Western News
Homeစစ်ရေးတရုတ်အစည်းအဝေး ကျင်းပနေချိန် MNDAA ထိုးစစ်ရပ်မည်

တရုတ်အစည်းအဝေး ကျင်းပနေချိန် MNDAA ထိုးစစ်ရပ်မည်

တရုတ်ကွန်မြနစ်ပါတီ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကျင်းပနေချိန် ကိုးကန့်တပ် MNDAA က စစ်ကောင်စီတပ်အား ထိုးစစ်ရပ်နားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

တရုတ်အစည်းအဝေး ကျင်းပမည့် ဇူလိုင်လ ၁၄ ရက် ည ၁၂ နာရီကနေ ၁၈ ရက်အတွင်း ၄ ရက်တာကာလ စစ်ကောင်စီတပ်အား ပစ်ခတ်မှုရပ်နားမည်ဟု MNDAA က ပြောဆိုထားခြင်းဖြစ်သည်။

သို့သော်လည်း ၄ ရက်တာကာလ အပစ်ရပ်နားထားချိန် စစ်ကောင်စီတပ်မှ တိုက်ခိုက်လာပါက တန်ပြန်ခုခံတိုက်ခိုက်နိုင်ကြောင်း MNDAA ၎င်းတို့တပ်ရင်းများကို ညွှန်ကြားထားသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေးကျင်းပနေချိန် ရက်အတွင်း ထိုးစစ်ပစ်မှုနားရခြင်းကို မည်သည့်အတွက်ကြောင့်ဟုဆိုကာ အသေးစိတ်ရှင်းလင်းမှုအား MNDAA က ပြောဆိုထားခြင်းမရှိပေ။

အပစ်ရပ်ခြင်းနှင့် တရုတ်အစည်းအဝေး မည်ကဲ့သို့ ဆက်စပ်သည်ကို MNDAA က အသေးစိတ်ရှင်းလင်းခြင်းမရှိသော်လည်း ထုတ်ပြန်ချက်တွင် ခံစစ်ပြင်ဆင်ရန်အတွက်ဟု ထည့်သွင်းပြောဆိုထားသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ်မြောက် မျက်နှာ စုံညီအစည်းဝေးကို ဇူလိုင် ၁၅ ရက်မှ ၁၈ ရက်အထိ ဘေးကျင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular