စစ်တွေ မင်းဂံရပ်ကွက်က အရပ်သား ၂၀၀ ကျော် ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား
ပုံစာ – ၂၀၂၂ ခုနှစ်၊ ရခိုင်စစ်ရေးကာလ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)
မနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ
Western News| ဇွန် ၁၆ ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဇော်ထွန်း ကျသွားကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ်အရ သိရသည်။ ဇွန် ၁၅ရက်နေ့ ည ၈နာရီအချိန်ခန့်က တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း တောင်ကုတ်မြို့ခံများက Western News ကိုပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ က ညတိုက်ပွဲမှာ စကခ၅ က တပ်ထောက်ဗိုလ်ကြီး အောင်ဇော်ထွန်းကျတယ်။ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှာ ထိတွေ့မှုဖြစ်ကြတာပါ။
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်ရှိတွင် စစ်ရှောင် ၂၅,၀၀၀ ခန့်သည် အလှူရှင်များလိုအပ်နေ
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်ရှိနေသည်။ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာက ပိတ်မိနေသော အရပ်သားပြည်သူများ ထောင်နှင့်ချီကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးနိုင်ခဲ့သည်။
၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်
(ရခိုင်မှာ မေ၊ ဇွန် ပထမပတ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၂၂ ဦး ကျော်ရှိ) ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်း အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၄ လတာ ကာလအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်စဉ်ပေါင်း ၄၆ ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ ၃၆၉ ဦးရှိခဲ့သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ဆိုသည်။ ၎င်းတို့အပေါ် စစ်ကောင်စီသည် လေကြောင်းအသုံးပြုခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့်
တောင်ကုတ်မှာ စစ်ကောင်စီနှင့် AA စစ်ရေးတင်းမာ၊ ယနေ့ စစ်ကောင်စီက ဗုံးကြဲနေ
ပုံစာ - တောင်ကုတ်မြို့ထဲတစ်နေရာ။ (ဓါတ်ပုံ - CJ)
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး
(သံတွဲတိုက်ပွဲ စစ်ရှောင်အရေအတွက် တိုးလာနေ၊ ခန့်မှန်းခြေ ၂၅,၀၀၀ ခန့်ရှိ) ရခိုင်ပြည် သံတွဲမြို့နယ် ဂေါ့ကျေးရွာအနီး ဂေါ့တောင်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ရှိနေသေးကြောင်း စစ်ရေးအခြေအနေသိသူများထံမှ သိရသည်။ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။” ဂေါ့တောင်တိုက်ပွဲကတော့ ဆက်ရှိနေပါသေးတယ်။ မနေ့ကတောင် သံတွဲလေဆိပ်အနီးမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ ဟိုး အရင်ရက်တွေတုန်းကလောက် တိုက်ပွဲက သိပ်မပြင်းဘူး။ ဒီ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက တိုက်ပွဲကတော့ ဖြစ်ကြတာ မကြားမိဘူး။ ” ဟု ပြောသည်။ ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတစ်ဝိုက်နှင့်
မောင်တောက မောရဝတီဗျူဟာ အပါအဝင် တပ်စခန်း ၁၀ ခုကို AA သိမ်းပိုက်
ပြီးခဲ့သည့် နှစ်လခန့်ကစ၍ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မောင်တောမြို့သိမ်းတိုက်ပွဲ ဇွန်လ နှစ်ပတ်အတွင်း မောရဝတီဗျူဟာကုန်းအပါအဝင် စစ်ကောင်စီအရေးပါသော တပ်စခန်း ၁၀ ခုကို AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ဇွန်လ ဒုတိယအပတ်တွင်း မောရဝတီဗျူဟာ၊ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား၍ AA က သိမ်းပိုက်နိုင်ခဲ့သည်။ ဇွန်လ ပထမအတွင်းမှာ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့ကို AA
သံတွဲမြို့နယ်က စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ
(ဓါတ်ပုံသတင်း)ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး စစ်ရှောင်အရပ်သားများလည်း နေ့စဉ်တိုးလာနေကာ အရေးပေါ် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။နိုင်ငံတကာအကူအညီများနှင့် အရပ်ဘက်အသင်းအဖွဲ့အစည်းများ၏ အကူအညီများမှာလည်း ဝင်ရောက်ကူညီမှု နည်းပါးနေပြီး မိုးတွင်းရာသီဖြစ်၍ အဓိက စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြသည်။သံတွဲမြို့ပေါ်က အရပ်သားပြည်သူများ အားလုံးနီးပါးမှာ ကျေးလက်ဒေသများနှင့် AA ထိန်းချုပ်ရာနေရာဒေသများသို့ သွားရောက်ခိုလှုံလျှက်ရှိကြောင်းနှင့် သံတွဲမြို့နယ်တွင် စစ်ရှောင်အရေအတွက် သောင်းချီ ရှိနေကြောင်း သိရသည်။ပုံစာ – သံတွဲမြို့နယ်က ပြည်သူလူထုများမှာ ဘေးကင်းရာဟု ထင်ရသည့် နေရာများ၌ စစ်ရှောင်နေကြစဉ်။ (ဓါတ်ပုံ – ဝေဟင်အောင်)မှတ်ချက် – ဝေဟင်အောင်သည် စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသော ပရဟိတ
စစ်ကောင်စီကို လက်နက်နှင့် လေ့ကျင့်ရေးသင်တန်း ပံ့ပိုးသော အိန္ဒိယစီးပွားရေးကုမ္ပဏီများကို JMF ဖော်ထုတ်
နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ ကျူးလွန်နေသော အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်များနှင့် လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးပေးနေသော အိန္ဒိယစီးပွားရေးကုမ္ပဏီများကို Justice for Myanmar က ဖော်ထုတ်လိုက်သည်။ အိန္ဒိယပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ (PSUs) သည် တရားမဝင် မြန်မာစစ်အုပ်စုကို စစ် လက်နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနှင့် လေ့ကျင့်သင်တန်းများ ပံ့ပိုးပေးအပ်နေပြီး လက်ရှိဖြစ်ပွားနေသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကိုအားပေး ကူညီလျက်ရှိကြောင်း JMF က ပြောဆိုသည်။ PSU များသည် အိန္ဒိယအစိုးရ၏ အများစုပိုင်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး PSU များသည် ကာကွယ်ရေးကဏ္ဍအပါအဝင် အိန္ဒိယစီးပွားရေးနယ်ပယ်တစ်ဝန်းရှိ ကဏ္ဍများစွာတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသည့် PSU ပေါင်း ၁၆