ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော
ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထု စစ်အာဏာရှင်အောက်တွင် သက်ဆိုးရှည်စေရန်နှင့် သူတပါးလက်အောက်မှ မလွတ်မြောက်စေရန် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က လုပ်ဆောင်နေကြောင်း ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။ စစ်ကောင်စီ ထိန်းချုပ်ထားသော မောင်တောမြို့ကို အာရက္ခတပ်တော် AA က သိမ်းမည်ဖြစ်၍ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု AA ကြေညာချက်ကို ဒေါ်စောမြရာဇာလင်း ALP က ကန့်ကွက်နေသည်။ ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်သော ဒေါ်စောမြရာဇာလင်း ALP ထုတ်ပြန်ချက်တစ်ခုတွင် မောင်တောမြို့တွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြသည်များကို များစွာစိတ်မချမ်းမသာ ဖြစ်ရသည်ဟု ပြောဆိုထားသည်။ မြို့သိမ်းတိုက်ပွဲများဒဏ်ကြောင့် ရခိုင်ပြည်သူများမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ မိုးရာသီကာလအတွင်း နေထိုင်စရာမရှိ၊ စားသောက်စရာမရှိသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု
ကရင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာ နပ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သော ဘုရားသုံးဆူဂိတ်ကို ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့က နှစ်ဖက်စလုံးက ယာယီပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းတင်ပို့/ တင်သွင်းမှုများ ရပ်တန့်သွားကြောင်း ဒေသခံများနှင့် ကုန်သွယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။ အဆိုပါ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို အခုလ ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာဘက်ခြမ်းမှ ယာယီပိတ်လိုက်ပြီးနောက် အလာတူ ထိုင်းဘက်ကပါ ထပ်မံပိတ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ ရပ်တန့်သွားကြောင်း ဘုရားသုံးဆူမြို့ခံများနှင့် ကုန်သည်များထံမှ သိရသည်။ ” ဟုတ်တယ် မြန်မာဘက်က ပိတ်လိုက်တာပါ။ ဘာကြောင့် ပိတ်တာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။ နောက်ပြီး သိပ်မကြာဘူး။ ထိုင်းဘက်ကပါ ထပ်ပိတ်လိုက်တာ ဖြစ်တယ်” ဟု
အာဆီယံ ဘုံ ၅ ချက် အလုပ်မဖြစ်၍ လမ်းပြမြေပုံသစ် ဖော်ဆောင်ရန် ကုလ မဟာမင်းကြီး တိုက်တွန်း
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဏာသိမ်း စစ်ကောင်စီက ဖြေရှင်းရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ အလုပ်မဖြစ်တော့ဘဲ ယင်း သဘောတူညီချက်များကို ကျော်လွန်၍ လမ်းပြမြေပုံသစ်ဖော်ဆောင်ရန် လိုအပ်နေပြီဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်သည်။ ဇွန်လ ၁၈ ရက်နေ့ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ၏ ၅၆ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် Volker Turk က ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို တားဆီးရန် (သို့မဟုတ်) ဒီမိုကရေစီ ပြန်လည်ထူထောင်ရန် အာဆီယံက ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက် မူဘောင်ကနေ
CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
(AA ကို ဘာကြောင့်ခေါ်လာတာလဲဟု ချင်းညီနောင်တပ်ဖွဲ့ကို CNA မေးခွန်းထုတ်) Western News| ဇွန် ၂၀ စစ်ကောင်စီ ထိန်းချုပ်ထားသော ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသော ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့များကို ချင်းအမျိုးသားတပ်မတော် CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ မတူပီမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် CNA တပ်နှင့် ၎င်းလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့သည် ချင်းညီနောင်တပ်ဖွဲ့ကို ဇွန်လ ၁၈ ရက်နေ့က အလစ်အငိုက် ဝင်တိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခလရ ၁၄၀ တပ်ရင်းကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က
မြန်မာစစ်ရှောင် ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချခြင်း ကန့်ကွက်ရှုတ်ချ
အာဏာသိမ်း စစ်ကောင်စီကြောင့် အိန္ဒိယနိုင်ငံထဲသို့ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် ၇၀,၀၀၀ ကျော်ထဲက ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချထားခြင်းအား မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသည့်အဖွဲ့ ၄ ခုက ကန့်ကွတ်ရှုတ်ချပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ မြန်မာပြည်သူများမှာ စစ်တပ်ကြောင့် အကြမ်းဖက် သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီးခံနေရခြင်းနှင့် လူ့အခွင့်အရေးများစွာကို ချိုးဖောက်ခံနေရချိန် အိန္ဒိယအစိုးရသည် မြန်မာပြည်သူများအပေါ် မရပ်တည်ဘဲ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို များစွာစိတ်မကောင်းဖြစ်ရသည်ဟု India for Myanmar, Blood Money Campaign, Defend Myanmar Democracy, Sitt Nyein Pann Foundation အဖွဲ့တို့က ယနေ့ ဇွန်လ ၁၉ ရက်တွင်
ပါချုပ်နှင့် ဆရာ/ဆရာမများအား လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်ထဲ တပ်စွဲနေရာယူ
ပုံစာ - တောင်ကုတ်တက္ကသိုလ် ခြံဝန်းထဲ စစ်ကောင်စီတပ်သားများတွေ့ရစဥ်
သံတွဲမှာ စစ်ကောင်စီ တပ်စွဲနေရာ မိုင်းနင်းမိ၍ ရွာသားတစ်ဦး သေဆုံး
ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး တပ်စွဲခဲ့သည့်နေရာတွင် ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိ၍ ရွာသားတစ်ဦး သွေးထွက်လွန်ပြီး သေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။ မိုင်းနင်းမိ၍ သေဆုံးသွားသူမှာ အသက် ၆၀ အရွယ် ဦးမောင်စောဖြစ်ပြီး သံတွဲမြို့နယ် အလယ်ရွာကျေးရွာကဖြစ်သည်။ သံတွဲ-တောင်ကုတ် ကားလမ်းဘေး အလယ်ရွာကျေးရွာ၊ ချောင်းဝကျေးရွာ၊ ရေစင်ကျေးရွာတို့တွင် မေလနှောင်းပိုင်းကစ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ကြောင်းထိုးပြီး နေရာယူခဲ့သည့် နေရာများဖြစ်သည်။ အလယ်ရွာ ကျေးရွာသားတစ်ဦးက ” ရွာအနီးက စိုက်ခင်းကို ဟင်းရှာထင်းရှာဖို့ သွားတာ။ အဲဒီမှာ မိုင်းနင်းမိတာ။ သွေးထွက်လွန်ပြီး ဆေးရုံတောင် မရောက်လိုက်ဘူး သေဆုံးသွားပါတယ်။ ကျနော်တို့ရွာအနီးက စစ်ကောင်စီက စစ်ကြောင်းထိုးပြီး
ကျောက်ဖြူမှာ စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြန်လည်ဖြစ်ပွား
ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်စခန်းအနီး ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ နှစ်လကျော်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ငြိမ်သက်ခဲ့ရာကနေ ကျောက်ဖြူက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ဒေသခံတစ်ဦးက ” ဓညဝတီရေတပ်စခန်းက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA က လမ်းမှာ ဖြတ်တိုက်ခဲ့တာပါ။ မနေ့က နံနက်ပိုင်းမှာ ကျောက်ဖြူနဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ သိုင်းချောင်းရွာအနီးမှာ ဖြစ်ကြတာပါ။ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ သိရတယ်။ စစ်ကြောင်းကတော့ ရေတပ်ဘက်သို့ ပြန်ဆုတ်သွားတယ်။ ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မကြားရဘူး။ ” ဟု ပြောသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် ဖြစ်ပြီးအကြာတွင်