ညီနောင်မဟာမိတ်သုံးဖွဲ့ ငလျင်အပစ်ရပ် သက်တမ်းတစ်လ ထပ်တိုး
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLA နှင့် အာရက္ခတပ်တော် AA တို့က အာဏာသိမ်း စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှု နောက်ထပ် ၁ လ သက်တမ်းတိုးလိုက်ကြောင်း ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်သည်။ ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား သက်တမ်းထပ်တိုးလိုက်ရခြင်း ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။ မြန်မာပြည်အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်ဖက်သက် အပစ်ရပ်စဲမှု ၁ လကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။
အလုပ်သမားနေ့မှာ ထိုင်းက မြန်မာအလုပ်သမားကူညီရေးရုံး ဖြိုဖျက်ခံရ
ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံမှာရှိသော မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ရုံး ဖြိုဖျက်ခံရကြောင်း သိရသည်။ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ ထစန်ရပ်ကွက်မှာ ရှိသော AAC မဟာမိတ်အဖွဲ့ရုံးအား မြေပိုင်ရှင်၏ ညွှန်ကြားချက်ဖြင့် အလုပ်သမားများမှ လာရောက်ဖြိုဖျက်သွားခြင်းဖြစ်သည်။ ထိုင်းအာဏာပိုင်များမှ လာရောက်ဖြိုဖျက်ခြင်းမဟုတ်ဘဲ မြေပိုင်ရှင်၏ အလုပ်သမားများမှ လာရောက်ဖြိုဖျက်ခြင်းဖြစ်ပြီး စာချုပ်အရ နောက်တစ်နှစ် နေရအုံးမည်ဟု AAC မဟာမိတ်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ပြောဆိုထားသည်။ မြေပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးအား ဆောက်လုပ်ထားသည်ဟု အကြောင်းပြချက်ဖြင့် လာရောက်ဖြိုဖျက်ရကြောင်း ပြောဆိုထားပြီး AAC မဟာမိတ်အဖွဲ့က ထိုင်းအာဏာပိုင်များအား တိုင်းတန်းကာ အဆောက်အဦးဖြိုချမှုကို ယခု
TNLA ထိန်းချုပ်ကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်
တအောင်းတပ် TNLA ထိန်းချုပ်ထားသာ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်း ကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းကတစ်ဆင့် အဆိပ်ငွေ့ဗုံး ၁၁ လုံးနှင့် ကြဲချခဲ့ကြောင်း သိရသည်။ ထို့အပြင် နောင်ချိုမြို့နယ် တောင်ခမ်း ကျေးရွာအနီးကို လက်နက်ကြီး ၂၆ လုံးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ဧပြီလ ၂၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ TNLA ၏ တပ်မဟာ ၂ နယ်မြေရှိ စစ်ကောင်စီ၏ ၉၀၂ တပ်စခန်းအနီးတွင် ဧပြီလ ၂၉ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ စစ်ကောင်စီတပ်နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ တိုက်ပွဲဖြစ်ပွားနေအချိန်အတွင်း
မောင်တောမှာ ARSA နှင့် တိုက်ပွဲဖြစ်ပြီးနောက် AA က ARSA ရှိရာ စခန်းများကို လိုက်ရှာနေ
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း ပြားသားကျေးရွာအနီးတွင် AA နှင့် ARSA အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် AA က ARSA ရှိရာ စခန်းများကို လိုက်လံရှာဖွေနေကြောင်း သိရသည်။ ပြားသားကျေးရွာအနီးတွင် အာရက္ခတပ်တော် AA နှင့် မွတ်ဆလင်လက်နက်ကိုင် ARSA ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ “ပြားသားကျေးရွာနားမှာ အကြမ်းဖက် ARSA နဲ့ အာရက္ခတပ်တော်နဲ့ ဧပြီလ ၂၇ ရက်က တိုက်ပွဲဖြစ်ကြတယ် ပြောပါတယ်။ ထိခိုက်သေဆုံးမှုတွေ မသိရဘူး။ ARSA က စစ်ကြောင်း ထိုးလာလို့ AA နဲ့ ဖြစ်ကြတာပါ”ဟု ဒေသခံ
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူခြင်းမှ ရှောင်ပြေးလာသည့် လူငယ်များကို အိမ်နီးချင်းနိုင်ငံများမှ စောင့်ရှောက်ပေးရန် NUG တောင်းဆို
စစ်ကောင်စီ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော လူငယ်များကို လူသားချင်းစာနာသည့် မူဝါဒကိုအခြေခံပြီး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးရန် NUG က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းနိုင်ငံများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီမှာ လူငယ်များနှင့် မိသားစုဝင်များကို ခြိမ်းခြောက်အကျပ်ကိုင် စစ်မှုထမ်းခိုင်းခြင်းမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အစီရင်ခံစာမှာ ဖော်ပြထားသည်။ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် လူငယ်များ၏ ထွက်ဆိုချက်များအရ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီသည် လူငယ်များကို နေအိမ်၊ လုပ်ငန်းခွင်နှင့် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု NUG က
မဟာချိုင်က မြန်မာစားသောက်ဆိုင်ကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း
ထိုင်းနိုင်ငံ စမုစခွန်ခရိုင် မဟာချိုင်မှာ မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားသော စားသောက်ဆိုင်လည်းဖြစ် အပန်းဖြေဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကြောင်း သိရသည်။ ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခံရခြင်း ဖြစ်ပြီး ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးချိန် လက်နက်၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိပြီး ဆိုင်ဝန်ထမ်းအချို့လည်း ဖမ်းဆီးခံရမှုရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။ အဆိုပါ ဖမ်းဆီးမှုမှာ မြန်မာတစ်ဦး၏ သတင်းပေး တိုင်ကြားချက်ကြောင့်ဖြစ်ပြီး မြန်မာများအနေဖြင့် ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်နေသော မြန်မာတစ်ဦးက “အခုက ထိုင်းမှာ အွန်လိုင်းစျေးရောင်းတာကစလို့ ဆိုင်သေး၊ ဆိုင်ကြီး၊ အိမ်ခြံမြေပွဲစား အေးဂျင့် စတဲ့လုပ်ငန်းတွေမှာ မြန်မာတွေ လုပ်ကိုင်နေတာတွေကို
ပြင်ပဈေးကွက် မရှိ၍ ရခိုင်က ငါးပုဇွန်ဈေးနှုန်းများ ကျဆင်းနေ
ပြည်မမြို့များနှင့် နိုင်ငံတကာက ဝယ်ယူမှုမရှိ၍ ရခိုင်က ငါးပုဇွန်ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားသည်ဟု ရေလုပ်ငန်းရှင်များထံမှ သိရသည်။ ၂၀၂၃ တကျော့ပြန်တိုက်ပွဲ မဖြစ်ပွားမီက ရခိုင်ပြည်က ငါးပုဇွန်များကို ပြည်မမြို့ဖြစ်သည့် ရန်၊ မန္တလေးနှင့် နိုင်ငံတကာ တင်ပို့မှုများရှိခဲ့သော်လည်း လက်ရှိတွင် ဆက်သွယ်ရေးပြတ်တောက်ပြီး ဝယ်လိုမအား၍ ရခိုင်ငါးပုဇွန်ဈေးနှုန်းများ ကျဆင်သွားခြင်းဖြစ်သည်။ ရခိုင်ပြည်အတွင်း စားသုံးမှုဈေးကွက်ကိုသာ အဓိက အားထားနေရကြောင်း မင်းပြားမြို့နယ်မှ ငါးပုဇွန်မွေးမြူရေး လုပ်ကိုင်နေသူတစ်ဦးက Western News ကို ပြောသည်။ “ဒီနှစ် ပြည်တွင်းကပဲ အဝယ်ရှိတာဆိုတော့ စျေးနှုန်းက ကျပါတယ်။ တိုက်ဂါးပုဇွန်ဆို တစ်ဝက်ကျော်နီးပါးလောက်ကို ကျသွားတယ်။ ပြီးတော့ လုပ်သားက များလာတယ်။ တစ်ခြားအလုပ်လည်းမရှိကြတော့ ပုဇွန်ဝယ်ရောင်းလုပ်လာကြတာနဲ့ ပုဇွန်သားပေါက်နှုန်းကလည်း တော်တော်ကို
ပဲခူးတိုင်းမှာ စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်ဖွဲ့ အပြန်အလှန်ထိုးစစ်ဆင်
ရခိုင်ရိုးမတောင်းတန်းနှင့် နီးကပ်သည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေကြကြောင်း သိရသည်။ ပန်းတောင်းမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ကိုလည်း သိမ်းဆည်းရရှိထားသည်။ လက်လွှတ်လိုက်ရသော စစ်ခန်းများအား ပြန်လည်ရရှိရန် အာဏာသိမ်း စစ်ကောင်စီကလည်း ပြည်လမ်းမဘက်မှနေ၍ အင်အား ရာချီပါဝင်သော တပ်ဖွဲ့များဖြင့် AA ပူးပေါင်းတပ်ဖွဲ့များကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ထိုကြောင့် စစ်ကောင်စီတပ်ဖွဲ့များအား ပြန်လည်ခုခံတိုက်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များမှ သေချာပြင်ဆင်ထားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။ ”
ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ အရေးပေါ်လိုအပ်နေ
မတ်က ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ တစ်လပြည့်ပြီးဖြစ်ပြီး ငလျင်ကြောင့် လူ ၃၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ ငလျင်ကြောင့် လူပေါင်း ၅၀၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရပြီး လက်ရှိအချိန်ထိ လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း စစ်ကောင်စီမှ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် သတင်း ထပ်မံထုတ်ပြန်သည်။ ပြင်းထန်သည့် ငလျင်ကြောင့် ပြည်သူများအခက်အခဲများစွာ ရင်ဆိုင်နေရပြီး ငလျင်ဘေးဒဏ်သင့် မိသားစုများမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို ဆိုးရွားစွာ ခံစားနေရကြရသည်ဟု ကုလသမဂ္ဂအဖွဲ့ဝင် IOM မှ ယနေ့ ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ပြောသည်။
မွတ်ဆလင်များအတွက် ရခိုင်ပြည်ကို ပြည်နယ် ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ်ပါတီ အဆိုပြု
မွတ်ဆလင်လူမျိုးများအတွက် ရခိုင်ပြည်ကို သီးခြားလွတ်လပ်သော ပြည်နယ်ထူထောင်ပေးရန် တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးပါတီဖြစ်သော JLB က အဆိုပြုတောင်းဆိုလိုက်သည်။ တရုတ်ကွန်မြူနစ်ပါတီ CCP မှ ကိုယ်စားလှယ်များနှင့် ဘင်္ဂလားဒေ့ရှ် အကြီးဆုံးပါတီ ဂျာမတ်-အီ-အစ္စလာမီ JLB ပါတီတို့ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် ဒါကာမြို့၌ တွေ့ဆုံကြစဉ် JLB ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွတ်ဆလင်လူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိပြီး ရခိုင်ပြည်ထဲတွင်လည်း မွတ်ဆလင်များရှိနေကာ လူသားမဆန်သော လုပ်ရပ်များအတွက် အစားအသောက်နှင့် အမိုးအကာများ ပေးနေခြင်းမှာ ပြဿနာ၏ အဖြေမဟုတ်ကြောင်း JLB က ပြောသည်။ ထိုကြောင့် ပြဿနာ၏ ဖြေရှင်းနည်းဖြစ်သော မွတ်ဆလင်များအတွက်