ပလက်ဝဒေသခံ ၁၄ ဦးကို AA က ဖမ်းထားဟုဆို
(ULA/AA ပြောခွင့်ရ ဦးခိုင်သုခ တုံ့ပြန်ခြင်းမရှိပေ) CDF-Paletwa (ပလက်ဝ ကာကွယ်ရေးတပ်) ကို ထောက်ပံ့သည်ဟုဆိုကာ ပလက်ဝမြို့နယ် ကျေးရွာလေးရွာက အရပ်သား ၁၄ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း Global Khumi Organization (GKO) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၇ ရက်တွင် င/ရှားကျေးရွာမှ ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နှင့် ဦးယက်ရယ် (Yeh Ray) နှင့် ချင်းဒေါက်ကျေးရွာမှ ဦးနန်းဘဲ၊ ဦးကျော်လှအောင်တို့ကို AA က ဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ကုန်းတော်အုပ်စု ရေချမ်းသာကျေးရွာမှ ၃
ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်ဒုက္ခသည်များကို အမေရိကန်က ဒေါ်လာ ၁၉၉ သန်း ကူညီမည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြသည့် မွတ်ဆလင်ဒုက္ခသည်များအတွက် ဒေါ်လာ ၁၉၉ သန်း ကူညီထောက်ပံ့ပေးမည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေများမှာ မွတ်ဆလင်ဒုက္ခသည်များအပါအဝင် ဘင်္ဂလားဒေ့ရှ်က အကူအညီပေးနေသည့် ဒေသခံ လူမှုအသိုက်အဝန်းအတွက်လည်း ပါဝင်ကြောင်းဆိုသည်။ အမေရိကန်က မွတ်ဆလင်ဒုက္ခသည်များအတွက် ဒေါ်လာ ၁၉၉ သန်း ပေးမည်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေချိန် သီးသန့်အစည်းအဝေးမှာ ကြေညာခဲ့ခြင်းဖြစ်သည်။ ထောက်ပံ့ငွေများကို အမေရိကန် နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ (USAID) အပါအဝင် အမေရိကန် အေဂျင်စီများကတဆင့် သုံးစွဲမည်ဟု အမေရိကန် အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Uzra Zeya က ပြောသည်။
မြဝတီ ဖလူးကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်
(စာသင်ကျောင်း ပျက်စီးသွားပြီး ကလေးငယ်များ ထိခိုက်မှု မရှိခဲ့) ကရင်ပြည် မြဝတီမြို့နယ် ဖလူးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း ပျက်စီးသွားပြီး ကလေးငယ်များမှာ ထိခိုက်မှုမရှိခဲ့ကြောင်း KNU တပ်မဟာ ၆ သတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီ စွယ်တော်ကုန်း အမြောက်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ” ပထမ လက်နက်ကြီးသံတွေ ထွက်ပေါ်လာလို့ ကျောင်းကို စောပိတ်ပြီး ကလေးတွေ၊ ဆရာ/ဆရာမတွေကို လွှတ်လိုက်တယ်။ မကြာဘူး စာသင်ကျောင်းကို လက်နက်ကြီးကျလာတာပဲ။ ကျောင်းကတော့ ပျက်စီးသွားပါတယ်။ ကလေးတွေ၊ ဆရာ/ဆရာမတွေက ထိခိုက်မှု မရှိခဲ့ဘူး။ ”
အစ္စရေးကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ အစ္စရေးက လက်တုံ့ပြန်မည်ဟုဆို
ဟစ်ဇ်ဘိုလာ၊ ဟားမတ်စ်နှင့် အီရန် အရာရှိများ သတ်ဖြတ်ခံရမှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ထားသည်။ ယမန်နေ့ အောက်တိုဘာ ၁ ရက် ညတွင် အစ္စရေးနိုင်ငံထဲက တယ်လ်အဗီးမြို့ အပါအဝင် နေရာတချို့ကို အီရန် ဒုံးကျည် ရာနှင့်ချီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောသည်။ အီရန်က ဒုံးကျည် ၂၀၀ နီးပါးအထိ ပစ်လွှတ်ခဲ့ပြီး အစ္စရေး ဒုံးကျည်ကာကွယ်ရေးနစ်က ကြားဖြတ်ကာကွယ်ခဲ့သော်လည်း ဂျေရုဆလင်နှင့် တယ်လ်အဗီးတို့တွင် ပေါက်ကွဲသံများ ကြားရသည်။ အီရန်ဘက်က တိုက်ခိုက်လာမည်ကို အစ္စရေးက ကြိုသိနေ၍ အရပ်သားများကို ဗုံးခိုကျင်းထဲ ရွှေ့ပြောင်းထားခဲ့ကြောင်းနှင့် ဒုံးကျည်များ မကျရောက်ရန် ကာကွယ်ခဲ့သော်လည်း အချို့သော ဒုံးကျည်များမှာ
တရားခံပြေး အပါအဝင် ငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၀ ကျော်ကို စစ်ကောင်စီက တရုတ်အား လွှဲပြောင်းပေး
မြန်မာနိုင်ငံအတွင်းရှိသော တရားခံပြေး အပါအဝင် အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးထဲတွင် တရားခံပြေး ၄၅ ဦးပါဝင်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ရွှေလီမြို့နယ်စပ်ဂိတ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၃၀ တွင် ထုတ်ပြန်ထားသည်။ ၎င်းတို့ကို စက်တင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းငွေသူများမှာ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်နေသူများဖြစ်ပြီး ငွေလိမ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ Scam စက်များ ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းမှာ ရှမ်းမြောက်ဒေသတွင် လှုပ်ရှားရာကနေ လက်ရှိ ကရင်ပြည် မြဝတီဘက်သို့
ကောလင်းကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့နယ် ဥက္ကံကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူ ၇ ဦးသေဆုံးသွားပြီး ၄ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီခန့်က ဥက္ကံကျေးရွာ အရှေ့အိုင်ကြီး လမ်းခွဲနေရာကို စစ်ကောင်စီ ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းက ပြောသည်။ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။ ကောလင်းမြို့နယ် ဥက္ကံကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ လုံးဝမရှိသော ကျေးရွာဖြစ်ပြီး စစ်ကောင်စီက အရပ်သားများအပေါ် ဦးတည်ပစ်မှတ်ထားခြင်းသာ ဖြစ်ကြောင်း သိရသည်။
ထိုင်းမှာ လေ့လာရေးခရီးထွက်လာသော ကျောင်းကား မီးလောင်၍ ၂၅ ဦးသေဆုံး
ထိုင်းနိုင်ငံမှာ လေ့လာရေးခရီးထွက်လာသော ကျောင်းသား ၃၈ ဦးနှင့် ဆရာ/ဆရာမ ၆ ဦး လိုက်ပါ စီးနင်းလာသည့် ကျောင်းကားတစ်စီး ဘန်ကောက်မြို့နှင့် ပသုမ်သနီမြို့အစပ် လမ်းတွင် ကားဘီးပေါက်ရာမှ မီးလောင်မှုဖြစ်ပွားပြီး ၂၅ ဦးသေဆုံးခဲ့ရသည်။ သေဆုံးသူများတွင် ကျောင်းသား၊ ကျောင်းသူများ ၂၂ ဦးနှင့် ဆရာ/ဆရာမ ၃ ဦးသေဆုံးခဲ့ရပြီး ပသုမ်သနီမြို့ရှိ ကျောင်းတစ်ကျောင်းမှ ခရီးထွက်လာခြင်းဖြစ်ကြောင်း သိရသည်။ ကားဘီးပေါက်ပြီး ဘေးနံရံများ တိုက်မိကာ မီးလောင်ခဲ့ကြောင်းနှင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ကားတံခါးများ ဖွင့်ရေး ခက်ခဲကာ ၁၉ ဦးသာ လွတ်မြောက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ၊ သေဆုံးသူများ ရှိခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများအားလုံးကို ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေကြောင်း ထိုင်းရဲတပ်ဖွဲ့က
မြန်မာစစ်တပ်ကို လေယာဉ်ဆီနှင့် လက်နက်များ မပေးကြရန် သံအမတ် ဦးကျော်မိုးထွန်း ကုလညီလာခံတွင် တောင်းဆို
မြန်မာစစ်တပ် (စစ်ကောင်စီ) ထံသို့ လေယာဉ်လောင်စာဆီ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းပေးခြင်းများ မပြုလုပ်ကြရန် အမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက ကုလညီလာခံတွင် တောင်းဆိုလိုက်သည်။ စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် ကုလညီလာခံအစည်းအဝေးတွင် သံအမတ် ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူများမှာ လက်နက်ကြီး ပစ်ခတ်ခံရခြင်း၊ ဗုံးကြဲတိုက်ခိုက်ခံရခြင်းတို့ကြောင့် သေဆုံးမှုများပြားနေပြီး ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု ညီလာခံတွင် ပြောကြားခဲ့သည်။ ပြည်သူများအပေါ် ထိုသို့ ရက်စက်ဖိနှိပ်မှုများ ပြုလုပ်နေ၍ မြန်မာစစ်တပ်အား မည်သည့်ထောက်ပံ့မှုများကိုမှ မပြုလုပ်ကြရန် သံအမတ်က တောင်းဆိုနေခြင်းဖြစ်သည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများက မြန်မာနိုင်ငံအပေါ် မည်သည့်ပုံစံဖြင့် ခြိမ်းခြောက်မှုမျိုးမဆို ရှုတ်ချကြောင်းနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို
AA သိမ်းပိုက်ရန် ကျန်နေသော ရခိုင်က မြို့များတွင် သန်းခေါင်စာရင်းကောက်ယူ
အာရက္ခတပ်တော် AA သိမ်းပိုက်ရန် ကျန်ရှိနေသေးသော ရခိုင်ပြည်အတွင်းက စစ်တွေ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်နှင့် အမ်းမြို့နယ်တို့တွင် စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် ရဲနှင့်စစ်တပ်က လုံခြုံရေးယူပေးပြီး ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၈ နာရီကစတင်၍ လူဝင်မှုကြီးကြပ်ရေး (လဝက) ဌာနက သန်းခေါင်စာရင်း ကောက်ယူနေပြီဟု ဒေသခံများက ပြောသည်။ စစ်တွေမြို့ခံတစ်ဦးက “သန်းခေါင်စာရင်း ဒီကနေ့ စကောက်ပါတယ်။ ရပ်ကွက်တိုင်းလိုလိုမှာ စကောင်နေပါပြီ။ လဝကနဲ့ ဌာနဆိုင်ရာတစ်ချို့ပါတယ်။ ရဲနဲ့ စစ်တပ်က လုံခြုံရေးယူပေးထားတာ တွေ့ရပါတယ်။ ၁၅ ရက်နဲ့ အပြီးကောက်သွားမယ်လို့ သိရပါတယ်” ဟု ပြောသည်။