ၉ လုံးနှင့် တက်ဘလက်ကွန်ပျူတာ ၉ လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ‘ဝ’ က ဧပြီလ ၂၆

Continue Reading
နိုင်ငံခြားသားကိုင်ဆောင်သည့် ဖုန်းနံပါတ် ၇ သိန်းကို စစ်ဆေးအတည်ပြုမည်ဟု ထိုင်းအစိုးရပြော
သတင်း
1 min read
0

နိုင်ငံခြားသားကိုင်ဆောင်သည့် ဖုန်းနံပါတ် ၇ သိန်းကို စစ်ဆေးအတည်ပြုမည်ဟု ထိုင်းအစိုးရပြော

ဧပြီ ၂၈ - ၂၀၂၅
0

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများ ကိုင်ဆောင်သည့် ဖုန်းနံပါတ် ၇ သိန်းကို ခေါ်ဆိုပြီး ပိုင်ရှင်အမည်နှင့် အသုံးပြုသူအမည် ကိုက်ညီမှုရှိမရှိကို စစ်ဆေးအတည်ပြုသွားမည်ဟု သိရသည်။ ယင်းအပြင် ဘဏ်အကောင့်များ၌ အသုံးပြုထားသော ဖုန်းနံပါတ်များကိုလည်း ပိုင်ရှင်နှင့် အသုံးပြုသူ မှန်မမှန် စစ်ဆေးသွားမည်ဟု ထိုင်းအစိုးရက ပြောဆိုကြောင်း ဧပြီလ ၂၇ ရက်နေ့က ထိုင်းမီဒီယာများက ဖော်ပြကြသည်။ ပိုင်ရှင်အမည်ပေါက်နှင့် အသုံးပြုသူ လွဲချော်မှုများရှိနေပါက မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုအား ပိတ်ပင်သွားမည်ဖြစ်သလို ဘဏ်သုံးစွဲခွင့်ကိုလည်း ပိတ်ပင်အရေးယူသွားမည်ဟု ထိုင်းဒီဂျစ်တယ်စီးပွားရေးဝန်ကြီးဌာန DES က ထုတ်ပြန်ပြောဆိုထားသည်။ စစ်ဆေးအတည်ပြုမည့် လုပ်ငန်းစဉ်ကို လာမည့် ဇွန်လထဲတွင် မိုဘိုင်းလ်ဖုန်းကောစင်တာများမှ ခေါ်ဆိုမေးမြန်း စစ်ဆေးသွားမည်ဖြစ်ပြီး မပြင်ဆင်ရသေးသည့် သူများအနေဖြင့် ဧပြီလ နောက်ဆုံးထား ပြင်ဆင်ပေးရမည်ဟု

Continue Reading
ရခိုင်မှာ ကွမ်းသီးဈေးကောင်းရ၊ တစ်မောင်းကို ကျပ် ၁၀ သိန်းအထိ ဈေးရှိနေ
စီးပွားရေး သတင်း
1 min read
0

ရခိုင်မှာ ကွမ်းသီးဈေးကောင်းရ၊ တစ်မောင်းကို ကျပ် ၁၀ သိန်းအထိ ဈေးရှိနေ

ဧပြီ ၂၈ - ၂၀၂၅
0

ရခိုင်ပြည်မှာ ဒေသထွက် ကွမ်းသီး ယခုနှစ်အတွင်း ဈေးကောင်းရရှိနေပြီး ၂၅ ပိဿာပါဝင်သော တစ်မောင်းကို ကျပ် ၁၀ သိန်းအထိ ဈေးရရှိနေသည်ဟု ကွမ်းသီးခြံလုပ်ငန်းရှင်များထံမှ သိရသည်။ ယခင်နှစ် ယခုအချိန်အတွင်း ကွမ်းသီးဈေးမှာ တစ်မောင်းကို ကျပ် နှစ်သိန်းဝန်းကျင်သာ ရရှိခဲ့ကြောင်း သိရသည်။ မင်းပြားမြို့နယ်မှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက “အရင်နှစ်တွေထဲက ဒီအချိန်မှာ ကွမ်းသီး ၁ မောင်းကို ကျပ် ၁ သိန်းကနေ ၁ သိန်းကျော်ကျော်လောက်ပဲ စျေးရှိတယ်။ ဒီနှစ်တော့ ကွမ်းသီရာသီအတွင်း ဒီအချိန်မှာ စျေးကောင်းအရဆုံးဖြစ်နေတယ်။ ဒါပေမယ့် ရောင်းမယ့် ကွမ်းသီးတွေကလည်း သိပ်မရှိကြတော့ပါဘူး” ဟု ပြောသည်။ ရခိုင်ကထွက်ရှိသော ကွမ်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့နေ၍ ဈေးကောင်းရရှိခြင်းဟု

Continue Reading
ဒုက္ခသည်အရေး သတင်း
1 min read
0

အိန္ဒိယရောက် မြန်မာနိုင်ငံသားများ သတိထားနေထိုင်ရမည့် အချက်များ ထုတ်ပြန်

ဧပြီ ၂၈ - ၂၀၂၅
0

အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခဖြစ်ပွားမှုအရှိန်မြှင့်တက်လာ၍ အိန္ဒိယရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အထူးသတိထား နေထိုင်ရမည့် အချက်များကို ချင်းဒုက္ခသည်ကော်မတီ Chin Refugee Committee မှ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံထဲက နယူးဒေလီ၊ မီဇိုရမ်၊ မဏိပူရနှင့် နာဂလဲန်း ဒေသတို့တွင် ၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည်များအဖြစ် အများအပြား ခိုလှုံလျက်ရှိနေကြသည်။ အန္ဒိယနိုင်ငံက ဒုက္ခသည်ကွန်ဗန်းရှင်းကို လက်လက်မှတ်ထိုးထားသည့်အတွက် မြန်မာနိုင်ငံသားများ ခိုလှုံမှုကို လက်ခံထားပြီး ယခုအချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိထား နေထိုင်ရမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားများ လိုက်နာရမည့်အချက်များမှာ မူးယစ်ဆေးဝါးများအား ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရ၊ အိန္ဒိယဥပဒေများကို လေးစားလိုက်နာရန်၊ အခါအားလျော်စွာ

Continue Reading
ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ
စစ်ရေး သတင်း
0 min read
0

ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ

ဧပြီ ၂၇ - ၂၀၂၅
0

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းတစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ ဧပြီလ ၂၇ ရက်တွင် ကျရောက်သော (၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဗဟိုဌာနချုပ်နယ်မြေတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း ကျောင်းသား လက်ရုံးတပ်တော်က ယနေ့တွင် ထုတ်ပြန်သည်။ အခမ်းအနားတွင် ထုတ်ပြန်ကြေညာချက်ဖတ်ကြားခြင်း၊ စစ်ဦးစီးချုပ် မိန့်ခွန်းပြောကြားခြင်း၊ မွမ်းမံသင်တန်းဆင်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

Continue Reading
AA ထိန်းချုပ်နယ်မြေများသို့ လူ ပို့သည့် ပွဲစားများကို စစ်ကောင်စီ ဖမ်းဆီး၊ နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေ
စစ်ရေး သတင်း
1 min read
0

AA ထိန်းချုပ်နယ်မြေများသို့ လူ ပို့သည့် ပွဲစားများကို စစ်ကောင်စီ ဖမ်းဆီး၊ နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေ

ဧပြီ ၂၇ - ၂၀၂၅
0

စစ်တွေဒေသခံများကို အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေသို့ ပို့ဆောင်ပေးသည့် ပွဲစားများကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ပွဲစားများကို အပူတပြင်း လိုက်လံရှာဖွေနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့က စစ်တွေဒေသခံများသည် AA ထိန်းချုပ်ထားသော မြို့နယ်များကို သွားရောက်ရန် ပြင်ဆင်နေချိန်တွင် တိုင်းကြား ခံရမှုကြောင့် စစ်ရှောင် ၃၀ ကျော် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ယင်းနောက် ပို့ဆောင်သူများကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နောက်ထပ် ပွဲစားအဖွဲ့များကို စစ်ကောင်စီက စစ်တွေမြို့အတွင်း အပူတပြင်း လိုက်လံ ရှာဖွေနေကြောင်း ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူများက ပြောသည်။ ပြန်လည် လွတ်မြောက် လာသူတစ်ဦးက “ပွဲစားတွေကို ဖမ်းထားတယ်။

Continue Reading
နိုင်ငံရေးဖိအားများကြောင့် လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း MNDAA ပြော
စစ်ရေး သတင်း
1 min read
0

နိုင်ငံရေးဖိအားများကြောင့် လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း MNDAA ပြော

ဧပြီ ၂၆ - ၂၀၂၅
0

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့အား နိုင်ငံရေးဖိအားများ‌ကြောင့် အာဏာသိမ်း စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့ရကြောင်း ကိုးကန့်သတင်းက ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် ဖော်ပြသည်။ တရုတ် အကူအညီဖြင့် လားရှိုးမြို့အား ပြန်ထိန်းချုပ်တော့မည့် စစ်ကောင်စီသည် ဧပြီလ ၂၂ ရက်‌နေ့က ကားအစီးရေ ရာချီဖြင့် မြို့ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သလို ကနဦး သဘောတူညီချက်အရ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခု ပြန်လည်အုပ်ချုပ်သွားမည် ဖြစ်သည်။ တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုနှင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီနှင့် MNDAA တို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြသည်။ လားရှိုးမြို့ခံအချို့သည် စစ်ကောင်စီတပ် အများအပြားဝင်ရောက်လာသည်ကို

Continue Reading
အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ
ကျန်းမာရေး သတင်း
0 min read
0

အင်းစိန်ထောင်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်ရ

ဧပြီ ၂၆ - ၂၀၂၅
0

အင်းစိန်အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသော ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်း သိရသည်။ စစ်ကြောရေးမှာ မတရားညှဉ်းပန်း နှိပ်စက်ခံခဲ့ရမှုကြောင့် ဦးခေါင်းအတွင်းဒဏ်ရာရရှိပြီး မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်နေသော်လည်း အရေးပေါ် ရောက်မှသာ ဆေးရုံသို့ ပို့ဆောင်ပေးကြောင်း သိရသည်။ ဧပြီ ၂၅ ရက်နေ့ ညတွင်လည်း ကျန်းမာရေးစိုးရိမ်ရ၍ ထပ်မံအင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရပြီး တိကျသေချာသော ဆေးဝါးစောင့်ရှောက်ခွင့် မရရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောသည်။ မဝတ်ရည်အောင်ကို ၂၀၂၁ခုနှစ် စက်တင်ဘာလ၊ ၁၄ရက်နေ့ ကတည်းက စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မတရားပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃)

Continue Reading
KNU ပို့မည် လက်နက်များကို ဘန်ကောက်မှာ ထိုင်းရဲတပ်ဖွဲ့ ထပ်မံ ဖမ်းဆီး
စစ်ရေး သတင်း
1 min read
0

KNU ပို့မည် လက်နက်များကို ဘန်ကောက်မှာ ထိုင်းရဲတပ်ဖွဲ့ ထပ်မံ ဖမ်းဆီး

ဧပြီ ၂၆ - ၂၀၂၅
0

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လတ်စီခရိုင် ထုန်းဆုန်ဟုန်မြို့နယ်က ကွန်ဒိုမီနီယံအခန်းတစ်ခုတွင် ကရင်အမျိုးသားအစည်းအရုံး KNU ပို့မည့် လက်နက်ခဲယမ်းများကို ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ထုန်းဆုန်ဟုန်မြို့နယ် ချိန်ဝပ်ထနာ ၁၂ လမ်းသွယ် ၂ ရှိ ကွန်ဒိုမီနီယံအခန်းတစ်ခုတွင် စစ်လက်နက်များ သိုဝှက်ထားသည်ဟူသော သတင်းအရ ထုန်းဆုန်ဟုန်ရဲစခန်းမှ ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာတွင် လက်နက်နှင့် ကျည်ကတ် အမြောက်အများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကွန်ဒိုမီနီယံအခန်းတွင် နေထိုင်သူသည် ဧပြီလ ၁၂ ရက်နေ့ကစ၍ အခန်းမှထွက်ခွာသွားပြီး ယခုအချိန်ထိ ပြန်မလာသေးကြောင်း ကွန်ဒိုအဆောက်အဦး၏ တာဝန်ရှိသူက ပြောကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ဧပြီ ၂၃ ရက်‌နေ့က ချင်းမိုင်ခရိုင်၊

Continue Reading