Western News
Homeနိုင်ငံရေးမနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ

မနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ

Western News| ဇွန် ၁၆

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဇော်ထွန်း ကျသွားကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ်အရ သိရသည်။

ဇွန် ၁၅ရက်နေ့ ည ၈နာရီအချိန်ခန့်က တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း တောင်ကုတ်မြို့ခံများက Western News ကိုပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ က ညတိုက်ပွဲမှာ စကခ၅ က တပ်ထောက်ဗိုလ်ကြီး အောင်ဇော်ထွန်းကျတယ်။ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှာ ထိတွေ့မှုဖြစ်ကြတာပါ။ ပုံမှန်ထင်ပြီးတော့ ဗိုလ်ကြီး အောင်ဇော်ထွန်း အပါအဝင် တပ်သား ၇ ယောက်နဲ့ သွားကြတာပါ။ အဲ့ဒီမှာ ဟိုဖက်နဲ့ ပစ်ခတ်မှု ဖြစ်ပြီးတော့ သေဆုံးသွားတာပါ “ဟုပြောသည်။

ဗိုလ်ကြီး အောင်ဇော်ထွန်းသည် ပြီးခဲ့သည် ၂၀၁၉ ခုနှစ်ကစ၍ တောင်ကုတ်မြို့သို့ တာဝန်ကျလာခြင်းဖြစ်ပြီး တောင်ကုတ် စကခ ၅ တွင် တပ်ထောက်ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၅၊ ခမရ ၅၄၄နှင့် မခရ ၃၄၆ တပ်ရင်းတို့ရှိပြီး ယင်းတပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

တောင်ကုတ် မြို့ခံတစ်ဦးက “တပ်မ က ကိုယ့်အရာရှိ ကျလို့ တစ်လျောက် လက်နက်ကြီးတွေ ရမ်းသမ်း ပစ်နေတယ်။ တိုက်ပွဲဖြစ်တာက ညက ဖြစ်စဥ်က ည ၈နာရီလောက်ဖြစ်တာ တက္ကသိုလ်အနောက်ဘက်ရော၊ ဂရုဏာ ဆည်အနီးမှာလည်းထိတွေ့တိုက်ဖြစ်တာ။ အရပ်သားတွေ ထိခိုက် သေဆုံးမှုမသိရသေးဘူး။ ထွက်ပေါက်တွေအားလုံး လမ်းတွေ အားလုံးကို စစ်တပ်က ပိတ်ထားလိုက်ပြီ “ဟုပြောသည်။

ဇွန်လ ၁၅ ရက် နေ့လယ် ၂ နာရီကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် တောင်ကုတ်မြို့အနီး မီးချောင်းထိုး၊ မောင်းကန်၊ ကင်းတောင် ကျေးရွာများဘက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တောင်ကုတ်ဒေသခံတစ်ချို့ ထိခိုက်သေဆုံးမှုများရှိသော်လည်း Western News အနေဖြင့် သီးခြား အတည်ပြု၍ မရရှိသေးပေ။ တောင်ကုတ်မြို့ သင်ချီကိုင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ မိခင်တို့မှာ လက်နက်ထိမှန်၍ သေဆုံးသွားကြောင်း အမည်မဖော်လိုသည့် တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအားလုံးကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီနှင့် AA တို့က တောင်ကုတ်-ပဲခူးလမ်းကို ပိတ်ထားကာ မြို့အဝင်လမ်းအားလုံးကိုလည်း ပိတ်ထားလိုက်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular

Western News| ဇွန် ၁၆ ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဇော်ထွန်း ကျသွားကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ်အရ သိရသည်။ ဇွန် ၁၅ရက်နေ့ ည ၈နာရီအချိန်ခန့်က တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း တောင်ကုတ်မြို့ခံများက Western News ကိုပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက "မနေ့ က ညတိုက်ပွဲမှာ စကခ၅ က တပ်ထောက်ဗိုလ်ကြီး အောင်ဇော်ထွန်းကျတယ်။...မနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ