Western News
Homeစစ်ရေးAA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်

AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်

ရခိုင်ပြည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အာရက္ခတပ်တော် AA ထံ လက်နက်ချ အညံ့ခံရန် အောက်ခြေတပ်ဖွဲ့ဝင်များ အထက်လူကြီးနှင့်ညှိနှိုင်းမှုရှိနေကြောင်း နခခ မိသားစုဝင်များထံမှ သိရသည်။

လာရောက်ညှိနှိုင်းသော အောက်ခြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ အထက်အရာရှိများက ပါးရိုက်ပြီး ပြန်လွှတ်လိုက်ကြောင်း နခခ ရဲတပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။

” နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက စစ်တိုက်ဖို့ မောင်တော သွားတာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးယူဖို့ သွားတာပါ။ စစ်တိုက်ချင်တာမဟုတ်ဘူး။ အထက်က အမိန့်အရသာ မဖြစ်သာလို့ တိုက်နေရတာ။ သေဖို့ကို အားလုံးက ကြောက်နေကြတယ်။ AA ကို တိုက်လို့လည်း နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အထက်လူကြီးတွေနဲ့ AA ဆီမှာ လက်နက်ချ အညံ့ခံဖို့ ညှိနှိုင်းတာတွေရှိတယ်။ အထက်အရာရှိတွေက လက်နက်မချဖို့ ပြောတယ်။ သွားညှိနှိုင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပါးရိုက်ပြီး ပြန်လွှတ်လိုက်တယ်။ စစ်မတိုက်ချင်တဲ့ နခခ တပ်ဖွဲ့ဝင်တွေ အများကြီးပဲ။ အခု ဘယ်လို လုပ်ရမလဲ မသိဘူး။ ” ဟု ပြောသည်။

ဗမာပြည်ဘက်သို့ ထွက်ပြေးရန် ပြင်ဆင်နေကြသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလည်း မောင်တောမြို့နယ်မှာ အများကြီးရှိပြီး စစ်ကောင်စီ အရာရှိများက ထွက်သွားခြင်း မပြုကြောင်းနှင့် AA ၏ ပစ်ခတ် ဖမ်းဆီးခြင်း ခံရမည်ကိုလည်း စိုးရိမ်နေကြသည်။

” မောင်တောမှာ နေလို့ အဆင်မပြေတော့ဘူး။ စစ်လည်းမတိုင်ချင်ကြဘူး။ အလံဖြူထောင်ရင်လည်း AA ပစ်ခတ် ဖမ်းဆီးမည်ကို စိုးရိမ်နေကြတယ်။ ဗမာပြည်ဘက်ကို ထွက်ပြေးချင်တဲ့သူတွေ တပုံကြီး။ ထွက်ပြေးဖို့ကလည်း မလွယ်ဘူး။ အခု မောင်တောမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ကြားမှာ ပဋိပက္ခတွေဖြစ်နေကြတယ်။ တချို့က ထွက်ပြေးမယ်။ တချို့က အလံဖြူထောင်မယ်။ အရာရှိတွေက အလံဖြူထောင်ခွင့်မပြုဘူး။ ” ဟု နခခ မိသားစုဝင် နောက်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA က အင်တာဗျူးများနှင့် ထုတ်ပြန်ချက်တိုင်းတွင် ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ ရဲတပ်သားများအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာ ရမည်ဟု ပြောဆိုထားသည်။

AA ၏ ပြောဆိုချက်ကို မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များမှ လက်ခံယုံကြည်ကြပြီး ထွက်ပြေး အလံဖြူထောင်ရန် စီစဉ်သော်လည်း စစ်ကောင်စီအရာရှိများ၏ တားဆီးပိတ်ပင်မှုများကို ကြုံနေရကြောင်း နခခ မိသားစုဝင်များက ဆိုသည်။

လက်နက်ချ အညံ့မခံသော စစ်ကောင်စီတပ်ဖွဲ့၊ တပ်ရင်းများအားလုံးကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ပြီး မောင်တောမြို့ထဲကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တော့မည်ဖြစ်ကြောင်း AA က ဇွန်လ ၁၆ ရက်တွင် သတိပေးကြေညာထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular

ရခိုင်ပြည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အာရက္ခတပ်တော် AA ထံ လက်နက်ချ အညံ့ခံရန် အောက်ခြေတပ်ဖွဲ့ဝင်များ အထက်လူကြီးနှင့်ညှိနှိုင်းမှုရှိနေကြောင်း နခခ မိသားစုဝင်များထံမှ သိရသည်။ လာရောက်ညှိနှိုင်းသော အောက်ခြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ အထက်အရာရှိများက ပါးရိုက်ပြီး ပြန်လွှတ်လိုက်ကြောင်း နခခ ရဲတပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။ " နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက စစ်တိုက်ဖို့ မောင်တော သွားတာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးယူဖို့ သွားတာပါ။ စစ်တိုက်ချင်တာမဟုတ်ဘူး။ အထက်က အမိန့်အရသာ မဖြစ်သာလို့ တိုက်နေရတာ။ သေဖို့ကို အားလုံးက ကြောက်နေကြတယ်။ AA ကို တိုက်လို့လည်း နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အထက်လူကြီးတွေနဲ့ AA ဆီမှာ လက်နက်ချ အညံ့ခံဖို့ ညှိနှိုင်းတာတွေရှိတယ်။ အထက်အရာရှိတွေက လက်နက်မချဖို့ ပြောတယ်။ သွားညှိနှိုင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပါးရိုက်ပြီး ပြန်လွှတ်လိုက်တယ်။ စစ်မတိုက်ချင်တဲ့ နခခ တပ်ဖွဲ့ဝင်တွေ အများကြီးပဲ။ အခု ဘယ်လို လုပ်ရမလဲ မသိဘူး။ " ဟု ပြောသည်။AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်