Western News
Homeစစ်ရေးလားရှိုးအခြေစိုက် ခလရ ၆၈ တပ်ကို ညီနောင်မဟာမိတ် သိမ်းပိုက်

လားရှိုးအခြေစိုက် ခလရ ၆၈ တပ်ကို ညီနောင်မဟာမိတ် သိမ်းပိုက်

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခလရ ၆၈ တပ်စခန်းကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ယနေ့ အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ခလရ ၆၈ တပ်စခန်းသည် လားရှိုး-မိုင်းယော်လမ်းမပေါ်မှာရှိပြီး ကိုးကန့်တပ် MNDAA ဦးဆောင်သော ညီနောင်မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ခလရ ၆၈ တပ်စခန်းက စစ်ကောင်စီ တပ်သား အလောင်းများအပါအဝင် လက်နက်ခဲယမ်း အများအပြားအား သိမ်းဆည်းရမိထားကြောင်း သိရသည်။

၆၈ တပ်စခန်းမှ သိမ်းဆည်းရမိသော စစ်ကောင်စီတပ်သား ရုပ်အလောင်းများ ဗီဒီယိုဖိုင်ကို စစ်ကောင်စီ လော်ဘီများမှ MNDAA တပ်သား သေဆုံးနေသည်ဟု သတင်းအမှားများ ဝါဒဖြန့်နေကြသည်။

ယင်းအပြင် လားရှိုးအခြေစိုက် ခလရ ၄၁ တပ်စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီဟု သတင်းများ ထွက်ပေါ်နေသည်။

လားရှိုး၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်နေကြသည်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် တိုက်ပွဲများက စစ်ကောင်စီတပ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောသည်။

မိုးကုတ်မြို့ (အရှေ့ပိုင်း) ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်တပ်စခန်းကို တအာင်းတပ် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular