Western News
Homeစစ်ရေးရှမ်းမြောက် ကျောက်မဲ လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၄ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

ရှမ်းမြောက် ကျောက်မဲ လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၄ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့ရပြီး ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်တွင် နေ့လယ် တစ်ကြိမ်၊ ညနေ နှစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့ ရပ်ကွက် ၂၊ ရပ်ကွက် ၇ နှင့် ရှု့ခင်းသားကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ‌ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်ရှိ အောင်မြေသာယာဘုန်တော်ကြီးကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းထိခိုက် ပျက်စီးခဲ့သည်။

တအာင်းတပ်မတော် PSLF/TNLA နှင့် စစ်ကောက်စီတပ်တို့ တိုပ်ပွဲဖြစ်ပွားမှုကြောင့် နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်ရှိ ဒေသခံ ထောင်ကျော်စစ်ဘေး​ရှောင်နေရသည်။

တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲဖော်ဆောင်ရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ စစ်ကောင်စီတပ်စခန်း (၂၄) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်း (၁၇) ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular