Western News
Homeစစ်ရေးလားရှိုးမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

လားရှိုးမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ရှမ်းမြောက် တအောင်းဒေသ လားရှိုးမြို့ထဲသို့ အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း တအောင်းတပ် TNLA က ယနေ့ ဇူလိုင်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၇ နာရီကစ၍ စစ်ကောင်စီတပ်များသည် လားရှိုးမြို့တွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးသည့်အပြင် နေအိမ်များလည်း ပျက်စီးခဲ့သည်။

ရပ်ကွက် ၉ တွင် လက်နက်ကြီးတစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး သေဆုံးပြီး ရပ်ကွက် ၁၁ တွင်လည်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ နောက်ထပ် အရပ်သား ၃ ဦး သေဆုံးခဲ့ရသည်။

ထိုအပြင် ရပ်ကွက် ၅ တွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား တစ်ဦး သေဆုံးပြီး ထိုရပ်ကွက်အတွင်း အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ပြီး ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး လားရှိုးမြို့ ရပ်ကွက် (၉) ရှိ မူလွန် (၁၅) ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲကာ စာသင်ကျောင်းဆောင် ထိခိုက်ပျက်ဆီးခဲ့သည်။

အလားတူ ယမန်နေ့ ညအချိန်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ခဲ့ပြီး လားရှိုးမြို့ ရပ်ကွက်(၁) ဗျူဟာလမ်းတွင် ၁ လုံး၊ ရပ်ကွက် (၅) တွင် ၂ လုံး၊ ရပ်ကွက် (၇) ဂျာမိုင်ရွာတွင် ၁ လုံး၊ ရပ်ကွက် (၉) တွင် ၁ လုံး၊ ရပ်ကွက် (၁၀) မီးပွိုင့်အနီး ၁ လုံး၊ သရဖီလမ်းတွင် ၁ လုံး၊ တောရကျောင်းအနားတွင် ၁ လုံး၊ ရပ်ကွက် (၁၁) ဂေါက်ကွင်းတွင် ၁ လုံး၊ ရပ်ကွက် (၁၂) လားရှိုးကြီးစျေးအနီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular