Western News
Homeစစ်ရေးAA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေက စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ကူညီကယ်ရေးပြုလုပ်ခဲ့သူတစ်ဦးက ” ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက ဗုံးလာကြဲတာ။ ပုဏ္ဏားကျွန်းမြို့အဝင် ရသေ့တောင်သွားလမ်း လမ်းဆုံမှာ ကျရောက်ပေါက်ကွဲခဲ့တယ်။ အဲနားမှာက ကယ်ရီဂိတ်လုပ်ထားတာလေ။ ခရီးသွားတွေနဲ့ လူတွေအများကြီးပဲရှိတယ်။ ” ဟု ပြောသည်။

အရပ်သား ၁ ဦးက နေရာ၌ သေဆုံးသွားပြီး ဒဏ်ရာ ၃ ဦးကို အရေးပေါ်ဆေးကုသရန် ပို့ဆောင်ထားပြီး လက်ရှိတွင် ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို မသိရသေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများက ဆိုသည်။

” လောလောဆယ်တော့ နီးစပ်ရာ ကျန်းမာရေးဌာနကို ပို့ထားတယ်။ ဆရာဝန်တွေကတော့ ဆေးကုပေးနေတယ်။ ဒါပေမယ့် အသက်အန္တရာယ် ဘယ်လိုလဲဆိုတာ အတိအကျ မသိရသေးဘူး။ အသက်မသေဖို့ ဆုတောင်းပါတယ်။ ” ဟု ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၂ နာရီအချိန်ကလည်း ဂွမြို့နယ် ပေါက်တောကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။

ဒဏ်ရာရရှိသူများကို အာရက္ခတပ်တော် AA ဆေးတပ်ဖွဲ့နှင့် ဆရာဝန်များက ဆေးကုသပေးနေပြီး အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်ရှုံးနေစဉ် အရပ်သားပြည်သူများကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ ယင်းကဲ့သို့ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားနေ၍ မြို့ပေါ်က အိုးအိမ်စွန့်ခွာ စစ်ရှောင်နေကြသော အရပ်သားပြည်သူများမှာ မိမိနေအိမ် မြို့ပေါ်သို့ လာရောက်နေနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular