Western News
Homeစစ်ရေးမိုးကုတ်မြို့သိမ်းပွဲမှာ TNLA နှင့်အတူ မန္တလေး PDF လည်း ပါဝင်တိုက်ခဲ့

မိုးကုတ်မြို့သိမ်းပွဲမှာ TNLA နှင့်အတူ မန္တလေး PDF လည်း ပါဝင်တိုက်ခဲ့

မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် တအောင်းတပ် TNLA နှင့်အတူ မန္တလေး PDF လည်းပါဝင်ပြီး နောင်ချို၊ စဉ့်ကူး မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း မိုးကုတ်မြို့သိမ်းတိုက်ပွဲက ဓာတ်ပုံများကို ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် မိုးကုတ်မြိုအား အပြီးသတ် သိမ်းယူခဲ့ကြသည်။

မိုးကုတ် စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် နောင်ချို၊ စဉ့်ကူးပြီးလျှင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular