Western News
Homeစီးပွားရေးကုလားတန်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး အိန္ဒိယနှင့် စစ်ကောင်စီ ဆွေးနွေး

ကုလားတန်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး အိန္ဒိယနှင့် စစ်ကောင်စီ ဆွေးနွေး

ရခိုင်ပြည် စစ်တွေမြို့တွင်ရှိသော ရေနက်ဆိပ်ကမ်း ကုလားတန်ဘက်စုံသုံးစီမံကိန်းကို နှစ်နိုင်ငံ ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်ရေး အိန္ဒိယကောင်စစ်ဝန်နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာက ထုတ်ပြန်ထားသည်။

စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန် ရုံးချုပ်မှ ကောင်စစ်ဝန်ချုပ် မစ္စတာ ဘီဘေကာနန္ဒာ ဘတ္တာမစ်ရှရာနှင့် စစ်ကောင်စီ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ ဇူလိုင်လ ၁၀ ရက် နံနက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရေးကို ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု သိရသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝမြို့အပါအဝင် ရခိုင်မြောက်ပိုင်းကို ထိန်းချုပ်သိမ်းပိုက်ထားသည့်အတွက် ကုလားတန်မြစ်ကြောင်းကို စီမံကိန်းခန့်ခွဲနေသည်။

စစ်တွေရေနက်ဆိပ်ကမ်း ကုလားတန်ဘက်စုံသုံးစီမံကိန်း၏ အရေးပါသော ပလက်ဝ ဆိပ်ကမ်းနှင့် ပလက်ဝ-မီဇိုရမ်ပြည် ကားလမ်းမကိုလည်း AA က ထိန်းချုပ်ကာ စီမံခန့်ခွဲနေသည်။

သို့သော်လည်း စစ်တွေမြို့က စစ်ကောင်စီ လက်အောက်မှာရှိနေသေးသည့်အတွက် အိန္ဒယအစိုးရမှာ ကုလားတန်စီမံကိန်းကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနေဆဲဖြစ်သည်။

အာရက္ခတပ်တော် AA သည် စစ်တွေမြို့က စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများနှင့် ဒကစ ဌာနချုပ်များကို ဝိုင်းရံပိတ်ဆို့ထားပြီး အမြန်ဆုံး လက်နက်ချ အညံ့ခံရန် သတိပေးတိုက်တွန်းနေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular