Western News
Home Blog Page 56

မြန်မာတွင် စစ်ဘေးရှောင် ကလေးငယ် ၁သန်းခန့် ရှိကြောင်း ကုလပြော

0

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေပြီး ယင်းအနက် တစ်သန်းခန့်မှာ ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက် စာရင်းများအရသိရသည်။

လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာသည့်နှင့်အမျှ မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဦးရေသည်လည်း စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ထံမှ သိရသည်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများအနက် သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ကြပြီး တိုက်ပွဲများကြောင့် ၎င်းတို့၏ အနာဂတ်များ ပျောက်ဆုံးသွားကြရကြောင်း UNOCHA က ဇွန်လ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း စစ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံ၌ နက်နဲရှုပ်ထွေးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ယနေ့ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း လက်ရှိတွင် လူဦးရေသုံးသန်းကျော် နေရပ်စွန့်ခွာနေကြရပြီး နောက်ထပ် ၁ဒသမ ၃သန်းခန့်မှာလည်း နယ်စပ်ဖြတ်ကျော်ကာ နေရပ်စွန့်ခွာနေကြရကြောင်း ဖော်ပြသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို အလေးထားမှီခိုပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်လည်း မွတ်ဆလင် တစ်သန်းနီးပါး နေထိုင်နေရကြောင်းလည်း UNHCR က ဆိုသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ၁၈ ဒသမ ၆သန်း ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း

0
Myanmar, Rakhine State, 18 May 2023 In the photo: WFP food distribution to people affected by Cyclone Mocha in Rakhine State Western Myanmar suffered a direct hit after Cyclone Mocha's passage last Sunday, affecting hundreds of thousands of already vulnerable people. WFP is on the ground and has begun distributing emergency food rations in evacuation shelters in Rakhine State and Magwe region.

ရခိုင်မှာ လူမှုကူညီရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူညီများ ပေးနေသည့် NGO/INGO များမှာ ဒေသတွင်းလုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေကြောင်း အဆိုပါအသိုင်းဝိုင်းမှ သိရသည်။

ဒေသအလိုက် လုပ်ငန်းလည်ပတ်မှုမှာ မတည်ငြိမ်သည့် အခြေနေများကြား ယခင်ထက် ၃ ပုံ ၁ ပုံနှုန်းခန့် လျော့ကျနေပြီး အကျိုးခံစားခွင့်ရှိသူများအနေဖြင့် များစွာနစ်နာမှုရှိနေကြသည်ဟု ကျောက်တော်မြို့နယ်မှ NGO တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ဒီဖက်မှာကျတော့ အာဏာပိုင်တွေနဲ့က ပြဿနာသိပ်မရှိဘူး။ အဆင်ပြေတယ်။ တစ်ခုပဲ ကျနော်တို့ ထောက်ပံ့ရေးပစ္စည်းတွေ အလုံလောက်မရနိုင်ဘူး။ အဓိက က လမ်းကြောင်းတွေအပိတ်ခံထားရတာကြောင့်ပေါ့။ နောက်တစ်ခုက အင်တာနက်ပြဿနာ။ ဒီပြဿနာကြောင့် ဒီဘက်နယ်တွေမှာ လုပ်ငန်းလည်ပတ်မှုက အရင်ကထက် ၃ ပုံ ၁ ပုံ လောက်လျော့သွားတယ်။ အကျိုးခံစားခွင့်ရှိတဲ့ သူတွေအနေနဲ့ ကျတော့ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်” ဟုပြောသည်။

စစ်ကောင်စီထိန်းချုပ်ရာ ဒေသများတွင်မူ ခရီးသွားလာခွင့်ကန့်သတ်ချက်နှင့် နှစ်ဖက်စစ်ရေးတင်းမာမှု အခြေနေများကြောင့် လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေသည်ဟု စစ်တွေမြို့မှ NGO ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဒီဖက်မှာကျတော့ ခရီးသွားခွင့်တွေ သိပ်အဆင်မပြေတာရှိတယ်။ စစ်ရေးအခြေနေတွေကလည်းမငြိမ်တော့ ကိုယ့် လုံခြုံရေးအခြေနေတွေကိုလည်း စိုးရိမ်ကြရသေးတယ်။ အခု ဒီဘက်နယ်မှာရှိနေတဲ့ ဝန်ထမ်းတွေက ခွင့်ယူကြတာတွေလည်း များလာတယ်။ ဒါတွေကြောင့်ပဲ Project တွေ သေချာ မလည်ပတ်နိုင်ဘူး” ဟု ပြောသည်။

ရခိုင်တွင် ကလေးသူငယ်နှင့် အမျိုးသမီးများအရေး၊ ကျန်းမာရေး၊ ပညာရေး၊ အကျဉ်းသားများနှင့် အရပ်သား ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ကူညီရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးတို့အပြင် တစ်ခြားလိုအပ်ချက်အရေးများနှင့် ပတ်သက်၍ လုပ်ကိုင်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများစွာ ရှိနေသည်။

အဆိုပါ အဖွဲ့အစည်းများ၏ လတ်တလောလှုပ်ရှားမှု အခြေနေများအပေါ် စစ်တွေမြို့မှ လူငယ်တစ်ဦးက “အခြေနေတွေ ရှုပ်ထွေးနေချိန်မှာ သူတို့ လှုပ်ရှားမှုတွေ ဘာမှမတွေ့ရပါဘူး။ ပြည်သူအမြောက်အများ မတရားဖမ်းဆီးခံရရင်လည်း ထုတ်ပြန်ချက်လည်းတစ်စောင်တောင် မထွက်လာကြဘူး။ ဒေသထဲ ထောက်ပံ့ရေးအကူအညီတွေ လိုအပ်နေသူတွေကိုလည်း အကူညီပေးတာမတွေ့ရဘူး။ သူတို့မှာလည်း သူတို့အခက်ခဲကြောင့် ဆိုပေမယ့် ကျနော်အမြင်တော့ အနည်းနဲ့အများ ကူညီပေးနိုင်ကြဖို့ ကြိုးစားသင့်တယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးလုပ်ငန်းများမှာ အကြောင်းအမျိုးမျိုးတို့ကြောင့် နှောင့်နှေးမှုရှိနေရကြောင်းကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတချို့မှ တစ်ခါတစ်ရံ ထုတ်ပြန်လာမှုများရှိတတ်ပြီး ထောက်ပံ့ကူညီမှုများ ရရှိစေရန်လည်း ကြိုးပမ်းလျှက်ရှိနေကြကြောင်း ဆိုထားသည်။

ပုံစာ – ရခိုင်ပြည်က စစ်ရှောင်များကို ၂၀၂၃ ခုနှစ်အတွင်းက WFP မှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်နေစဉ်။ (ဓါတ်ပုံ – WFP)

ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်

2

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား သတ်ဖြတ်ခံရမှု တိုးလာနေပြီး သေဆုံးသူ ၇၈ ဦးအထိ ရှိလာနေပြီဖြစ်သည်။
မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း နှိပ်စက်သတ်ဖြတ်ခံရသူ ၇၆ ဦးရှိခဲ့ပြီး စစ်ကြောရေးဒဏ်ရာကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသခံယူနေသူများထဲမှ နောက်ထပ် ၂ ဦး ဇွန်လ ၁၁ ရက်နေ့တွင် သေဆုံးခဲ့ရသည်။

မေလ ၂၉ ရက်နေ့က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းသည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးပါမကျန် အမျိုးသားအမျိုးသမီးအားလုံးကို ဖမ်းဆီးကာ နှိပ်စက်ရိုက်နှက်ခဲ့သည်။

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အားလုံးကို ဆက်လက်ဖမ်းဆီးထားသည်။
ဗျိုင်းဖြူရွာနှင့် နီးစပ်သူတစ်ဦးက ” အရေအတွက် အတိအကျကို မသိရပေမယ့် ဖမ်းဆီးခံရသူဟာ ၁၂၀ ကျော်ရှိလောက်ရှိမယ်။ အဲဒီအထဲက ဇွန်လ ၄ ရက်နေ့အထိ ၇၆ ဦး သတ်ဖြတ်ခံခဲ့ရတယ်။ နောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ ဆေးကုသနေသူတွေထဲက နောက်ထပ် ၂ ဦးသေသွားတယ်။ ထပ်ပြီးတော့လည်း စစ်ကြောရေးမှာ အများကြီးရှိနေကြသေးတယ်။ စစ်ကြောရေးဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသခံယူနေရတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရဘူး။ ” ဟု ပြောသည်။

စစ်ကြောရေး၌ စစ်ဆေးခံနေရသူများထဲမှ ၅၀ ဦးကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီး ယင်းအထဲက ၃၈ ဦးကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု၊ အမိန့်လိုက်မနာမှု ပုဒ်မဖြင့် အမှုဖွင့်ထားသည်။
အဆိုပါ ဗျိုင်းဖြူရွာသား ၃၈ ဦးကို ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ကာ ချုပ်ရမန်ထပ်ယူခဲ့ပြီး စစ်ကောင်စီက တရားစွဲဆိုရန် စီစဉ်နေသည်။

ရွာသား ၃၈ ဦးမှာ အစာရေစာငတ်ပြတ်ပြီး နှိပ်စက်ထားသည့် ဒဏ်ရာအများအပြားဖြင့် ခန္ဓာကိုယ် ပိန်လိန်နေသည်ဟု ရုံးထုတ်လာစဉ် မြင်တွေ့ခဲ့ရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။
” ကျမ ယောကျ်ားအပါအဝင် တခြားသူတွေဟာ ထမင်းလည်းမစားရ၊ ရေလည်း မသောက်ရလား မသိဘူး။ ခန္ဓာကိုယ်တွေမှာလည်း ဒဏ်ရာတွေ အများအပြားနဲ့ ဘယ်လောက်တောင် နှိပ်စက်ခံထားရလဲမသိဘူး။ ဝဝဖြိုးဖြိုးရှိတဲ့ သူတွေ ပိန်လိန်ပြီးတော့ အရုပ်ကို မှတ်လို့တောင် မရတော့ဘူး။ အရမ်းပိန်သွားပြီးတော့ တော်တော်လေးကို နှိပ်စက်ခံထားရပုံ မြင်လိုက်ရတယ်။ အရမ်းကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘာအပြစ်မှမရှိဘဲ နှိပ်စက်ခံရတဲ့အပြင် အခု တရားပါစွဲတော့မယ်။ ရင်ထဲမှာ ပြောပြမတတ်အောင်ကို ခံစားရနေရပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ ” ဟု ပြောသည်။

ဇွန်လ ၁၀ ရက်နေ့က စစ်ကောင်စီ မတရားဖမ်းဆီးထားသော အပြစ်မဲ့အရပ်သား ၈၀ ကျော်ကို စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ယင်းအထဲတွင် ဗျိုင်းဖြူရွာသား ၃၈ ဦးက ပါဝင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများအပေါ် စစ်ကောင်စီ မတရားဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေခြင်းသည် လူ့အခွင့်အရေးကို အလွန့်အလွန် ချိုးဖောက်နေခြင်းဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

” အပြစ်မဲ့ ဗျိုင်းဖြူရွာသားတွေအပေါ် မတရားဖမ်းဆီး သတ်ဖြတ်တာ၊ ချုပ်နှောင် တရားစွဲတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်၊ အဲဒီရွာသားတွေဟာ ပြစ်မှုကျူးလွန်ထားတာမဟုတ်ဘူး၊ ဒီလို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေဟာ အပြစ်မဲ့အရပ်သားအပေါ် လူ့အခွင့်အရေး အလွန့်အလွန် ချိုးဖောက်ရာဖြစ်တယ်။ ” ဟု ပြောသည်။

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီနှင့်အတူ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALP တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်အချို့လည်း ပါဝင်ကြောင်း AA က ထုတ်ပြန်ထားသည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က AA စွပ်စွဲချက်ကို ငြင်းဆန်ထားပြီး ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ALP ပြောခွင့်ရ ဦးခိုင်အောင်နိုင်က တုန့်ပြန်ထားသည်။

သို့သော်လည်း အာရက္ခတပ်တော် AA က ဗျိုင်းဖြူရွာသားများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြသည့် ပါဝင်ပတ်သက်သူများအားလုံးကို လက်တုန့်ပြန်သွားမည်ဟု သတိပေး ပြောဆိုထားသည်။
ပုံစာ – စစ်တွေမြို့အတွင်း အပြစ်မဲ့အရပ်သားများအပေါ် ဖမ်းဆီးရန် လိုက်ရှာနေသော စစ်ကောင်စီ၏ ယာဉ်တန်းကို ၂၀၂၃ နှစ်ကုန်းပိုင်းက တွေ့ရစဉ်။

တရုတ်က စစ်ကောင်စီကို ကင်းလှည့်ရေယာဉ် ၆ စီးပေးအပ်

ရန်ကုန်-သမ္မတရုပ်ရှင်ရုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

0

ရန်ကုန်မြိုလယ်ရှိ သမ္မတရုပ်ရှင်ရုံတွင် ရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY မှ လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြမှုတွင် “လွတ်လပ်စွာအနုပညာဖန်တီးခွင့်ကို ကန့်သတ်ပိတ်ပင်သည့် ပုဒ်ထီးပုဒ်မများ အလိုမရှိ”၊ “စစ်ဖိနပ်အောက်မှာ ပန်းမပွင့်ဘူး”၊ “Without freedom there is no art” စာတန်းများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ရုပ်ရှင်လာကြည့်ကြသည့် ပြည်သူအချို၀န်းရံအားပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်သဖြင့် စစ်တွေမြို့နယ်က ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူများ ဒုက္ခရောက်

စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ

ရခိုင်ပြည်အတွင်း အဆုံးသတ်တိုက်ပွဲနှင့် လက်ကျန်မြို့များကို မကြာမီဆင်နွှဲတော့မည်ဟု AA က ကြေညာပြီးနောက် မြို့တွင်းနေထိုင်သူများ ဘေးကင်းရာကို သွားရောက်နေကြပြီး စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ထဲက ပြည်သူများမှာ စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ ထွက်မရဖြစ်နေကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း လက်ကျန်မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် မာန်အောင်မြို့တို့က စစ်ကောင်စီတပ်စခန်းများကို တိုက်ထုတ်ပြီး သိမ်းယူသွားမည်ဟု AA က ကြေညာပြောဆိုထားသည်။
ထို့ကြောင့် လက်ကျန်မြို့ထဲက ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေ AA ထိန်းချုပ်ရာနေရာများသို့ သွားရောက်ခိုလှုံကြရန် AA က အသိပေး တိုက်တွန်းနေသည်။

ကျောက်ဖြူမြို့ထဲက ဒေသခံပြည်သူများမှာ ဘေးကင်းရာနေရာများသို့ သွားရောက်လိုသော်လည်း စစ်ကောင်စီက ဂိတ်အများအပြားဖြင့် တားဆီးပိတ်ပင်ထားခြင်းနှင့် မြို့ပတ်လည်ကို မိုင်းထောင်ထား၍ ထွက်မရောက်ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” ပိုက်ဆံရှိတဲ့သူတွေကတော့ လေယာဉ်တွေနဲ့ ရန်ကုန်တို့၊ မန္တလေးတို့ကို သွားနေကြတာတော့ရှိတယ်။ မရှိဆင်းရဲသားတွေက ကိုယ့်ရခိုင်ဒေသ ဘေးကင်းမယ်ထင်တဲ့ နေရာကို သွားချင်တာ။ ဘယ်လိုမှ ထွက်မရဖြစ်နေတယ်။ ဂိတ်တွေက အထပ်ထပ်၊ မြို့ပတ်လည်ကိုလည်း မိုင်းက ထောင်ထားသေးတယ်။ စစ်ကောင်စီက ကျနော်တို့ကို ပိတ်လှောင်ထားတယ်လို့ ပြောရမယ်။ မြို့တွင်း တိုက်ပွဲဖြစ်လာရင်တော့ အကုန်လုံးသေကြမှာ။ မြို့ထဲက ထွက်ချင်တာက တပိုင်းသေနေပြီ။ ” ဟု ပြောသည်။

စစ်တွေမြို့လည်း ယင်းနည်းလည်းကောင်းပဲ မြို့ပတ်လည်ကို မိုင်းထောင်ထားသည့်အပြင် မြို့အဝင်တံတားများကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသည်ဟု စစ်တွေဒေသခံ ဝန်ထမ်းတစ်ဦးက ပြောသည်။
” စစ်တွေမြို့ထဲမှာတော့ အနည်းစုပဲ ကျန်တော့တယ်လို့ ပြောရမယ်။ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းကနေ မြို့ကလူတွေက တခြားနေရာတွေကို သွားကြတာ။ ကျန်ခဲ့တဲ့သူတွေက အခုထွက်မယ်လုပ်တော့ ဘယ်လိုမှ ထွက်ခွင့် မပေးဘူးဖြစ်နေတယ်။ အနီးအနားကျေးရွာကတောင် စစ်ကောင်စီ မြို့ထဲကို ပြန်ခေါ်နေတယ်။ AA က မြို့ထဲက ထွက်ခွာကြဖို့ပြောတယ်။ စစ်ကောင်စီက ပိတ်ပင်ထားတယ်။ ကျနော်တို့ ဘယ်လိုလုပ်ရမလဲ။ မြို့တွင်းတိုက်ပွဲတွေဖြစ်လာရင် ဒီလူတွေ ဘေးကင်းနိုင်ပါ့မလား။ အရမ်းစိုးရိမ်စရာကောင်းနေပါတယ်။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်ထဲက လက်ရှိထိန်းချုပ်ထားဆဲ မြို့များက ပြည်သူများအပါအဝင် ဝန်ထမ်းများအားလုံးကို အခြားနေရာဒေသများသို့ သွားရောက်ခြင်း ပိတ်ပင်ထားပြီး ဓားစာခံအဖြစ် အသုံးချနိုင်ကြောင်းလည်း သုံးသပ်သူများက ပြောဆိုထားကြသည်။

စစ်တွေမြို့အနီးက ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီက ဖျက်ဆီးရန် ပြင်ဆင်နေပြီး ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားကာ ယင်းကျေးရွာက ဒေသခံပြည်သူများကို စစ်တွေမြို့ထဲသို့ ခေါ်ယူနေပြီး ဓားစာခံအဖြစ် အသုံးချရန် စီစဉ်နေကြောင်း သိရသည်။

ဖျက်ဆီးခံရမည့် ကျေးရွာများမှာ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများဖြစ်သည်။
ပုံစာ – စစ်တွေမြို့မြင်ကွင်း (ပုံဟောင်းဖြစ်သည်)။

မုံရွာ စစ်တပ်ကာကင်းစခန်းကို PDF တိုက်ခိုက်၊ စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိ

0

ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး တစ်မိုင်အကွာတွင် တပ်စွဲထားသော စစ်တပ်၏ ရှေ့တန်း ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူက ပြောသည်။
ယင်းမာပင်မြို့နယ် ပကဖ (ULF စစ်ကြောင်းမှုး ) ဦးစီးသော ‌ကာကွယ်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ မိနစ် ၃၀ ခန့်အကြာတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပကဖမှ တာဝန်ရှိ သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ကာကင်းစခန်းတွင် စစ်ကောင်စီတပ်က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားပြီး ကာကင်းစခန်းမှ စစ်ကောင်စီ တပ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ စခန့်စွန့်ခွာ ထွက်ပြေးသွားကာ စစ်ကောင်စီတပ်သား ၅ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့သည်။
ဖမ်းဆီးရမိသူ ၅ ဦးမှာ ခမရ-၁၀၆ မှ တပ်သား နေထက်အောင်၊ ခမရ-၃၆၈ မှ တပ်သား လွမ်းငြိမ်းသူ၊ ခမရ-၁၀၆ မှ တပ်သား သက်ထွန်းနိုင်၊ ခမရ-၁၀၆ မှ တပ်သား ရှိုင်းထက်အောင်နှင့် ရဲတပ်သား ဖြိုးထက်အောင် တို့ဖြစ်ကြောင်း သိရသည်။

  • စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၉ လက်၊ ကွန်မန်ဒို စိန်ပြောင်း တစ်လုံး၊ ၆၀ မမ ၅ လုံး၊ 79 အသီး ၂ လုံး၊ 5.56 ကျည် ၁၃၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး နမခ ဌာနချုပ်မှ အင်အား ၁၀၀ ခန့် စစ်ကူရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ် ၁ ပကဖ ( ချိုမိုင်မိုင်အဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ ချင်းတွင်းတိုက်ဂါးအဖွဲ့၊ B2 Fighter အဖွဲ့၊ CT lPDF အဖွဲ့၊ ထန်းတပင်အဖွဲ့၊ K2 အဖွဲ့၊ ဒေါင်းလုလင်အဖွဲ့၊ သေမင်းတမန်အဖွဲ့ )၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ (ဗိုလ်မုတ်ဆိတ်အဖွဲ့) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၉ ပကဖ( ဗျတ္တညီနောင်အဖွဲ့၊ ဗိုလ်ထွန်းတောက်အဖွဲ့ ) ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ထို့အပြင် ကနီမြို့နယ် တိုက်နယ် ၅ ပကဖ အဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B21 PDF၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၅) KLG PDF၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃၅) PDA၊ ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း (၁၃) AungSan Generation၊ မုံရွာခရိုင် တပ်ရင်း (၁၄)၊ ချင်းတွင်း Brother LPDF၊ ဘုတလင် Mobile team တို့ဖြစ်သည်။

ဖမ်းဆီးရမိသော စစ်ကောင်စီ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံနိုင်ရေး ဆက်‌လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်

0

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား သတ်ဖြတ်ခံရမှု တိုးလာနေပြီး သေဆုံးသူ ၇၈ ဦးအထိ ရှိလာနေပြီဖြစ်သည်။

မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း နှိပ်စက်သတ်ဖြတ်ခံရသူ ၇၆ ဦးရှိခဲ့ပြီး စစ်ကြောရေးဒဏ်ရာကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသခံယူနေသူများထဲမှ နောက်ထပ် ၂ ဦး ဇွန်လ ၁၁ ရက်နေ့တွင် သေဆုံးခဲ့ရသည်။

မေလ ၂၉ ရက်နေ့က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းသည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးပါမကျန် အမျိုးသားအမျိုးသမီးအားလုံးကို ဖမ်းဆီးကာ နှိပ်စက်ရိုက်နှက်ခဲ့သည်။

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အားလုံးကို ဆက်လက်ဖမ်းဆီးထားသည်။

ဗျိုင်းဖြူရွာနှင့် နီးစပ်သူတစ်ဦးက ” အရေအတွက် အတိအကျကို မသိရပေမယ့် ဖမ်းဆီးခံရသူဟာ ၁၂၀ ကျော်ရှိလောက်ရှိမယ်။ အဲဒီအထဲက ဇွန်လ ၄ ရက်နေ့အထိ ၇၆ ဦး သတ်ဖြတ်ခံခဲ့ရတယ်။ နောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ ဆေးကုသနေသူတွေထဲက နောက်ထပ် ၂ ဦးသေသွားတယ်။ ထပ်ပြီးတော့လည်း စစ်ကြောရေးမှာ အများကြီးရှိနေကြသေးတယ်။ စစ်ကြောရေးဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသခံယူနေရတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရဘူး။ ” ဟု ပြောသည်။

စစ်ကြောရေး၌ စစ်ဆေးခံနေရသူများထဲမှ ၅၀ ဦးကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီး ယင်းအထဲက ၃၈ ဦးကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု၊ အမိန့်လိုက်မနာမှု ပုဒ်မဖြင့် အမှုဖွင့်ထားသည်။

အဆိုပါ ဗျိုင်းဖြူရွာသား ၃၈ ဦးကို ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ကာ ချုပ်ရမန်ထပ်ယူခဲ့ပြီး စစ်ကောင်စီက တရားစွဲဆိုရန် စီစဉ်နေသည်။

ရွာသား ၃၈ ဦးမှာ အစာရေစာငတ်ပြတ်ပြီး နှိပ်စက်ထားသည့် ဒဏ်ရာအများအပြားဖြင့် ခန္ဓာကိုယ် ပိန်လိန်နေသည်ဟု ရုံးထုတ်လာစဉ် မြင်တွေ့ခဲ့ရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

” ကျမ ယောကျ်ားအပါအဝင် တခြားသူတွေဟာ ထမင်းလည်းမစားရ၊ ရေလည်း မသောက်ရလား မသိဘူး။ ခန္ဓာကိုယ်တွေမှာလည်း ဒဏ်ရာတွေ အများအပြားနဲ့ ဘယ်လောက်တောင် နှိပ်စက်ခံထားရလဲမသိဘူး။ ဝဝဖြိုးဖြိုးရှိတဲ့ သူတွေ ပိန်လိန်ပြီးတော့ အရုပ်ကို မှတ်လို့တောင် မရတော့ဘူး။ အရမ်းပိန်သွားပြီးတော့ တော်တော်လေးကို နှိပ်စက်ခံထားရပုံ မြင်လိုက်ရတယ်။ အရမ်းကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘာအပြစ်မှမရှိဘဲ နှိပ်စက်ခံရတဲ့အပြင် အခု တရားပါစွဲတော့မယ်။ ရင်ထဲမှာ ပြောပြမတတ်အောင်ကို ခံစားရနေရပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ ” ဟု ပြောသည်။

  • ဇွန်လ ၁၀ ရက်နေ့က စစ်ကောင်စီ မတရားဖမ်းဆီးထားသော အပြစ်မဲ့အရပ်သား ၈၀ ကျော်ကို စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ယင်းအထဲတွင် ဗျိုင်းဖြူရွာသား ၃၈ ဦးက ပါဝင်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း အရပ်သားပြည်သူများအပေါ် စစ်ကောင်စီ မတရားဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေခြင်းသည် လူ့အခွင့်အရေးကို အလွန့်အလွန် ချိုးဖောက်နေခြင်းဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

” အပြစ်မဲ့ ဗျိုင်းဖြူရွာသားတွေအပေါ် မတရားဖမ်းဆီး သတ်ဖြတ်တာ၊ ချုပ်နှောင် တရားစွဲတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်၊ အဲဒီရွာသားတွေဟာ ပြစ်မှုကျူးလွန်ထားတာမဟုတ်ဘူး၊ ဒီလို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေဟာ အပြစ်မဲ့အရပ်သားအပေါ် လူ့အခွင့်အရေး အလွန့်အလွန် ချိုးဖောက်ရာဖြစ်တယ်။ ” ဟု ပြောသည်။

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီနှင့်အတူ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALP တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်အချို့လည်း ပါဝင်ကြောင်း AA က ထုတ်ပြန်ထားသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က AA စွပ်စွဲချက်ကို ငြင်းဆန်ထားပြီး ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ALP ပြောခွင့်ရ ဦးခိုင်အောင်နိုင်က တုန့်ပြန်ထားသည်။

သို့သော်လည်း အာရက္ခတပ်တော် AA က ဗျိုင်းဖြူရွာသားများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြသည့် ပါဝင်ပတ်သက်သူများအားလုံးကို လက်တုန့်ပြန်သွားမည်ဟု သတိပေး ပြောဆိုထားသည်။

ပုံစာ – စစ်တွေမြို့အတွင်း အပြစ်မဲ့အရပ်သားများအပေါ် ဖမ်းဆီးရန် လိုက်ရှာနေသော စစ်ကောင်စီ၏ ယာဉ်တန်းကို ၂၀၂၃ နှစ်ကုန်းပိုင်းက တွေ့ရစဉ်။

ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်း

0
Myanmar, Rakhine State, 18 May 2023 In the photo: WFP food distribution to people affected by Cyclone Mocha in Rakhine State Western Myanmar suffered a direct hit after Cyclone Mocha's passage last Sunday, affecting hundreds of thousands of already vulnerable people. WFP is on the ground and has begun distributing emergency food rations in evacuation shelters in Rakhine State and Magwe region.

ရခိုင်မှာ လူမှုကူညီရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူညီများ ပေးနေသည့် NGO/INGO များမှာ ဒေသတွင်းလုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေကြောင်း အဆိုပါအသိုင်းဝိုင်းမှ သိရသည်။

ဒေသအလိုက် လုပ်ငန်းလည်ပတ်မှုမှာ မတည်ငြိမ်သည့် အခြေနေများကြား ယခင်ထက် ၃ ပုံ ၁ ပုံနှုန်းခန့် လျော့ကျနေပြီး အကျိုးခံစားခွင့်ရှိသူများအနေဖြင့် များစွာနစ်နာမှုရှိနေကြသည်ဟု ကျောက်တော်မြို့နယ်မှ NGO တစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ဒီဖက်မှာကျတော့ အာဏာပိုင်တွေနဲ့က ပြဿနာသိပ်မရှိဘူး။ အဆင်ပြေတယ်။ တစ်ခုပဲ ကျနော်တို့ ထောက်ပံ့ရေးပစ္စည်းတွေ အလုံလောက်မရနိုင်ဘူး။ အဓိက က လမ်းကြောင်းတွေအပိတ်ခံထားရတာကြောင့်ပေါ့။ နောက်တစ်ခုက အင်တာနက်ပြဿနာ။ ဒီပြဿနာကြောင့် ဒီဘက်နယ်တွေမှာ လုပ်ငန်းလည်ပတ်မှုက အရင်ကထက် ၃ ပုံ ၁ ပုံ လောက်လျော့သွားတယ်။ အကျိုးခံစားခွင့်ရှိတဲ့ သူတွေအနေနဲ့ ကျတော့ ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်” ဟုပြောသည်။

စစ်ကောင်စီထိန်းချုပ်ရာ ဒေသများတွင်မူ ခရီးသွားလာခွင့်ကန့်သတ်ချက်နှင့် နှစ်ဖက်စစ်ရေးတင်းမာမှု အခြေနေများကြောင့် လုပ်ငန်းလည်ပတ်နိုင်မှု ကျဆင်းနေသည်ဟု စစ်တွေမြို့မှ NGO ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဒီဖက်မှာကျတော့ ခရီးသွားခွင့်တွေ သိပ်အဆင်မပြေတာရှိတယ်။ စစ်ရေးအခြေနေတွေကလည်းမငြိမ်တော့ ကိုယ့် လုံခြုံရေးအခြေနေတွေကိုလည်း စိုးရိမ်ကြရသေးတယ်။ အခု ဒီဘက်နယ်မှာရှိနေတဲ့ ဝန်ထမ်းတွေက ခွင့်ယူကြတာတွေလည်း များလာတယ်။ ဒါတွေကြောင့်ပဲ Project တွေ သေချာ မလည်ပတ်နိုင်ဘူး” ဟု ပြောသည်။

ရခိုင်တွင် ကလေးသူငယ်နှင့် အမျိုးသမီးများအရေး၊ ကျန်းမာရေး၊ ပညာရေး၊ အကျဉ်းသားများနှင့် အရပ်သား ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ကူညီရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးတို့အပြင် တစ်ခြားလိုအပ်ချက်အရေးများနှင့် ပတ်သက်၍ လုပ်ကိုင်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများစွာ ရှိနေသည်။

အဆိုပါ အဖွဲ့အစည်းများ၏ လတ်တလောလှုပ်ရှားမှု အခြေနေများအပေါ် စစ်တွေမြို့မှ လူငယ်တစ်ဦးက “အခြေနေတွေ ရှုပ်ထွေးနေချိန်မှာ သူတို့ လှုပ်ရှားမှုတွေ ဘာမှမတွေ့ရပါဘူး။ ပြည်သူအမြောက်အများ မတရားဖမ်းဆီးခံရရင်လည်း ထုတ်ပြန်ချက်လည်းတစ်စောင်တောင် မထွက်လာကြဘူး။ ဒေသထဲ ထောက်ပံ့ရေးအကူအညီတွေ လိုအပ်နေသူတွေကိုလည်း အကူညီပေးတာမတွေ့ရဘူး။ သူတို့မှာလည်း သူတို့အခက်ခဲကြောင့် ဆိုပေမယ့် ကျနော်အမြင်တော့ အနည်းနဲ့အများ ကူညီပေးနိုင်ကြဖို့ ကြိုးစားသင့်တယ်” ဟု ပြောသည်။

  • ရခိုင်ဒေသတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးလုပ်ငန်းများမှာ အကြောင်းအမျိုးမျိုးတို့ကြောင့် နှောင့်နှေးမှုရှိနေရကြောင်းကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတချို့မှ တစ်ခါတစ်ရံ ထုတ်ပြန်လာမှုများရှိတတ်ပြီး ထောက်ပံ့ကူညီမှုများ ရရှိစေရန်လည်း ကြိုးပမ်းလျှက်ရှိနေကြကြောင်း ဆိုထားသည်။