Western News
Homeနိုင်ငံရေးကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ပါ လေးဦးအား စစ်တပ်က ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ်...

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ပါ လေးဦးအား စစ်တပ်က ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ် အသားပြုလုပ်

အာဏာသိမ်း စစ်ကောင်စီတပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေး ကွပ်မျက်မှု ၂ နှစ်ပြည့် အဖြစ် အမေရိကန်သံရုံးက အမှတ်အသားပြုလုပ်ကြောင်း သတင်းထုတ်ပြန်သည်။

အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံးရှိ ကျဆုံးသူများအမှတ်တရ အထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိခဲ့ပြီး ဖြစ်ကြောင်း အမေရိကန်သံရုံးက ဆိုသည်။

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ပြီး တဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် ပူဆွေးသောက ရောက်ရကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက ကိုဂျင်မီ ကို ၂၀၂၁ အောက်တိုဘာတွင် မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ရာတွင် ဖမ်းဆီးခဲ့ပြီး ကိုဖြိုးဇေယျာသော် ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာတွင် ဖမ်းဆီးခဲ့သည်။

ယင်းနောက်တွင် ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်တွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့အပါအဝင် ၄ ဦးကို သေဒဏ်ကြိုးပေး ပြစ်ဒဏ် စီရင်လိုက်ပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ စစ်ကောင်စီက ကြေညာခဲ့သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular