Western News
Homeစစ်ရေးစစ်ကောင်စီ ဗုံးကြဲ၍ တအောင်းဒေသ နေအိမ် ၂၀ ခန့် ပျက်စီး

စစ်ကောင်စီ ဗုံးကြဲ၍ တအောင်းဒေသ နေအိမ် ၂၀ ခန့် ပျက်စီး

ရှမ်းမြောက် ကျောက်မဲမြို့နယ် တအောင်းဒေသကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံနေအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း TNLA က ယနေ့ ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၃၀ ရက် ညသန်ခေါင်းယံ ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ကျောက်မဲမြို့ ရပ်ကွက် ၁ ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၁ ရှိ One Love Hotel၊ ပင်လုံလမ်းအနီး ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ် ၂၀ ခန့် ပျက်စီးသွားခြင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် ၉ ရှိ ဆီဆိုင်တစ်ဆိုင်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့၍ မီးလောင်ဆုံးရှုံးသွာသည်။

ထို့အပြင် ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် နောင်ချိုမြို့ မီးသတ်ရုံးအနီးကို စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၈ အိမ်ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့သည်။

TNLA တပ်မဟာ (၂) စစ်ဒေသ မိုးကုတ်မြို့ရှိ စစ်ကောင်စီ၏ ရွှေမျက်ဝန်းတပ်စခန်းကို TNLA က ဇွန် ၃၀ နံနက် ၅ နာရီအချိန်၌ စတင်တိုက်ခိုက်ပြီး ညနေ ၄ နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

TNLA တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ်တွင် TNLA, PLA, PDF ပူးပေါင်းတပ်တို့ ည ၈ နာရီအချိန့်တွင် စစ်ကောင်စီ၏ ကင်းချောင်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular