Western News
Homeမိုးလေဝသရေဘေးသင့်ဒေသများအတွက် စစ်ခေါင်းဆောင်၏ ကတိကဝတ်

ရေဘေးသင့်ဒေသများအတွက် စစ်ခေါင်းဆောင်၏ ကတိကဝတ်

(မှတ်စုသတင်းတို)

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်းနှင့် ဧရာဝတီက မြို့နယ် ၅၆ မြို့နယ်မှာ ပြည်သူ ၆ သိန်းကျော် ရေဘေးသင့်နေရပြီး လယ်ယာလုပ်ငန်းပျက်စီးမှုနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၂၆၈ ဦး သေဆုံးခဲ့ပြီး ၈၈ ဦး ပျောက်ဆုံးလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိ နေပြည်တော်က ရေဘေးသင့်ဒေသများကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်နေပြီး ရေဘေးသင့်ပြည်သူများကို ကတိကဝတ်များ ပေးနေသည်။

ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရာတွင် ဦးစားပေးအနေဖြင့် ရေကြီးမှုကြောင့် ပျက်စီးမှုနှင့် ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည့် လမ်းကြောင်းများကို ရှင်းလင်းကာ ဒုတိယအနေဖြင့် ရေ၊ မီး များရရှိရေးကို ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

အဆိုပါ လုပ်ငန်းများကို ဆောင်ရွက်နေစဉ် သို့မဟုတ် ပြီးစီးပါက ပြန်လည်ထူထောင်ရေး နောက်တက်ဆွဲ ကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဟု ပြောသည်။

ရေဘေးသင့်ဒေသများတွင် စားဝတ်နေရေး အဆင်ပြေစေရေး ထောက်ပံ့ပေးမည်ဖြစ်သလို အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးကို စီစဉ်ပေးမည်ဟု ဆိုသည်။

ရေဘေးကြောင့် သေဆုံးသူများအတွက် တစ်ဦးကို နိုင်ငံတော်အဆင့် ရံပုံငွေက ကျပ် ၅ သိန်းနှင့် လူ/ကယ်ပြန်ဝန်ကြီးဌာနက ကျပ် ၃ သိန်း စုစုပေါင်း ၈ သိန်းကျပ် ထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။

ယင်းအပြင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များကလည်း သီးခြားထပ်ဆောင်းထောက်ပံ့ပေးသွားမည်ဟု ဆိုသည်။

ရေဘေးသင့်ဒေသများတွင် ပျက်စီးသွားသော လယ်ယာလုပ်ငန်းများအတွက် နွေသီးနှံ (နွေစပါး) စိုက်ပျိုးနိုင်ရေးကို ပြုလုပ်ပေးမည်ဖြစ်ပြီး မိုးများ၍ ဆည်နှင့် တာတမံများမှာ ရေအပြည့်ရှိနေ၍ နွေသီးနှံများအတွက် စိတ်ပူစရာမလိုဟု ပြောသည်။

ပျက်စီးသွားသော မွေးမြူရေးခြံ၊ မွေးမြူထားသည့် တိရစ္ဆာန်များ သေဆုံးမှုများအတွက်လည်း မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးမည်ဟု ဆိုသည်။

ရေထဲမျောပါ ပျက်စီးသွားသည့် စာသင်ကျောင်းများကိုလည်း အမြန်ဆုံးတည်ဆောက်ကာ လတ်တလောမှာလည်း ကလေးငယ်များ ပညာသင်ကြားနိုင်ရေး စီစဉ်နေပြီး စနေ၊ တနင်္ဂနွေမှာလည်း ကလေးငယ်များ ကျောင်းတက်ရနိုင်ကြောင်း ဆိုသည်။

ရေဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများကိုလည်း ဆေးကုသမှု အပြည့်အဝ ပြုလုပ်ပေးမည်ဖြစ်ပြီး ဆေးကုသစရိတ်လည်း ထောက်ပံ့ပေးမည်ဟု ပြောသည်။

ပျက်စီးသွားသည့် နေအိမ်များကို တွက်ချနေပြီး လုံးဝပျက်စီးသွားသည့် အိမ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွာသည့် အိမ်၊ လုံးဝ ပျက်စီးမှုထဲမှ တဲအိမ်ဆို၊ ရိုးရိုအိမ်၊ တစ်ထပ်အိမ်၊ နှစ်ထပ်အိမ် စသဖြင့် အမျိုးအစားအလိုက် ခွဲကာ ထောက်ပံ့မှုများ ပြုလုပ်မည်ဟု စစ်ခေါင်းက ရေဘေးသင့်ပြည်သူများကို ကတိပြုခဲ့သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular