Western News
Homeသတင်းဘုတလင်နှင့် မုံရွာမှာ လက်နက်ကြီးထိ၍ ကလေးအပါအဝင် ၉ ဦးသေဆုံး

ဘုတလင်နှင့် မုံရွာမှာ လက်နက်ကြီးထိ၍ ကလေးအပါအဝင် ၉ ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်က ကျေးရွာများသို့ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘုတလင်မြို့နယ်က ထနောင်းကုန်းရွာဆေးခန်းနှင့် မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာကို စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သလို လက်နက်ကြီးများဖြင့်လည်း တိုက်ခိုက်ခဲ့သည်။

ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီက ဘုတလင်မြို့နယ် လမ်းပိုင်း၊ ထနောင်းကုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးနှင့် သူ၏ မိခင် သေဆုံးခဲ့ရသည်။

ဘုတလင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “လမ်းပိုင်း စစ်ဆေးရေးဂိတ်ကို ပထမ ချခံရတာ။ အဲ့ဒီမှာ ဒဏ်ရာရလို့ ဆေးကုနေတဲ့အချိန် ထပ်ချခံရတာ။ လူနာသယ်တာတို့ ဘာတို့ကို ဒရုန်းနဲ့ သေချာကြည့်ပြီးမှ လုပ်တာ။ ဆရာမရော သူ့ကလေး ၂ နှစ် အရွယ်ရော၊ ရဲဘော် ၅ ယောက်လောက်ရော ကျသွားတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လမ်းပိုင်း၌ စစ်ဆေးနေစဉ် ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရကာ ဒဏ်ရာရရှိသူများကို ထနောင်းကုန်းကျေးရွာ ဆေးခန်းသို့ သယ်ယူပြီး ကုသနေစဉ် ထပ်မံဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် ဇူလိုင်လ ၉ ရက် ညပိုင်းကစတင်၍ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့အထိ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကို စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ အတွင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular