Western News
Homeစီးပွားရေးထိုင်းမှာ ရွှေ့ပြောင်း ဆောက်လုပ်ရေး လုပ်သား ၁၀၀ ကျော် လစာမရဖြစ်နေ

ထိုင်းမှာ ရွှေ့ပြောင်း ဆောက်လုပ်ရေး လုပ်သား ၁၀၀ ကျော် လစာမရဖြစ်နေ

ထိုင်းနိုင်ငံ နွန်ထပူလီမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် လုပ်ခလစာ မရသည်မှာ တစ်လကျော်နေပြီဟု သိရသည်။

ဆောက်လုပ်ရေး တာဝန်ခံ (ဖိုးလမောင်း) ဆိုသူက လုပ်ခလစာမရှင်ပေး၍ အလုပ်သမားများမှာ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ တိုင်ကြားထားကြောင်း သိရသည်။

WAG တာဝန်ရှိသူ ကိုမုန်တိုင်းက “ ကျွန်တော်တို့အဖွဲ့ကို လာရောက်တိုင်ကြားတာနဲ့ ပတ်သက်ပြီး နောက်ဆုံး ဖြေရှင်းတာပေးတာ မကြာမှီ ရက်ပိုင်မှာ အခု အလုပ်သမား ၁၀၀ ကျော်ကို အမြန်ဆုံး ရှင်းပေးနိုင်အောင် စီစဉ်ပေးမယ်လို့တော့ ကျွန်တော်တို့ သွားရောက်ညှို့နှိုင်းချိန်မှာ တာဝန်ရှိသူက ပြောတယ်” ဟု ပြောသည်။

အလာတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင်၊ ခေါင်ရမ်မြို့တွင် Tongshun electronic technology (Thai) Co,.ltd စက္ကူဖာခေါက်စက်ရုံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၄ ဦးကို ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် အလုပ်သမားအခွင့်ရေးများ ချိုးဖောက်ခံရမှုများ၊ MOU နှင့် အေဂျင်စီများဖြင့် ဝင်ရောက်လာသူများ၏ ဘဏ်စာအုပ်များကို ပွဲစားများက သိမ်းဆည်းခံနေရသည်။

ပွဲစားများက လောင်းကစားနှင့် သက်ဆိုင်သည့် ဘဏ်စာရင်း အလွှဲပြောင်းများကို ပြုလုပ်နေ၍ သတိထားရန် လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ကူညီပေးနေသူများက တိုက်တွန်းပြောဆိုထားကြသည်။

Western News

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular