Western News
Homeနိုင်ငံရေးဘင်္ဂလားဒေ့ရှ် အကြမ်းဖက်နှိမ်နင်းမှု သေဆုံးသူ ၆၇ ဦးရှိလာ

ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်နှိမ်နင်းမှု သေဆုံးသူ ၆၇ ဦးရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စစ်ပြန်မိသားစုဝင်များကို ဦးစားပေးခန့်အပ်သည့် ဝန်ထမ်းစနစ် ဖျက်သိမ်းရေး ဆန္ဒပြပွဲတွင် အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုအတွင်း သေဆုံးသူ ၆၇ ဦးအထိ ရှိလာကြောင်း သိရသည်။

စစ်ပြန်မိသားစုဝင်များအား ဝန်ထမ်းခန့်အပ်ရာတွင် ဦးစားပေးခန့်အပ်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ မူဝါဒကို ကျောင်းသားများက ဦးဆောင်ကာ ဆန္ဒပြနေကြသည်။

ကျောင်းသားများနှင့် လူငယ်များ၏ ဆန္ဒပြပွဲအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အကြမ်းဖက်နှိမ်နင်းမှုကြောင့် အဓိကရုဏ်းဆန်လာပြီး တစ်နိုင်ငံ မငြိမ်သက်မှုဖြင့် ကြုံတွေ့နေကြရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံရေးသတိပေးချက်ထုတ်ပြန်ကာ ကာဖျူးအမိန့် ထုတ်ပြန်သည်အထိ ဆန္ဒပြပွဲမှာ အတောမသတ်နိုင်ဘဲ သွေးချောင်းစီးနေကြသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် တရားရုံးက စစ်ပြန်မိသားစုဝင်များအား ဝန်ထမ်းခန့်အပ်ရာတွင် ဦးစားပေးခန့်ပေးရန် ဥပဒေထုတ်ပြန်ချက်ကို နိုင်ငံတစ်ဝှမ်းကျောင်းသားများက ဆန့်ကျင်ကန့်ကွက်နေကြသည်။

စစ်ပြန်မိသားစုဝင်များအပြင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အား အားပေးထောက်ခံသူများ၏ သားသမီးများလည်း ဦးစားပေးခန့်အပ်ခံနေရကြောင်း သိရသည်။

ဆန္ဒပြနေသော ကျောင်းသားနှင့် လူငယ်များအား ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့က အခြားနည်းလမ်းများဖြင့် ညှိနှိုင်ခဲ့သော်လည်း ကျောင်းသားထုက ပယ်ချခဲ့ပြီး စစ်ပြန်များအား ဦးစားပေးခန့်အပ်သည့် ဝန်ထမ်းစနစ်ကို ဖျက်သိမ်းရန် တောင်းဆိုနေကြသည်။

ရိုးရိုးဆန္ဒပြပွဲကနေ နှစ်ဖက်တင်းမာကာ ကြမ်းတမ်းသည့် အဓိကရုဏ်းဆန်ကာ နိုင်ငံပိုင်ရုပ်သံအဆောက်အဦးများနှင့် နိုင်ငံပိုင်ကားများ မီးရှို့ဖျက်ဆီးခံနေရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်စဉ် အစိုးရအလုပ်အကိုင် ၃,၀၀၀ ကို ဘွဲ့ရလူငယ် ၄ သိန်းဝန်းကျင်က ဝင်ရောက်ယှဉ်ပြိုင်ရပြီး လွတ်လပ်ရေးစစ်ပြန် မိသားစုဝင်များမှာမူ အစိုးရအလုပ်အကိုင်ကို ဦးစားပေးစနစ်ဖြင့် ရရှိနေသဖြင့် ခွဲခြားဆက်ဆံမှုဟုဆိုကာ ကျောင်းသားများက ဆန္ဒပြကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင်ကို တည်ငြိမ်မှုရှိပြီး လစာကောင်းသော အလုပ်အကိုင်အဖြစ် လူကြိုက်များကြခြင်းကလည်း အကြောင်းတစ်ရပ် ဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular