Western News
Homeကျန်းမာရေးKNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်

KNU ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကင်ဆာဖြင့် ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌဟောင်း လက်ရှိအကြံပေးဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ကင်ဆာရောဂါဝေဒနာဖြင့် ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့လယ် ၂ နာရီကျော်အချိန်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

KNU ခေါင်းဆောင်ဟောင်း ပဒိုနော်စီဖိုးရာစိန်မှာ ကွယ်လွန်ချိန် အသက် ၆၉ နှစ်ရှိပြီး ထိုင်း-မြန်မာနယ်စပ်ရှိ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်။

ပဒိုနော်စီဖိုးရာစိန်သည် KNU ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သားသမီး ၈ ဦးထဲမှ ၄ ဦးမြောက် သမီးဖြစ်ပြီး ကရင့်တော်လှန်ရေးတွင် အမျိုးမျိုးသော တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

KNU ၏ ၁၄ ကြိမ်မြောက်ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ပေး ခံခဲ့ရသလို ၁၅ ကြိမ်မြောက် ကွန်ဂရက်၌ KNU ၏ ဒုဥက္ကဌ တာဝန်ပေးအပ်ခြင်းခံရသည်။

ပဒိုနော်စီဖိုးရာစိန် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်နေစဉ် ကေအဲန်ယူ အပစ်ရပ်ဆွေးနွေးရေးအဖွဲ့ကို ဦးဆောင်ကာ ၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု အဆင့်အပစ်ရပ် သဘောတူ ညီမှုရရှိခဲ့သည်ဟု ကရင်သတင်းများက ဖော်ပြကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular