Western News
Homeစစ်ရေးတရုတ်ဝန်ကြီး ဝမ်ရိ မင်းအောင်လှိုင်တွေ့ပြီးနောက် ဦးသန်းရွှေနှင့် သွားတွေ့

တရုတ်ဝန်ကြီး ဝမ်ရိ မင်းအောင်လှိုင်တွေ့ပြီးနောက် ဦးသန်းရွှေနှင့် သွားတွေ့

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ (အငြိမ်းစား) အား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဦးသန်းရွှေနှင့် ဝမ်ရိတို့ သြဂုတ် ၁၄ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း သန်းရွှေက ဝမ်ရိကို ပြောဆိုသည်။

တရုတ် ဝမ်ယိက မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ တစ်ပြည်လုံးရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပရန်၊ ဒီမိုကရေစီအသွင်ကူး ပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်း ဝမ်ရိက သန်းရွှေအား ပြန်ပြောသည်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးသည့် ပြောဆိုပြုမူမှုများကို အခိုင်အမာ ဆန့်ကျင်ပြီး မြန်မာနိုင်ငံနှင့်အတူ အေးအတူပူအမျှ အပြန်အလှန်ဖေးမကူညီသည့် စိတ်ဓာတ်ကို လက်ကိုင်ထားမည်ဟု ဝမ်ရိက ဆက်လက်ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ရာတွင်လည်း တရုတ်ဝန်ကြီး ဝမ်ရိက ရွေးကောက်ပွဲတွင် သက်ဆိုင်သူအားလုံး ပါဝင်ရန် တိုက်တွန်းပြီး ရှမ်းမြောက်ဒေသမှ ဖြစ်စဉ်များကို တရုတ်က ဆန့်ကျင်သည်ဟု ပြောဆိုခဲ့သည်။

ဝမ်ရိနှင့် မင်းအောင်လှိုင်တို့ ဩဂုတ်လ ၁၄ ရက်နေ့မှာပဲ နေပြည်တော်၌ တွေ့ဆုံခဲ့ကာ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံပြီး ရှမ်းမြောက် အခြေအနေနှင့်ပတ်သက်၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားကြောင်း ဝမ်ရိက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတည်ငြိမ်ရေးကို အလေးထားကြောင်း၊ ရှမ်းမြောက်ဒေသမှ EAO များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်းလည်း ဝမ်ရိက ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ပြင် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ ထာ၀ရမိတ်ဆွေအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ဆောင်မည်ဖြစ်ပြီး လူဦးစာရင်းကောက်မည်ဖြစ်ကြောင်း ပြောဆိုရာ တရုတ်ဘက်က လူဦးရေစာရင်းကောက်ယူမှုအပေါ် ကူညီမည်ဟု ဝမ်ရိက ထပ်မံ ပြောဆိုခဲ့သည်။

ဝမ်ရိသည် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်လည်း တွေ့ဆုံခဲ့သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular