ပလက်ဝ ဒေသခံ ကုန်သည်မိသားစုဝင် ၃ ဦး ဓါးမြတိုက် အသတ်ခံရ
(ရုပ်အလောင်းများကို ကျောက်တော်-ပလက်ဝ အစပ်တွင် တွေ့ရှိ) အသက်မပြည့်သေးသည့် ကလေးငယ် တစ်ဦးအပါအဝင် ပလက်ဝဒေသခံ ကုန်သည်မိသားစုဝင် ၃ ဦး ကျောက်တော်မြို့သို့ ကုန်ပစ္စည်းသွားပို့စဉ် လမ်းတွင် ဓါးမြတိုက် အသတ်ခံရကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။ အသတ်ခံရသူ ၃ ဦးမှာ ပလက်ဝမြို့နယ် မောင်နှမကျေးရွာကဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ပီစီထွန်း၊ အသက် ၂၆ နှစ်အရွယ် ကိုအိုက်မြင့်၊ အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်တို့ဖြစ်သည်။ ပီစီထွန်းမှာ ဦးအောင်ဆန်း၏ မြေးဖြစ်ပြီး ကိုအိုက်မြင့်မှာ ဦးအောင်ဆန်း၏ သားဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးမှာ ခူမီးလူမျိုးများဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် အိန္ဒိယဘက်မှ လာသော
တအောင်းဒေသမှာ ဗုံးကြဲခံရ၍ တစ်လအတွင်း သေဆုံးသူ ၂၆ ဦးရှိပြီး ၄၁ ဦး ဒဏ်ရာရ
ရှမ်းမြောက် TNLA ထိန်းချုပ်ထားသော တအောင်းဒေသကို အာဏာသိမ်း စစ်ကောင်စီက ဗုံးဆက်တိုက် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးသူ ၂၆ ဦးနှင့် ၄၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိကြသည်။ အဆိုပါ ထိခိုက် သေဆုံးသူ အရပ်သားပြည်သူ အရေအတွက်မှာ စက်တင်ဘာလ တစ်လအတွင်း သေဆုံးခြင်းဖြစ်ပြီး ကုန်ခဲ့သည့် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက် သုံးရက်အတွင်း ၄ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးအထိ ဒဏ်ရာရရှိခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီး ၁၀ ဦးထက်မနည်း ပါဝင်ကြောင်း တအောင်းတပ် TNLA ကဆိုသည်။ အာဏာသိမ်း စစ်ကောင်စီ လေတပ်သည် အဘက်ဘက်မှ
ပေါက်တော အနောက်ရဲ မွတ်ဆလင်စခန်းတွင် ဝမ်းရောဂါကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာ
(AA ဆေးတပ်ဖွဲ့က ကုသပေးနေ၍ ပြန်လည်ကောင်းမွန်သူ ၆၀ ရာခိုင်နှုန်းအထိရှိလာ) ရခိုင်ပြည် ပေါက်တောမြို့နယ်ရှိ အနောက်ရဲကျေးရွာက မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် သေဆုံးသူ ၁၃ ဦးအထိ ရှိလာကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။ သေဆုံးသူ ၁၃ ဦးထဲ ၅ နှစ်အောက် ကလေးငယ် ၉ ဦးနှင့် အသက် ၃၀ အရွယ် ၄ ဦးဖြစ်ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ ” ဝမ်းပျက်ဝမ်းလျောကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိသွားပါပြီ။ အသက် ၅ နှစ်အောက် ကလေးငယ် မိန်းကလေး ၅ ဦးနဲ့ ယောက်ျားလေး ၄ ဦးပါ။
နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီ ကမ်းလှမ်းချက် NUCC နှင့် NUG ပယ်ချ
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေးရှင်းရန် စစ်ကောင်စီ ကမ်းလှမ်းချက် အမျိုးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ပယ်ချလိုက်ကြောင်း ယနေ့ အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီ ကမ်းလှမ်းချက်သည် ဟန်ပြဖိတ်ခေါ်ချက်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ PDF များအား သပ်သျှိုဖြိုခွဲရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ စစ်ကောင်စီက ၎င်းတို့နှင့်နီးစပ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်ကောင်းစေရန် အနှစ်သာရမဲ့သည့် အားထုတ်မှုတစ်ရပ်သာဖြစ်ကြောင်းလည်း ဆိုသည်။ စစ်ကောင်စီ၏ သပ်လျှိုဖြိုခွဲလာမှုအပေါ် တော်လှန်ရေးသတိကြီးစွာ ထားရှိကြရန်လည်း တော်လှန်ရေးအင်အားစုများကို NUCC နှင့် NUG တို့က တိုက်တွန်းထားသည်။ ” အဲဒီစာထဲမှာကိုက အနှစ်သာရအားဖြင့် ဆန့်ကျင်ဘက်တွေဖြစ်နေတယ်ဆိုတာကို
တရုတ် ရေငုတ်သင်္ဘော ဝယ်ယူရန် ထိုင်းရေတပ် စီစဉ်
အသစ်ခန့်အပ်ထားသော ထိုင်းရေတပ်အကြီးအကဲ Adm Jirapol Wongwit က ရေငုပ်သင်္ဘောဝယ်ယူရေး ပရောဂျက်ကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်တွင် ထိုင်းရေတပ်ဦးစီးချုပ်က သဘောထားပေးခဲ့ပြီး အစီအစဉ်အား ရှင်းပြရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးကို တွေ့ဆုံမည်ဟု သိရသည်။ ရေငုပ်သင်္ဘော အစီအစဥ်သည် ရေတပ်၏ စွမ်းဆောင်ရည်တည်ဆောက်ရေး မဟာဗျူဟာ၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ရေငုပ်သင်္ဘောအစီအစဉ်သည် ရေကြောင်းလုံခြုံရေးကို ထိန်းသိမ်းရာတွင် မည်ကဲ့သို့အရေးကြီးကြောင်း နှစ်ဖက်စလုံး နားလည်ကြောင်း သေချာစေရန် အောက်လွှတ်တော် အစီအမံများမတိုင်မီ ရေတပ်သည် အဆိုပါစီမံချက်ကို ခုခံကာကွယ်ရန် ပြင်ဆင်ထားပြီးဖြစ်သည်”
ဓားသွားထက်က အမျိုးသမီးများ
“အရမ်းအန္တရာယ်များတော့ မိသားစုတွေ တားကြတယ်။ ဒါပေမဲ့ ကိုယ်တိုင်က ဝါသနာပါတော့ ဒီအလုပ်ကို မစွန့် လွှတ်နိုင်ဘူး” ဟု ပြောလာသူက မေသက်ထားဝတီ (အမည်လွှဲ) ဖြစ်သည်။ သူမသည် သူဝါသနာပါရာ အလုပ်၊ မတရားမှုများကို အမြဲတမ်း စုံစမ်းဖော်ထုတ်ပြီး ပြည်သူများထံ အမှန်တရား ကို ရှာဖွေချပြချင်သူဖြစ်သဖြင့် သတင်းထောက်ဖြစ်ရခြင်းအပေါ် အမြဲတမ်း ဂုဏ်ယူကြောင်းပြောသည်။ မေသက်ထားဝတီသည် စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်သည့် သတင်းများကို ရေးသားမှုကြောင့် စစ်တပ်အပေါ် အသေရေညှိုးနွမ်းစေကြောင်း စွပ်စွဲချက်ဖြင့် ရာဇသတ်းကြီး ဥပဒေ ပုဒ်မ ၅၀၅(က)အပြင် ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ မြန်မာနိုင်ငံတွင် ရခိုင်ဒေသသည် လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခ၊ လူ့အခွင့်အရေးချိုးမဖောက်မှု၊ ဆင်းရဲမွဲတေမှု၊
စည်းလုံးမှုယိုင်းနဲ့၍ နိုင်ငံပျောက်မည်ဟု စစ်ကောင်စီပြော
မြန်မာပြည်မှာ စည်းလုံးညီညွတ်မှု ယိုင်နဲ့လာ၍ နိုင်ငံတကာ ပြိုင်ဆိုင်မှုကြားတွင် နိုင်ငံပါပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားနေကြောင်း အာဏာသိမ်း စစ်ကောင်စီက ပြောသည်။ ဟန်ပြရွေးကောက်ပွဲနီးလာနေ၍ ပြည်သူလူထုအား တစ်ဖက်လှည့်စည်းရုံးသည့် မြန်မာ့အရေးအပေါ် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းက စက်တင်ဘာလ ၂၇ ရက် သတင်းထုတ်ပြန်ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ် ဇော်မင်းထွန်း အဓိက ပြောကြားချက်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပြန်လည်ထူထောင်ရေးကိစ္စ၊ နိုင်ငံတကာကာတွင် အကျိုးစီးပွား ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း၊ ပြည်တွင်းစည်းလုံးညီညွတ်မှုမရှိကြောင်းနှင့် PDF များ, တိုင်းရင်းသား လက်နက်ကိုင်များ လက်နက်စွန့်ရေးကိစ္စတို့ဖြစ်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားသည့် PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ပြီး ပါတီနှင့် ရွေးကောက်ပွဲလမ်းကို
အမ်းမှာ ၂ နာရီကြာ စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွား
ရခိုင်ပြည် အမ်းမြို့နယ် ကျောက်စကွဲကျေးရွာ အနောက်ဘက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ ကျောက်စကွဲကျေးရွာ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာမှာ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၃၇၃ နှင့် ခမရ ၃၇၂ တို့က အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားကြောင်း AA က ထုတ်ပြန်ထားသည်။ နံနက် ၁၁ နာရီ ၅၀ မိနစ်ကစတင်ပြီး ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကာ စစ်ကောင်စီတပ်သား
ပေါက်တော မွတ်ဆလင်စခန်းများတွင် ဝမ်းရောဂါကြောင့် သေဆုံးမှုမြင့်တက်
ရခိုင်ပြည် ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနေသည်မှာ ၅ လခန့်ကြာမြင့်နေပြီး ကလေးငယ်များ သေဆုံးမှု မြင့်တက်နေကြောင်း သိရသည်။ အနောက်ရဲ မွတ်ဆလင်စခန်းတွင် ၇ ရက်အတွင်း ကလေးငယ်များအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” အခု ၇ ရက်အတွင်း အမျိုးသမီး ၂ ဦးနဲ့ ကလေး ၁ ဦး ဝမ်းရောဂါကြောင့် သေဆုံးသွားပါတယ်။ ကျနော်တို့ခစန်းမှာ ဝမ်းရောဂါဖြစ်ပွားနေတာ ၅ လ လောက်ရှိပါပြီ။ ဘာဆေးဝါးမှလည်း မရှိဘူး။ ဘယ်သူမှလည်း ဆေးမကုပေးဘူး။ ” ဟု ပြောသည်။ ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများဖြစ်သော ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရဲ၊ ငှက်ချောင်း (၁)၊