Western News
Homeစစ်ရေးမောင်တောက WFP ကယ်ဆယ်ရေးရိက္ခာများကို ယူဆောင်ကြောင်း စစ်ကောင်စီဝန်ခံ

မောင်တောက WFP ကယ်ဆယ်ရေးရိက္ခာများကို ယူဆောင်ကြောင်း စစ်ကောင်စီဝန်ခံ

ရခိုင်ပြည် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ ကယ်ဆယ်ရေးရိက္ခာများ သိုလှောင်ရုံမှာ ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့က ဖောက်ထွင်းလုယက်ခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း WFP က ထုတ်ပြန်ထားသည်။

မောင်တောမြို့ WFP သိုလှောင်ရုံထဲမှ ရိက္ခာပစ္စည်းများကို စစ်တပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့ကယူဆောင်ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၆ ရက်နေ့တွင် ဝန်ခံထားသည်။

” ဒေသခံ မွတ်ဆလင်တွေ ယူထားတဲ့ ဆန်အိတ်တွေကို WFP ကလည်း ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတာကြောင့် ကျနော်တို့ စစ်တပ်နဲ့ရဲ ပူးပေါင်းတပ်ဖွဲ့က ရပ်ကွက် ၁, ၂, ၃, ၄, ကညင်တန်းရပ်ကွက် စတဲ့ အဲဒီရပ်ကွက်မှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စု တစ်အိတ်စီနဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။ ” ဟု ပြောသည်။

ဇွန်လ ၂၁ ရက်နေ့ကနေ WFP သိုလှောင်ရုံကို မွတ်ဆလင်အချို့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ကာ ဆန်အိတ်အပါအဝင် ရိက္ခာပစ္စည်းများအား ရွှေ့ပြောင်းထားခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် အိမ်ထောင်စု ၂၀၀၀ ကျော်ကို ပေးခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံထားခြင်းဖြစ်သည်။

မောင်တော WFP သိုလှောင်ရုံထဲမှ ရိက္ခာများ AA လက်ထဲသို့ မရောက်ရှိစေရန် စစ်ကောင်စီတပ်၊ ရဲပူးပေါင်းတပ်ဖွဲ့နှင့် မွတ်ဆလင်အချို့ ပူးပေါင်းကာ ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက လိမ်လည်ထုတ်ပြန်ထားသည်။

ဇွန်လ ၂၅ ရက် WFP ၏ ထုတ်ပြန်ချက်အရ မောင်တောက သိုလှောင်ရုံမှာ ဖောက်ထွင်းခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့သည်ဟု သိရသည်။

သိုလှောင်ရုံ ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို WFP က ပြင်းထန်စွာ ရှုတ်ချထားပြီး စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေသည်ဟု ဆိုသည်။

အာရက္ခတပ်တော် AA ကလည်း မောင်တောရှိ WFP ကယ်ဆယ်ရေးရိက္ခာများ သိုလှောင်ရုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးသွားသည့် ဗီဒီယိုဖိုင်ကို ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular