Western News
Homeစစ်ရေးနောင်ချိုမြို့က လက်ကျန် စစ်ကောင်စီတပ်ကို TNLA သိမ်းပိုက်

နောင်ချိုမြို့က လက်ကျန် စစ်ကောင်စီတပ်ကို TNLA သိမ်းပိုက်

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့နယ်က လက်ကျန်စခန်းဖြစ်သော စစ်ကောင်စီတပ်ကို TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ယမန်နေ့ ဇူလိုင်လ ၁၀ ရက်တွင် TNLA က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့က လက်ကျန်စခန်း ဒုံးတရ ၆၀၆ တပ်စခန်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများကို ထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး နောင်ချို့မြို့နယ် သဲခေါ်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး လားရှိုး တန့်ယန်းမြို့နယ် နားဆောင်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းများကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ် TNLA, PLA, MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်းများ (၆) ကြိမ် ပစ်ချခဲ့ပြီး၊ Y12 ဖြင့် ဗုံး (၁၆)လုံး မိုးမိတ်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းအပြင် နောင်ချိုမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် (၂) ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း TNLA ထုတ်ပြန်ထားသည်။

၆၀၆ ဒုံးတပ်ရင်း အပါအဝင် နောင်ချိုမြို့အနီးက စစ်ကောင်စီတပ်ရင်း အားလုံးကျသွားခြင်းကြောင့် TNLA နှင့် မဟာမိတ်တပ်များက မြို့ကို အပြည့်အ၀ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် နောင်ချိုမြို့သည် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA, MDY-PDF နှင့် မဟာမိတ်တပ်များက စစ်ကောင်စီလက်ထဲမှ ပထမဆုံးသိမ်းပိုက်နိုင်သည့် မြို့ဖြစ်လာသည်။

စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများ အမြန်ဆုံး လက်နက်ချအလင်းဝင်ရန်နှင့် လက်နက်ချအလင်းဝင်သော စစ်ကောင်စီတပ်ဖွဲဝင်များကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပြုသွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောသည်။

လက်နက်မချသော တပ်စခန်းများကို မိမိပူးပေါင်းမဟာမိတ်တပ်ဖွဲများမှ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားဖြစ်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတိပေးနေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular